1 Press Text Effect Using CSS 3! [Tips & Tricks] 24th April 2010, 10:22 pm
sHa92
Founder
ကျနော် ဒီနေ့ text-shadow ကို ကောင်းကောင်း နိုင်နင်းအောင် ၊ tricks တွေရှာ ၊ စမ်းသပ် လုပ်နေတာ ၊ တော်တော်များများတော့ အဆင်ပြေလာပြီ။
အခုလည်း နောက်ထပ် effect တစ်ခု စမ်းသပ်တာ အောင်မြင်သွားလို့ ပြောပြပါဦးမယ်။ (ဒီနည်းကတော့ တော်တော်များများက သုံးနှင့်ပြီးသား နဲ့ သိနှင့်ပြီးသား)
အရင်ကတည်းက ကျနော်လည်း သူများတွေလို ရအောင် လုပ်ကြည့်ပေမယ့် သေချာ အချိန်ယူမလုပ်တော့ သူ့ Concept ကို သေချာနားမလည်ခဲ့ဘူး။
အခုတော့ သေချာ နားလည်သွားလို့ ပြန်ပြောပြတာပါ။
ကဲ ကျနော်တို့ ရမယ့် နောက်ဆုံး Effect ကတော့
တကယ်တော့ လူ့မျက်စိကို လှည့်စားသွားတာ။ သေချာကြည့်ရင် လုံးနေတာ။ ထွင်းထားတာ ဟုတ်ဘူး။
ကဲ ကျနော်တို့ ဒီ Effect ကို လုပ်ကြည့်ရအောင်။
မလုပ်ခင်မှာ မှတ်ထားရမယ့် concept ကတော့ ၊
>> Font အရောင်က background အရောင်ထက် ရင့်ရပါမယ်။ ဒါပေမယ့် shadow အရောင်ကတော့ font နဲ့ bg အရောင်ထက် နုရပါလိမ့်မယ်။ <<
အဲဒါကတော့ ကျနော်လည်း အကြိမ်ပေါင်းများစွာ စမ်းကြည့်ရင်းနဲ့ ရလာတဲ့ အတွေ့အကြုံဖြစ်ပါတယ်။
အပေါ်ကပုံမှာ သုံးထားတဲ့ ကုဒ်ကတော့..
အဲဒီ့မှာ အဓိက ကြည့်ရမှာကတော့
text-shadow ပါ။ (အခြေခံကိုတော့ http://www.myanmaritresource.info/cascading-style-sheet-f30/multiple-text-shadow-flaming-text-with-css-3-tips-tricks-t3097.htm#15546 မှာ ရှင်းပြပြီးဖြစ်ပါတယ်။)
အဲဒါကို ပြန်မရှင်းတော့ပါဘူး။ px တွေကတော့ လိုသလို ငြှိသွားရမှာပါ။
သူ့ရဲ့ ကာလာ ကိုဘဲ သေချာရွေးရမှာဖြစ်ပါတယ်။
ကျနော် တို့ bg color က နည်းနည်း နုအောင် ရွေးထားပါတယ်။ (Color Code ကို ရွေးချင်ရင်ကြိုက်နှစ်သက်သလို ရွေးလို့ရပါတယ်။ ကျနော်ကတော့ PS နဲ့ဘဲရွေးလေ့ရှိတယ်။)
ပြီးတော့ font color ကိုတော့ ထွင်းထားတာမျိုးဖြစ်အောင် black ရွေးထားပါတယ်။
နောက်ဆုံးတစ်ဆင့်ကျတော့ shadow ကို bg နဲ့ font ထက် နုထားပါတယ်။
အဲလိုလုပ်လိုက်ချင်းအားဖြင့် ကျနော်တို့တွေ user ကို လှည့်စားပြီးသားဖြစ်သွားပါတယ်။
အထဲကို ထွင်းထားသလို ဖြစ်နေစေပါတယ်။ text shadow က ပါးပါးလေးလုပ်ထားတော့ ထွင်းထားသလိုဖြစ်သွားတာ။ တကယ်တော့ လုံးနေတာ။
အဆင်ပြေကြပါစေ။
feedback & suggestion are happily welcome. I'll happy when I see your tricks. Please share with me.

- Code:
<p style="text-shadow: 2px 2px 2px #373737; font-size: 40px; color: #000; background-color: #222725;" align="center">MITR 2.0 (Project Plan)</p>