1 AT&T ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ဖုန်း Charger 29th March 2010, 3:36 pm
mars
Moderator
AT&T က သဘာဝပါတ်ဝန်းကျင်နဲ့ ကိုက်ညီတယ်လို့ ရေပန်းစားနေတဲ့နည်းပညာတွေပေါ်မှာ လှမ်းမျှော်ကြည့်ရှု လုပ်ကိုင်နေပါတယ်။
ယခုလည်း Zero Charger လို့ခေါ်တဲ့ မိုဘိုင်းဖုန်းကို လျှပ်စစ်ဓာတ်အားဖြည့်သွင်းပေးမယ့် ကိရိယာလေးကို ထုတ်လုပ်လိုက်ပါတယ်။ ဒီပစ္စည်းလေးက သဘာဝပတ်ဝန်းကျင်နဲ့ အတော်ကိုက်ညီပါတယ်။ အားဖြည့်သွင်းတဲ့ဖုန်းက အားပြည့်တာနှင့် တစ်ပြိုင်နက်တည်းမှာပဲ ဒီအားဖြည့်သွင်းတဲ့ကိရိယာက အားဖြည့်သွင်းမှုကို ရပ်ဆိုင်းပစ်လိုက်မှာပါ။ AT&T ကထုတ်လိုက်တဲ့ ဒီပစ္စည်းလေးက အိပ်ကပ်ထဲကို ထည့်ယူသွားလို့ရအောင်အထိ သေးငယ်ပါတယ်။ မေလကုန်လောက်မှာ ဈေးကွက်ထဲကို ဖြန့်ချိသွားမှာဖြစ်ပေမယ့် ဈေးနှုန်းကတော့ မသိရသေးပါဘူး။
Ref: internetjournal