1 Windows Server 2003 ကို Remote ကနေ Management လုပ်ရအောင်။ 30th March 2010, 12:17 pm
z3r0c00l
Administrator
Windows Server 2003 ကို Remote ကနေ Management လုပ်ရန် Remote Management Console ကို ဖွင့်ရပါမယ်။ Add/Remove Program ထဲမှာပါရှိတဲ့ Windows Components ထဲမှာသွားပြီး Install လုပ်ပါ။ Windows Server 2003 ထဲမှာ ပါရှိတဲ့ Remote Management Console ကို Install လုပ်ပြီးသွားပြီဆိုရင်တော့ အခြား Computer တွေရဲ့ Browser ဖြစ်တဲ့ IE Program, Firefox Program စတဲ့ Browser တွေကို အသုံးပြုပြီး Server 2003 ရဲ့Configuration တွေကို ၀င်ပြင်လို့ရမှာ ဖြစ်ပါတယ်။
Remote Management Console လေးကို Install လုပ်ရန်
Start > Control Panal> Add or Remove Program ကိုသွားပါ။
Add or Remove Programs dialog Box ပေါ်လာပါလိမ့်မယ်။
Add/Remove Windows Computers ကို နှိပ်ပါ။
Windows Componets Wizard Box ပေါ်လာပါလိမ့်မယ်။
Windows Componets Wizard Box မှ Application Server ကို Check ပေးပြီးရင် Detail ကိုနှိပ်ပါ။
(IIS) Internet Information Services ကို Check ပေးပြီးရင် Detail ကိုနှိပ်ပါ။
World Wide Web Services ကို Check ပေးပြီးရင် Detail ကိုနှိပ်ပါ။
Remote Administration (HTML)ရဲ့ ကို Check ပေးပြီးရင် OK ကိုဆက်တိုက်နှိပ်ပြီး ပြန်ထွက်ပါ။
ပြီးသွားပြီဆိုရင်တော့ Next ကို နှိပ်ပါ။ Remote Management Console ကို Install လုပ်သွားပါလိမ့်မယ်။
Windows Server 2003 CD ပြန်လိုပါလိမ့်မယ်။ Drive ထဲထည့်ပေးထားပါ။
ပြီးရင်တော့ Windows Server 2003 ကို အခြား Computer ကနေ ၀င်ရောက် Management လုပ်ရအောင်။
IE (Internet Explorer) ကို ဖွင့်ပါ။
Internet Explorer Program ကို ဖွင့်ပြီးပြီဆိုရင်တော့ URL Bar မှာ Server 2003 Computer ရဲ့ IP Address နှင့် Port Number ကို ရိုက်ထည့်ပါ။
ဥပမာ [You must be registered and logged in to see this link.]
User Name နဲ့ Password လာတောင်းပါလိမ့်မယ်။
Server ရဲ့ Username နဲ့ Password ထည့်ပေးလိုက်ပါ။
Remote Management Console Web Page ပေါ်လာပါပြီ။
Console Page ပေါ်လာပြီဆိုရင်တော့ Maintenance Button ကိုနှိပ်ပါ။
Remote Desktop ကိုနှိပ်ပါ။ Remote Desktop Page ပေါ်လာပြီဆိုရင် Windows Server 2003 ရဲ့ User Name နဲ့ Password ကိုရိုက်ပြီး မိမိပြင်ချင်တဲ့ Setting တွေကို ၀င်ရောက်ပြုပြင်လို့ရပြီ ဖြစ်ပါတယ်။
Server 2003 ရဲ့ Remote Desktop ကို သုံးလို့ရရန် Server 2003 Computer ထဲမှာ Remote Desktop Connection ကို ဖွင့်ပေးထားပါ။