1 ပြည်တွင်းရှိ အိုင်တီဘွဲ့ရ လူငယ်များ လုပ်ငန်းခွင် ဝင်နိုင်ရန် ဝန်ဆောင်မှု ပေးမည် 30th March 2010, 1:31 pm
mars
Moderator
ပြည်တွင်းရှိ အိုင်တီနည်းပညာဖြင့် ဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ်ရရှိထားသော လူငယ်
များအနေဖြင့် လုပ်ငန်းအတွေ့အကြုံ နည်းပါးမှုကြောင့် အလုပ်အကိုင် ရှားပါးလျက်ရှိကြောင်း
M3Wi အိုင်တီသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “အခု ကုမ္ပဏီတွေမှာအိုင်
တီနဲ့ မသက်ဆိုင်တဲ့ လစ်လပ်ရာထူးတွေကို ကြော်ငြာရင် လာလျှောက်တဲ့သူတွေထဲ အိုင်တီနဲ့
အောင်လက်မှတ်ရထားတဲ့ လူငယ်တွေအများအပြားပါဝင်တာကို တွေ့ရပါတယ်။ အင်တာဗျူး
မှာ အိုင်တီနည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်ကို ဘာလို့မလျှောက်လဲလို့မေးရင်အတွေ့အကြုံ
မရှိလို့၊ ကျွမ်းကျင်ပညာရှင်တွေကိုသာ ငှားရမ်းလိုလို့ဖြစ်တာလို့သိရပါတယ်။တစ်နည်းအားဖြင့်
အိုင်တီအောင်လက်မှတ်ရ လူငယ်တွေအတွက် အလုပ်အကိုင် ရှားပါးနေပါတယ်။ အိုင်တီနဲ့ မ
ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် အိုင်တီပညာတွေဟာအသုံးမပြု
ကြတာ ကြာရင်မေ့သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အိုင်တီနည်းပညာကိုသုံးလေးနှစ်ဆည်းပူးပြီး
မှ အတွေ့အကြုံမရှိလို့ အလုပ်မရတာ၊ အလုပ်မရလို့ အတွေ့အကြုံ အားနည်းတာ တွေဟာ
လူငယ်တွေအတွက် အများကြီးနစ်နာပါတယ်” ဟုယင်းကပြောသည်။ ယင်းကဲ့သို့ အလုပ်ရရှိ
ရန် ခက်ခဲနေသော အိုင်တီနည်းပညာအောင် လက်မှတ် ရလူငယ်များ၊ လုပ်ငန်းခွင်သို့ လက်
တွေ့ ဝင်ရောက်နိုင်ရန်၊ အိုင်တီဆိုင်ရာ OJT( On Job Training) သင်တန်းတစ်ခုကို M3Wi
က ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊သင်တန်းပြီးဆုံးပါကအလုပ်အကိုင်ရှာဖွေရန်အလုပ်ထောက်
ခံစာထုတ်ပေးသွားမည့်အပြင်၊ ပြည်တွင်း၊ ပြည်ပရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများသို
လည်း အခမဲ့ ပေးပို့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ OJT သင်တန်းနှင့်ပတ်သက်၍ အ
သေးစိတ်သိရှိလိုပါက လှိုင်မြို့နယ်၊မြန်မာအင်ဖိုတက်ရှိ M3Wi သင်တန်းသို့ဆက်သွယ်စုံစမ်း
နိုင်ကြောင်း ၂၀၁၀ခုနှစ်ဧပြီ ၁ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။
Ref: ခေတ်လူငယ်