Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1MAC Table ဆိုတာ Empty MAC Table ဆိုတာ 30th March 2010, 12:13 pm

z3r0c00l

z3r0c00l
Administrator



Administrator
MAC Table ဆိုတာ MAC Address တွေ စုစည်းထားတဲ့ ဇယားတစ်ခုပါပဲ။ Hub/Switch တို့၊ Bridge တို့မှာဆိုရင်

၎င်းတို့နဲ့ ချိတ်ဆက်ထားတဲ့ Computer အားလုံးနဲ့ MAC Address တွေကို ဇယားတစ်ခုနဲ့ ပြုလုပ်ပြီး သိမ်းထားပါတယ်။

၎င်းဇယားကို MAC Table လို့ ခေါ်ပါတယ်။ MAC Table အကြောင်း မပြောခင် MAC Address

အကြောင်းနည်းနည်းလောက် ပြောချင်ပါတယ်။ MAC ရဲ့ အရှည်က Media Access Control ဖြစ်ပါတယ်။ MAC Address

တွေဟာ Network Card တွေမှာပါရှိတာ ဖြစ်ပါတယ်။ Network Card တွေမှာ ၎င်းတို့ကို ထုတ်လုပ်လိုက်စဉ်ကတည်းက

စက်ရုံကနေ တစ်ပါတည်း ထည့်ပေးလိုက်တဲ့ MAC Address တွေ ပါပါတယ်။ Network Card တိုင်းမှာ MAC Address

ပါရှိပါတယ်။ ဒါပေမယ့် Network Card တစ်ခုစီရဲ့ MAC Address တွေက မတူကြပါဘူး။ တူလို့လည်း မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ Network Card တွေမှာ MAC Address တွေတူနေရင် Network ချိတ်လို့ မရပါဘူး။ MAC Address

ကို Hardware Address (or) Physical Address လို့လည်း ခေါ်ပါတယ်။ MAC Address မှာ 12-digit Hexadecimal

Number (48 bits in length) ပါရှိပါတယ်။ (ဥပမာ-00:A0:09:14:C8:29)ပေါ့။ MAC Address တွေဟာ OSI 7 Layer

ရဲ့ Data Link Layer (Layer 2) မှာ အလုပ်လုပ်ပါတယ်။ MAC Table တွေဟာလည်း MAC Address တွေ

စုစည်းထားတာ ဖြစ်တဲ့အတွက် Data Link Layer မှာပဲ အလုပ်လုပ်ပါတယ်။ အဲ...........MAC Table အကြောင်း

စနေပြီနော်။

Hub တွေ switch တွေမှာဆိုရင် MAC Table တွေပါရှိပါတယ်။ မိမိရဲ့ ကွန်ရက်မှာ Hub ကိုအသုံးပြု ပြီး

ကွန်ရက်ချိတ်ဆက်ထားတယ်ဆိုရင် ၄င်း Hub ထဲမှာ Network Administrator ကနေပြီးတော့ MAC Table ကို manual

လိုက်ပြီးသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် Switch တွေမှာဆိုရင်တော့ အဲဒီလို MAC Table ကို manual

လိုက်ပြီးသတ်မှတ်ပေးစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Switch တွေဟာ MAC Address တွေကို Learning

လုပ်နိုင်လို့ပါပဲ။ ဘယ်လို Learning လုပ်နိုင်တာလဲဆိုတော့ .........

ဥပမာ-ကျွန်တော်က Switch တစ်ခုနဲ့ Computer (၁၀)လုံးကို Network ချိတ်ဆက်ထားတယ် ဆိုပါစို့။ Switch တွေ ၊

Hub တွေမှာ ၎င်းနဲ့ ချိတ်ဆက်ထားတဲ့ Computer အားလုံးရဲ့ MAC Address တွေကို Table တစ်ခုနဲ့ ပြုလုပ်ထားတယ်လို့

ပြောခဲ့တယ်နော်။ လုပ်ငန်းတွေ မဆောင်ရွက်ရသေးခင် (Data တွေ မပေးပို့သေးခင်) ၎င်း Switch ကို Power ဖွင့်လိုက်တဲ့

အချိန်မှာ ၄င်းရဲ့ MAC Table မှာ ဘာ Address မှ မရှိသေးပါဘူး။ ဗလာကြီးပါ။ ၎င်းနောက် Computer1 ကနေ

Computer5 ဆီကို Data ပို့လွှတ်လိုက်တယ်ဆိုပါစို့။ အဲဒီလို Data တွေ ပို့လွှတ်တဲ့အခါမှာ ၎င်း Data တွေကို Frame

Packet လေးတွေအဖြစ်ပိုင်းပြီး၊ ၎င်း Packet တွေထဲမှာ Source & Destination MAC Address တွေ၊ Error Check Sum

တွေ၊ Data တွေ ထည့်ပြီးပေးပို့လိုက်ပါတယ်။ Computer1 က ပို့လွှတ်လိုက်တဲ့ Data Packet ဟာ Switch ဆီကို

