1 Multiple Text-Shadow. Flaming Text with CSS 3! [Tips & Tricks] 24th April 2010, 4:32 pm
sHa92
Founder
အခုလေးတင် ရှာတွေ့လာတဲ့ နည်းတစ်ခုဗျ။
ကျနော် ခုနက Forum Post တွေမှာ Text Shadow ထည့်ရင်းနဲ့ Link အတွက်လည်း ထည့်ရင်းနဲ့ Multiple Shadow ထည့်လို့ရမရ စမ်းကြည့်တာ ရသွားလို့။
သိတဲ့သူ နည်းဦးမယ်ထင်တယ်။ ကျနော်တောင် စမ်းရင်းနဲ့မှ မတော်တဆ ရှာတွေ့တာ။
Multiple Shadow မပြောခင်
ရိုးရိုး Text Shadow အကြောင်းတော့ အရင်ပြောကြည့်မယ်။
အဲဒီ့မှာဆိုရင် text-shadow ရဲ့ ပထမ ..px ..px နှစ်ခုက ၊ ဒေါင်လိုက် နဲ့ ရေပြင်ညီ အတွက် ဖြစ်ပါတယ်။
အပေါင်းတန်ဖိုးဆိုရင် စာရဲ့ ညာဘက် နဲ့ အောက်ဘက် မှာ အရိပ်ပေါ်ပါလိမ့်မယ်
အနှုတ်တန်ဖိုးဆိုရင်တော့ သူ့ပြောင်းပြန်ပေါ်ပါလိမ့်မယ်။
နောက်ဆုံးက ..px ကတော့ အဲဒီ့ အရိပ်ရဲ့ sharpness ကိုသတ်မှတ်ပါတယ်။
တန်ဖိုးများလေ blur ဖြစ်လေဖြစ်ပါတယ်။
နောက်ဆုံးက #code ကတော့ ကာလာကုဒ်ပေါ့။ အရိပ်အရောင်အတွက် သတ်မှတ်လို့ရပါတယ်.
ကဲ ဒါဆိုရင် Text-shadow အကြောင်းတော့ ပြောပြီးပြီဆိုတော့
multiple လုပ်ကြည့်ရအောင်
နမူနာ HTML code ကတော့
ဒါကတော့ CSS code ပါ
အဲဒါဆိုရင်တော့ Font အနီရောင်လေးနဲ့ မီးတောက်လေးရလာပြီပေါ့။ စမ်းကြည့်ကြပါ။
color code တွေကတော့ မီးတောက်တစ်ခုကနေ ယူသုံးထားတာဖြစ်ပါတယ်
ဒီ့ထက် ပိုကောင်းတဲ့ Tricks လေးတွေရလာရင်တော့ ပြန်လည်မျှဝေကြပါဦး။
ကျနော် ခုနကတောင် Forum Link တွေမှာ စမ်းထည့်ထားသေး။

- Code:
<p id="example-text">I Love MITR!</p>
- Code:
#example-text {
text-shadow : 3px 3px 2px #888;
}

text-shadow :0 0 4px white, 0 -5px 4px #ff3, 2px -10px 6px #fd3, -2px -15px 11px #f80, 2px -25px 18px #f20;
font-size : 30px;
font-weight : bold;
color : red;