Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

samurai

samurai
Moderator



Moderator
ကျပ်ဆယ်သိန်းဖြင့် တယ်လီဖုန်း၊ အင်တာနက်နှင့် ရုပ်သံလိုင်းများ အသုံးပြုနိုင်ပြီ

ရတနာပုံတယ်လီပို့မှ
စတင်ဝန်ဆောင်မှုပေးမည့် ဖိုင်ဘာဆက်သွယ်ရေးကြိုးတစ်ချောင်းတည်းဖြင့်
နေအိမ်အရောက် အင်တာနက်တယ်လီဖုန်း၊ တီဗီဝန်ဆောင်မှု ၃ ခု
တစ်ပြိုင်နက်ရရှိသော FIBER TO THE HOME(FTTH)စနစ် သရုပ်ပြရှင်းလင်းပွဲ
အခမ်းအနားကို ဧပြီလ ၄ ရက် နံနက် ၉ နာရီ က မန္တလေးဆီဒိုးနားဟိုတယ်
အမရပူရခန်းမတွင် ကျင်းပသည့် FITTH Services ဟာADSL Wimax စနစ်များထက်
ဈေးနှုန်းချိုသာခြင်း၊ လိုအပ်သော Bandwialth အား အလုံအလောက်
ရရှိနိုင်ခြင်း၊ ထိန်းသိမ်းမှု စရိတ်သက်သာခြင်း၊ လျှပ်စစ်သုံးစွဲမှု
သက်သာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ပါတယ်။ မိမိတို့နေအိမ်သို့
ဖိုင်ဘာ (၁)ကြိုးရောက် ရှိရုံမျှဖြင့် တယ်လီဖုန်း (၁)လုံး အင်တာနက်
ဆက်သွယ်မှု ရုပ်မြင်သံကြား လိုင်းများပါဝင်သော Tripleplay Services အား
ရတနာပုံတယ်လီပို့မှ စတင်ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။ မန္တလေးမြို့မှာ FTTH
စီမံကိန်းကို ဧပြီလ ကုန်တွင် အကောင်အထည်ဖော်မှာဖြစ်ပြီး လိုင်းအရေအတွက်
ငါးထောင် စတင်ရောင်းချမှာ ဖြစ်ပါတယ်။ မန္တလေးမြို့ FTTH System အတွက်
ရန်ကုန်-မန္တလေး လမ်းကြောင်းအတိုင်း မရမ်းကုန်-နေပြည်တော်၊
မန္တလေး-ရတနာပုံ-ပြင်ဦးလွင်ဖြစ်ပါတယ်။ မန္တလေးမြို့ရွှေတရောင်း အရှေ့ဘက်
နဲ့ နန်းရှေ့ကြားမှာ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မုံရွာနဲ့တောင်ကြီးမြို့များမှာလည်း ဈေးကွက် အခြေအနေအရ FTTH စနစ်ကို
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းအစီအစဉ်တွင် ရွှေရောင်ကဒ်၊
ငွေရောင်ကဒ်နဲ့ ကြေးရောင်ကဒ် သုံးမျိုးခွဲခြားထားပါတယ်။ ကနဦး
တပ်ဆင်ခအတွက် ကျပ် ၉ သိန်း၊ ကြေးကတော့ ကျပ်တစ်သိန်း၊ ကျပ်ငါးသောင်းနဲ့
ကျပ်သုံးသောင်း သတ်မှတ်ထားပါတယ်။ ပထမနှစ်မှာ နှစ်စဉ်ကြေး ပေးသွင်းရန်
မလိုအပ်ဘဲ နောက်နှစ်များမှာ ကောက်ခံသွားမှာဖြစ်ပါတယ်။ ရွှေရောင်ကဒ်က
အမြန်နှုန်း 2 MB, ငွေရောင်ကဒ်က 1 MB, ကြေးကဒ်က 512 Kbps
အမြန်နှုန်းရှိပါတယ်။ တယ်လီဖုန်းတစ်လုံးအတွက် တပ်ဆင်ခနဲ့ နှစ်စဉ်ကြေး ကျပ်
တစ်သိန်း နှစ်သောင်း ပေးသွင်း ရမှာဖြစ်ပါတယ်။ ဖုန်းပြောခကတော့ ပုံသေ
တစ်မိနစ် ၂၅ ကျပ်ဖြစ်ပါတယ်။ FITTH Service လျှောက်ထားရာတွင်
နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း၊
ရဲစခန်းထောက်ခံစာ၊ နိုင်ငံရေးကင်းရှင်းကြောင်း
ကိုယ်တိုင်ခံဝန်ချက်များလိုအပ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ထုတ်
News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.deltafcfans.goodoles.com

sHa92

sHa92
Founder



Founder
ရန်ကုန် ရောက်လာတဲ့နေ့ အဲဒါဝယ်တဲ့နေ့ဘဲ။ Razz

ဒါပေမယ့် ၀ယ်မယ့်သူက မနည်းမနော်ဆိုတော့ ကွန်နက်ရှင်က 1 MB ယူရင်တောင် အရင်လိုဘဲ ဖြစ်မယ်လို့ ထင်ရတယ်။
လူတိုင်း ဒီဟာကို မျက်စောင်းထိုးနေကြတာနော.......

http://www.myanmaritresource.info

chan.virus

chan.virus
MITR Reader



MITR Reader
မိုက်သားပဲ

ဒါပေမယ့် သူက ရန်ကုန်တစ်မြို့တည်းအတွက်ပဲလားဟင်

ကျနော်က ပုသိမ်ကပါ
နောက်တော့ရန်ကုန်တက်ဖြစ်မယ်
အဲ့ကျမှပဲ ၀ယ်ရတော့မယ်ထင်တယ်

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com