ရောက်ရှိလာတယ်။ အဲဒီလိုရောက်ရှိလာတဲ့အခါမှာ Switch ကနေပြီးတော့ "ဟာ ...မင်းကဘယ် computer ကလာတာလဲ

၊ မင်းကငါ့ Network ထဲကပေါ့ ဒါဆိုရင် မင်းရဲ့ MAC Address ကို မှတ်သားထားလိုက်မယ်။ နောက်ပြီး မင်းက

ဘယ်သူ့ဆီကို သွားမှာလဲ ၊ မင်းသွားရမဲ့ computer ရဲ့ MAC Address လည်းမင်းဆီပါမှာပေါ့ ဒါဆိုအဲဒီ MAC Address

ကိုရော မှတ်ထားလိုက်မယ်။" အဲဒီလိုနဲ့ Switch ထဲမှာ computer 1 နဲ့ computer 5 တို့ရဲ့ MAC Address

တွေရောက်ရှိသွားပါတယ်။ ဒါပေမယ့် Switch ဟာ ပေးပို့ရမယ့် computer 5 ရဲ့ Port ကိုမသိသေးတဲ့အတွက် ပေးပို့တဲ့

Computer (Computer1) ကလွဲလို့ အခြား Computer အားလုံးဆီကို ၄င်း Packet ကို ထပ်ဆင့်ပေးပို့ လိုက်ပါတယ်။

တစ်နည်းအားဖြင့် Broadcast လုပ် လိုက်ပါတယ်။ အဲဒီလို ထပ်ဆင့်ပေးပို့လိုက်တဲ့ ၎င်း Data Packet လေးဟာ

ပေးပို့လိုက်တဲ့ Computer က လွဲလို့ ကျန်တဲ့ Computer တွေဆီကို ရောက်ရှိသွားတဲ့အခါမှာ လက်ခံရမယ့် Computer

(Computer5) ကလွဲလို့ ကျန်တဲ့ Computer တွေက သူတို့ လက်ခံရမယ့်ဟာ မဟုတ်တဲ့အတွက် ပယ်ဖျက်လိုက်ပါတယ်။

Computer 5 ကတော့ သူလက်ခံရမယ့် Data ဖြစ်တဲ့အတွက် လက်ခံလိုက်ပြီး ၎င်း Data Packet ပေးပို့လိုက်တဲ့

Computer 1 ဆီကို Data လက်ခံရရှိကြောင်း Acknowledgement အကြောင်းပြန်ရပါတယ်။ ထိုနည်းတူစွာ အခြား

computer တွေ ( Computer 2 ကနေ Computer 6, Computer 3 ကနေ Computer 4...စသဖြင့်) Data

တွေပေးပို့ကြတဲ့အခါ ၄င်း Switch ကနေ သူ့ဆီရောက်လာတဲ့ Data packet တွေရဲ့ source and destination address

တွေကို မှတ်သားထားခြင်းအားဖြင့် Switch ရဲ့ MAC Table ထဲမှာ ၄င်းနဲ့ချိတ်ဆက်ထားတဲ့ computer 10 လုံးလုံးရဲ့ MAC

Address တွေအားလုံးရောက်ရှိသွားပါတယ်။ ဤကဲ့သို့ MAC Address တွေကို အလိုအလျောက်မှတ်သားထားနိုင်တာကို

Learning လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီအခါမှာ Switch ဟာ Data တွေကို ရရှိလာတဲ့အခါမှာ ၎င်းနဲ့ ချိတ်ဆက်ထားတဲ့

Computer အားလုံးဆီကို Data တွေ ထပ်ဆင့်မပေးပို့တော့ပဲ ၄င်း Packet ထဲမှာပါတဲ့ Destination Address ကို MAC

Table ထဲမှာသွားရောက်ကြည့်ရှုပြီး ပို့ရမယ့် Computerရှိတဲ့ Port ဆီကိုပဲ Data ကို ပို့လွှတ်လိုက်တာ ဖြစ်ပါတယ်။

Switch တွေဟာ MAC Table ကို အသုံးပြုပြီး Data တွေကို လိုရာသို့ တိုက်ရိုက်ပို့ဆောင်နိုင်တဲ့အတွက် Data တွေပေးပို့

တဲ့နေရာမှာ ပိုမိုမြန်ဆန်လာပါတယ်။ ဒါကြောင့် switch တို့ ၊ Bridge တို့ မှာဆိုရင် MAC Table ကိုအသုံးပြုပြီး Data

သွားရမယ့် လမ်းကြောင်းကိုရွေးချယ်ပေးရတာဖြစ်ပါတယ်။ ကဲ ........... ဒီလောက်ဆိုရင်တော့ MAC Table

ကိုနားလည်လောက်ပြီလို့ထင်ပါတယ်နော်။


Credit to Ko Kyaw Si Thu

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com