စာအုပ်ဆိုင်တွေရှိတဲ့ ဘက်ကို သင်လမ်းလျှောက် ကြည့်ဖူးမှာပါ။ ဂျာဗားကို ၇ ရက်အပြတ်သင်၊ Visual Basic၊ ၀င်းဒိုး၊ အင်တာနက် စတာတွေ ကို နာရီအနည်းငယ် သို့မဟုတ် ရက် အနည်းငယ်နဲ့ အပြတ်သင် ဆိုတာမျိုး တွေပေါ့။
တစ်ခါက Amazon ဆိုတဲ့ ၀ဘ် ဆိုဒ်မှာ ဒီလို ရှာကြည့်ဖူးတယ်။
ထုတ်တဲ့ရက် ၁၉၉၂ နောက် ပိုင်း၊ ခေါင်းစဉ်မှာ days ဆိုတာပါ ပြီး Learn သို့မဟုတ် Teach yourself ဆိုတာလည်းပါတဲ့ စာအုပ်များဆိုပြီး တော့ ရှာကြည့်တာ ၂၄၈ ခု ထွက်လာ ပါတယ်။ ပထမဦးဆုံး ၇၈ အုပ်ဟာ ကွန်ပျူတာ စာအုပ်တွေ ဖြစ်ပြီး ၇၉ ခု မြောက်ဟာ ဘင်ဂါလီဘာသာကို ၃၀ရက်နဲ့ အပြတ်သင်ဆိုတဲ့ စာအုပ် ဖြစ်တယ်။
ဒါနဲ့ days ဆိုတဲ့ စာလုံးကို hours ဆိုပြီး ပြောင်းရှာ ကြည့်မိတယ်။ ၂၅၃ အုပ်တောင် ထွက်လာတာ တွေ့ ရတယ်။ ၇၇ အုပ်က ကွန်ပျူတာ စာအုပ်ဖြစ်ပြီး ၇၈ အုပ်မြောက်ဟာ (အင်္ဂလိပ်ဘာသာနဲ့ ရေးပုံရေးနည်း ကို ၂၄နာရီနဲ့ အပြတ်သင်) စာအုပ် ဖြစ်တာ တွေ့ရတယ်။
စာအုပ် ၂၀၀ မှာ ၉၆ ရာခိုင်နှုန်း ဟာ ကွန်ပျူတာစာအုပ်တွေ ဖြစ်နေ တာ တွေ့ရတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် လူ တွေဟာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး တော်တော်လေးကို လောနေကြ တယ်။ ဒါမှမဟုတ် ကွန်ပျူတာ နည်း ပညာတွေကပဲ အခြားဟာတွေနဲ့ ယှဉ် လိုက်ရင် ဒီလောက်လွယ်ကုန်ပြီလား။ ကွမ်တမ်ရူပဗေဒ၊ ဘင်သိုဗင် စတာ တွေ၊ ယုတ်စွအဆုံး ခွေးမွေးမြူ စောင့် ရှောက်ဖို့နည်းတောင် ရက်အနည်း ငယ်နဲ့ တတ်နည်းဆိုတဲ့ စာအုပ် မတွေ့ဖူးဘူး။
ဒီအလွယ်တတ်နည်းတွေဟာ သူ့အကြောင်းနဲ့သူတော့ ရှိလိမ့်မယ်။ ဘယ်မှာမှ သုံးစားမရတဲ့ ပရိုဂရမ်ဆို ရင်တော့ လွယ်ရင်လွယ်မှာပေါ့။ အဲလိုမျိုးဆိုရင်တော့ ခပ်တုံးတုံးသူ တွေတောင် ၂၁ ရက်နဲ့ တတ်ရင် တတ်နိုင်လိမ့်မလားပဲ။
ကဲ .... ထားပါတော့။
C++ ကို သုံးရက်နဲ့ အပြတ်ဆို တဲ့ စာအုပ်ကို နည်းနည်းသုံးသပ် ကြည့်ရအောင်။
သုံးရက်နဲ့ ပရိုဂရမ် တကယ် ရေးချိန်ရှိလိုက်မှာ မဟုတ်ပါဘူး။ ကိုယ်ရေးလိုက်တဲ့ ပရိုဂရမ်ရဲ့ အောင် မြင်မှု၊ မအောင်မြင်မှုတွေကို သိမှာ မဟုတ်ဘူး။
တကယ့်အတွေ့အကြုံရှိတဲ့ ပရိုဂရမ်မာတွေနဲ့ အလုပ်လုပ်ခွင့် ရှိ လိုက်မှာ မဟုတ်ဘူး။
C++ ရဲ့လက်တွေ့ အရသာကို သိရမှာ မဟုတ်ဘူး။ လွယ်လွယ်ပြော ရရင် လေ့လာဖို့ အချိန်မရဘူး။ ဒါ ကြောင့် အဲဒီစာအုပ်ဟာ အပေါ်ယံ လောက်ပဲ ပြောသွားနိုင်တာကို တွေ့ရ မှာပါ။ ပုတ်ရဟန်းမင်းကြီး အလက် ဇန်းဒါးက ပြောဖူးတယ်။ နည်းနည်းပဲ တတ်တာဟာ အန္တရာယ်ကြီးမား တယ်တဲ့။
C++ မှာ သုံးရက်ဆိုရင် syntax လောက်တော့ သိရင် သိသွားမှာပေါ့ (အခြား ဘာသာစကားကို သိထား တယ်ဆိုရင်) ဒါပေမယ့် တကယ့် လက်တွေ့ ဘယ်လိုသုံးရ မယ်ဆိုတာ သိလိုက်မှာ မဟုတ်ဘူး။
ဥပမာ basic ပရိုဂရမ်သမား ဆိုရင်၊ C++ ရဲ့ syntax တွေကို ဘယ်လို သုံးရမယ်ဆိုတာ သိကောင်းသိလာ မယ်။ ဒါပေမယ့် C++ ရဲ့ တကယ် ကောင်းတဲ့နေရာ၊ မကောင်းတဲ့ နေရာ တွေကို သိမှာ မဟုတ်ဘူး။ ဒါကြောင့် ဘာမှ အဓိပ္ပါယ်မရှိဘူး။
အလန်ပါးလစ်ဆိုတဲ့သူက ပြောဖူးတယ်။ ဘာသာစကားတစ်ခု ဟာ သင့်ရဲ့လက်ရှိ ပရိုဂရမ် စဉ်းစားပုံ စဉ်းစားနည်းကို ပြောင်းလဲစေမှ မရှိ ဘူးဆိုရင်၊ လေ့လာရတာ မတန်ပါ ဘူးတဲ့။
တကယ်ဖြစ်လာမှာက C++ ရဲ့ တပိုင်းတစလောက်ပဲ နားလည်လိုက် မှာပါ။ ပရိုဂရမ် တကယ်တတ်ဖို့ မဟုတ်ပဲ၊ အလုပ် ဘယ်လိုပြီးအောင် လုပ်ရမလဲဆိုတာမျိုးနဲ့ ပိုပြီး တူတာ တွေ့ရပါတယ်။ တကယ်တော့ သုံး ရက်ဟာ ဘာမှမဟုတ်ဘူးဆိုတာ လုပ်ကြည့်ရင် သိပါလိမ့်မယ်။
ပရိုဂရမ်ကို လေ့လာဖို့ ဆယ် နှစ် အချိန်ပေးပါ။
သုတေသန ပညာရှင်တွေဖြစ် တဲ့ Bloom (1985), Bryan & Harter (1899), Hayes (1989), Simmon & Chase (1973) တို့ကိုကြည့်ပါ။ သူတို့ တွေ သူတို့ရဲ့ကိုယ်ပိုင်ပညာရပ်တွေကို ကျွမ်းကျင်ဖို့ ဆယ်နှစ်အချိန်ယူခဲ့ကြရ ပါတယ်။ ချက်စ်ကစားတာ၊ အနုပညာ ဖန်တီးတာ၊ ကြေးနန်းပို့ဆောင်တဲ့ ပညာ၊ ပန်းချီဆွဲတာ၊ စန္ဒယားတီးတာ၊ ရေကူးတာ၊ တင်းနစ်ကစားတာ၊ ဦး နှောက်နဲ့ အာရုံကြော ပညာအတွက် သုတေသနလုပ်တာတွေဟာ တ ကယ့်ကို အချိန်ပေးခဲ့ရပါတယ်။
အဓိက အောင်မြင်ဖို့ဟာ တစ် မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်ရုံ နဲ့လဲ မရပါဘူး။ ကိုယ့်အစွမ်းအစ ထက် ပိုမိုတဲ့အရာကို အမြဲပဲ လေ့လာ လုပ်ဆောင်ကြည့်နေဖို့ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုပိုသာလာအောင် အမှားကင်းလာအောင် ပြုလုပ်နိုင်ဖို့ ကိုသာလျှင် ထပ်ခါထပ်ခါ လုပ် ဆောင်ရမှာ ဖြစ်ပါတယ်။
ဖြတ်လမ်းဆိုတာလည်း မရှိပါ ဘူး။ မိုးဇက်ဆိုတဲ့ အနုပညာ ပါရမီရှင် ဟာ အသက်လေးနှစ်ကတည်းက တေးဂီတကို စလုပ်ခဲ့ပေမယ့် ကမ္ဘာ့ အဆင့်အတန်းဝင်ဖြစ်ဖို့ ၁၃ နှစ်ကြာ ခဲ့ပါတယ်။
Beatles ဟာလည်း ၁၉၅၇ ကတည်းက ကလပ်တွေမှာ စတင် သီဆိုဖျော်ဖြေခဲ့ပေမယ့် တကယ်တမ်း အောင်မြင်ခဲ့တာ ၁၀ နှစ်ကြာပြီး ၁၉၆၇ ခုနှစ်မှ ဖြစ်ပါတယ်။
အထက်ပါ အနုပညာရှင်တွေ အားလုံး အသက် ၅ နှစ်လောက် က တည်းက စတင်လေ့လာခဲ့ပါတယ်။
အသက် ၅ နှစ်သားတုန်းက လေ့ကျင့်မှုဟာ တစ်ပတ်ကို ၂နာရီ ၃ နာရီ ၀န်းကျင်လောက်ရှိပါတယ်။
အသက် ၈ နှစ်လောက်မှာ ပိုမို စွမ်းဆောင်လာနိုင်ပြီး တစ်ပတ်ကို ၆ နာရီ၊ အသက် ၁၂ နှစ်မှာ တစ်ပတ် ၈ နာရီ၊ အသက် ၁၆ နှစ်မှာ ၁၄ နာရီ စသဖြင့်လေ့လာခဲ့ပြီး အသက် ၂၀ မှာ တစ်ပတ်ကို နာရီ ၃၀မျှရှိပါတယ်။
အသက်၂၀ ရောက်နေတဲ့ အချိန်မှာ လေ့ကျင့်ခဲ့တဲ့ အချိန်တွေ ကို ပေါင်းကြည့်ရင် နာရီ ၁၀၀၀၀ လောက် ရှိနေပါတယ်။ အခြား ပုံမှန် တော်သူတွေဟာ နာရီ ၈၀၀၀လောက်ပါ။ သူတို့ကို သင်ပြပေးသူ တွေဟာတော့ နာရီ ၄၀၀၀ လောက်ပဲ ရှိပါလိမ့်မယ်။
ဒါကြောင့် အတိအကျပြော မယ်ဆိုရင်တော့ ၁၀ နှစ်ဆိုတာထက် နာရီ ၁၀၀၀၀ လောက် လေ့ကျင့်ဖို့ လိုတယ်ဆိုတာပါပဲ။
ဆာမျူရယ် ဂျွန်ဆင်(1709-1784)က ဒီလို ပြောခဲ့ပါတယ်။
ဘယ်နေရာက ထူးချွန်တဲ့သူ မဆို အောင်မြင်ဖို့အတွက် ဘ၀နဲ့ရင်း ပြီး ကြိုးစားလာကြရတာပဲ၊ ဈေးပေါ ပေါနဲ့ ၀ယ်လို့ရတဲ့ဟာ မဟုတ်ဘူး ဆိုတာပါပဲ။
Chaucer (1340-1400)က ဒီလို ညဉ်းတွားဖူးပါတယ် ... ဘ၀ ဆိုတာ တိုသလောက် တစ်ခုခု ကျွမ်း ကျင်အောင်လုပ်ဖို့က တော်တော်ကြာ တယ်။
Hippocrates (c. 400BC) ကတော့ ဒီလိုမျိုး ပြောဖူးပါတယ်။ ဘ၀ဟာ သိပ်တိုတယ် ... ကြိုးစား မှုက ကြာရှည်ရတယ်၊ အခွင့်အရေး တွေက မမြင်ရသလောက်ပဲ၊ စမ်းသပ် မှုတွေအတွက် အောင်မြင်မှုတစ်ခုရဖို့ ဟာ အင်မတန် ခက်ခဲတယ်။
ပရိုဂရမ်နဲ့ ပတ်သက်ပြီး အောင်မြင်ဖို့အတွက် လမ်းကြောင်း ကို ဒီလိုပြောပြချင်ပါတယ်။
၁။ အရေးအကြီးဆုံးက တကယ် စိတ်ဝင်စားပါစေ၊ ကိုယ်ဘာရေးလိုက် ရေးလိုက် ပျော်ရွင်မှုရှိပါစေ။ တကယ် ပျော်ရွှင်မှုရှိမှ ဆယ်နှစ်လုပ်ကိုင်နိုင် သွားဖို့ အင်အားတွေရှိမှာ ဖြစ်ပါ တယ်။
၂။ အခြား ပရိုဂရမ်မာတွေနဲ့ စကားပြောဖြစ်အောင် ကြိုးစားပါ။ အခြားသူတွေရေးထားတဲ့ ပရိုဂရမ် တွေကို ဖတ်ဖြစ်အောင် ကြိုးစားပါ။ ဒါဟာ စာအုပ်တွေ ဖတ်တာထက်၊ သင် တန်းတွေတက်တာထက် ပို အရေးကြီးပါတယ်။
၃။ ပရိုဂရမ်ဆိုတာ ရေးကြည့်ရင်း နဲ့မှ ပိုတတ်တဲ့ အမျိုးပါ။ အသေး အမွှား ပရိုဂရမ်လေးတွေတောင် ဖန်ရှင်အပြည့်အစုံနဲ့ ဖြစ်အောင်ရေး ပါ။ အခြားသူတွေရဲ့ သုံးသပ်မှုတွေ ကတဆင့် ပိုကောင်းအောင် လုပ် ကြည့်ပါ။ အမှားတွေကို ပြင်ဖြစ် အောင် ပြင်ကြည့်ပါ။
၎။ အကယ်၍ သင်ဟာ တက္ကသိုလ် ကိုလည်း ၄ နှစ်လောက် တက်ချင် သေးတယ်လည်း တက်လို့ ရပါတယ်။ ဒါဟာ သင့်အတွက် ပိုပြီးနက်နဲတဲ့ အတွေ့အကြုံတစ်ခုကို ရကောင်းရပါ လိမ့်မယ်။ မတက်ဘူးဆိုရင်လည်း အလုပ်ကနေလဲ ရနိုင်ပါတယ်။ တက္က သိုလ်ပဲဖြစ်ဖြစ် အလုပ်ပဲဖြစ်ဖြစ် စာအုပ်ကနေ လေ့လာရုံဆိုရင်တော့ မလုံလောက်ပါဘူး။ ကွန်ပျုတာ တက္ကသိုလ်ပညာရေးဟာ ဘယ်သူ့ ကိုမှ ပညာရှင်အဆင့်ဖြစ်အောင် ပြုလုပ် မပေးနိုင်ပါဘူး။ ပန်းချီပညာ ဆိုရင် စုတ်တံသုံးပုံသုံးနည်းနဲ့ ဆေး စပ်ပုံ အခြေခံကိုပဲ သင်ပေးနိုင်မှာ ဖြစ် ပါတယ်။
၅။ အခြား ပရိုဂရမ်မာတွေပါတဲ့ ပရောဂျက်တစ်ခုခုကို ၀င်လုပ်ပါ။ တချို့ ပရောဂျက်တွေမှာ ထိပ်သီးဖြစ် အောင် ကြိုးစားပါ။ တချို့ပရောဂျက် မှာ အောက်ဆုံးကလဲ ဖြစ်ရင်ဖြစ်နေ ပါစေ။ သင်ထိပ်ဆုံး ရောက်နေစဉ်မှာ သင့်စွမ်းရည်ကို အကောင်းဆုံးအသုံး ချပါ။ အခြားသူတွေကိုလည်း သင့် တွေးခေါ်မှုတွေကို ထုတ်ဖော်ပြသပါ။ သင် အောက်ဆုံးမှာ ရောက်နေတဲ့ ပရောဂျက်ဆိုရင်လည်း ရှေ့က ဆရာ့ ဆရာတွေ လုပ်တာကို လေ့လာပါ၊ သူတို့လုပ်တာ မလုပ်တာတွေကို လည်း ဆင်ခြင်သုံးသပ်ပါ။
၆။ အခြားသူတွေရဲ့ ပရောဂျက် တွေကို လေ့လာပါ။ နားလည်အောင် လုပ်ထားပါ။ အကယ်၍ အရေးပေါ် အခြေအနေပြင်ဖို့ လိုတာတွေရှိရင် နဂိုရေးတဲ့သူတွေမရှိရင် သင်ဝင်ရေး နိုင်အောင် လုပ်ထားပါ။
နောက်ပြီး နောက်လူအတွက် လည်း အလွယ်ဆုံးဖြစ်အောင် ပရို ဂရမ် ဒီဇိုင်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပါ။
၇။ ပရိုဂရမ် ဘာသာစကား အနည်း ဆုံး ဒါဇင်ဝက်လောက်တော့ လေ့ လာပါ။ Class ရဲ့ သဘောသဘာဝ တွေ ပါဝင်တဲ့ ဂျာဗားတို့ C++ တို့တော့ တစ်ခုအနည်းဆုံးပါဝင်ပါစေ၊ နောက် ပြီး function သဘောသဘာဝတွေ ပါဝင်တဲ့ Lisp တို့ ML တို့ လိုမျိုးကို လည်း တစ်ခုပါဝင်ပါစေ၊ Template သဘောတရားတွေပါဝင်တဲ့ Prolog တို့ C++ Template လိုဟာမျိုးတစ်ခု၊ coroutines လို့ခေါ်တဲ့ အပိုင်းလေး တွေခွဲပြီး အလုပ်လုပ်လို့ရတဲ Icon တို့ Scheme လိုဟာမျိုးတစ်ခု၊ Sisal လို့ ခေါ်တဲ့ Parallel အသုံးပြုလို့ရတဲ့ သဘောထားတွေ ပါတာမျိုးတွေကို လေ့လာသင့်ပါတယ်။
၈။ နောက်ပြီး ပရိုဂရမ် အချက် အလက်တစ်ခု အလုပ်လုပ်ချိန်မှာ အချိန်ဘယ်လောက် ကြာတာတို့၊ Memory ပေါ်က စာလုံးတစ်လုံးဖတ် ဖို့ ဘယ်လောက်ကြာတာတို့၊ cache ပါရင် ဘယ်လောက်ကြာတယ်။ မပါ ရင် ဘယ်လောက် ကြာတယ်တို့၊ ဟာ့ဒစ်ကနေ စာလုံးတွေ ဆက်တိုက် ဖတ်ရင် ဘယ်လောက်ကြာတယ်တို့၊ ဟာ့ဒစ်ရဲ့ ဖတ်နေတဲ့ နေရာ မဟုတ်ပဲ အခြားနေရာက ဖိုင်ကိုသွားရှာရင် ဘယ်လောက်ကြာတယ် စသဖြင့်ကို သိထားသင့်ပါတယ်။ ဒါတွေသိထား ရင် အခြား ပရိုဂရမ်တွေထက် အလုပ်လုပ်ပုံခြင်း တူရင်တောင်မှ ပိုကောင်းတဲ့ ပိုမြန်တဲ့ ပရိုဂရမ်ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
၉။ တတ်နိုင်ရင် ကွန်ပျုတာ ဘာ သာစကားတွေရဲ့ စံသတ်မှတ်ခြင်း အဖွဲ့တွေမှာပါ ပါဝင်နိုင်အောင် ကြိုး စားပါ။ ANSI C++ ကော်မတီလဲ ဖြစ် ရင် ဖြစ်မယ်၊ ကိုယ်ပိုင်ကုတ်ရေးပုံရေး နည်း စတိုင်ညှိနှိုင်းပွဲလဲ ဖြစ်ရင်ဖြစ် မယ်။ ကုတ်တစ်ကြောင်း ရှေ့မှာ စာလုံးအလွတ် ဘယ်နှခုစသဖြင့်ပေါ့။ ဒါတွေလဲ စနစ်တကျဖြစ်အောင် လုပ် ကြပါတယ်။ အဲဒီမှာ ပါဝင်ခြင်းအား ဖြင့် ပရိုဂရမ်ရဲ့ သဘောတရားတွေကို ရေးပုံရေးနည်း စတိုင်စတာတွေကို ပိုမိုနားလည်လာမှာပါ။ ဘယ် ပရို ဂရမ်မှာတော့ဖြင့် ဘာကကောင်း တယ်။ ဘယ်သူတွေက ဘယ်လို သဘောကျတယ် ဆိုတာတွေလည်း အရေးပါ ပါတယ်။
အဲ စတန်းဒတ်လုပ်ဖို့ကတော့ မှန်မှန်ကန်ကန်နဲ့ သဘာဝကျတဲ့ နည်းလမ်းကို မြန်မြန်ဆုံးဖြတ်နိုင်ပါ စေ။ (ကြာသွားရင် လူလက်ခံဖို့ ခက် မှာ စိုးလို့ ဖြစ်မယ်။)
အဲဒါတွေ အကုန်လုံးကိုခေါင်း ထဲထည့်ထားပါ။ စာအုပ်ကနေ ဘယ် လောက်လေ့လာနိုင်လဲဆိုတာ လက် တွေ့ သိမြင်လာပါလိမ့်မယ်။
ကျနော် ကိုယ်တိုင် စာအုပ်နဲ့ လေ့လာခဲ့ဖူးတယ်။ ကျနော်(နောဗစ်) ပထမသားဦးမွေးတဲ့အချိန်မှာ How To လို စာအုပ်တွေ အကုန်ဖတ်ခဲ့ပြီး ပြီ။ ဒါပေမယ့် ဘာမှ မဟုတ်သေး ကြောင်း ကိုယ်ကိုယ်ကို သိနေပါ တယ်။ နောက် ၂နှစ်ခွဲ လောက်ကြာ တော့ အဲဒီမှာ ပြန်စဉ်းစားကြည့် တယ်။ စာအုပ်တွေ ပြန်ဖတ်သင့် သလားလို့ ...နောက်ဆုံး အဲဒီ စာအုပ်တွေ ပြန်ဖတ်မယ့် အစား ပညာရှင်တွေ ရေးနေတာတွေကို လေ့လာတာ၊ ပိုအသုံးဝင်မယ်လို့ ဆုံး ဖြတ်ခဲ့တယ်။
Fred Brooks ဆိုတဲ့ သူတစ် ယောက် ဆော့ဝဲဒီဇိုင်းပညာရှင်တွေ မွေးထုတ်ခဲ့ပုံကတော့ ဒီလိုပါ။
၁။ ပုံမှန် စနစ်ကျကျ ဒီဇိုင်း ပညာရှင်တွေကို အရင်ဆုံးရှာတယ်။
၂။ သူတို့အတွက် တိုးတက် အောင်မြင်ဖို့ အတွက် career လမ်းချ ပေးတယ်။
၃။ ဒီဇိုင်းသမားတွေ အချင်း ချင်း တွေ့ဆုံ၊ နည်းပညာ ဖလှယ်နိုင် အောင် လုပ်ပေးတယ်။
ဒါဟာ ဘာကိုပြောသလဲ ဆို ရင် တချို့သူ အတော်များများမှာ အရည်အချင်းတစ်ခု ရှိနေပြီးသားပဲ။ အလုပ်က လိုက်လျှောညီထွေ ဖြစ် မယ်ဆိုရင် အောင်မြင်တဲ့ ပရိုဂရမ်မာ တွေ ဖြစ်လာမှာပဲလို့ ကောက်ချက်ချ လို့ ရပါတယ်။ ဒါကြောင့် လက်ရှိ ဂျာဗားစာအုပ်ကို သင်ဝယ်မယ် စဉ်းစားနေတယ်ဆိုရင် သွားသာဝယ် လိုက်ပါ။
သူ့အတိုင်းအတာနဲ့ သူတော့ အသုံးကျပါလိမ့်မယ်။ ဒါပေမယ့် အဲဒါနဲ့ ၂၄နာရီ အတွင်း၊ ရက်အနည်း ငယ်အတွင်း၊ သို့မဟုတ် လအနည်း ငယ်အတွင်းမှာတော့ သင့်ဘ၀ကို ပြောင်းလဲနိုင်ဦးမှာတော့ မဟုတ် သေးဘူး။
Ref: knowledgebridge.net