1 Shutdown shortcut လုပ်နည်း 25th March 2010, 9:56 am
pooqee
MITR Reader
ဒီလုပ်နည်းလေးကအားလုံးအတွက်အသုံးဝင်မယ်ထင်ပါတယ်။
Emergency သုံးလို့ရပါတယ်..။
တနည်းအားဖြင့် shutdown virus လို့လည်းပြောလို့ရပါတယ်..။
သိပြီးသားသူတွေကိုမရည်ရွယ်ပါဘူး...။
ကဲလုပ်လိုက်ကြရအောင်ဗျာ...
အရင်ဦးဆုံး Desktop ပေါ်မှာ R-click နှိပ်ပြီး New ထဲက Shortcut ကိုရွေးလိုက်ဗျာ..
Deskstop ပေါ်မှာ Create Shortcut ဆိုပြီး box ပေါ်လာပါလိမ့်မယ်...။
ပြီးရင် text box ထဲမှာ
shutdown -s -t 30 -c "Emergency Shutdown"
ဆိုတာလေးရိုက်ထည့်လိုက်ပါ..။
(မှတ်ချက်။ ။30 ဆိုတာ shutdown ကျမယ့် အချိန် စက္ကန့် ကိုဆိုလိုတာပါ..။
30 နေရာမှာကိုယ်လိုချင်တဲ့ အချိန်စက္ကန့်ကိုရိုက်ထည့်လို့ရပါတယ်..။)
ပြီးရင် Next ကိုနှိပ်လိုက်ပါ..။
Select a Title for the Program ဆိုတဲ့ box ပေါ်လာပါလိမ့်မယ်..။
Type a name for this shortcut ဆိုပြီး shortcut ကို name ပေးခိုင်းပါလိမ့်မယ်..။
"Emergency Shutdown" ဆိုပြီး name ပေးလိုက်ပါ..။
တခြား name ပေးရင်လည်းရပါတယ်။ပြီးရင် Finish ကိုနှိပ်ပြီးအဆုံးသတ်လိုက်ပါ..။
ပြီးရင်အဲဒီ shortcut ပေါ်မှာ R-click နှိပ် properties ကနေ shortcut အောက်မှာရှိတဲ့
change icon ကနေဒီပုံလေးကိုရွေးလိုက်ပါ..။
ပြီးရင်အဲဒီ shortcut ကို Run ကြည့်လိုက်ဗျာ...
System Shutdown ဆိုတဲ့ box ပေါ်လာပြီး Time before shutdown ဆိုတဲ့နေရာမှာ
အချိန်စက္ကန့်ကို count down ရေနေတာတွေရပါလိမ့်မယ်..။
အဲ...count down ရေတာပြည့်သွားရင် shutdown ကျသွားပါလိမ့်မယ်...။
count down ရေနေတဲ့အတွင်းမှာဘာကိုမှလည်းနှိပ်လို့မရပါဘူး..
အဲဒါကိုဘယ်လိုပြန်ဖြေမလဲ.....လွယ်ပါတယ်..
Win+R ကိုနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ..
ပြီးရင် "shutdown -a" ဆိုပြီးရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ..
ပြန်ပြေသွားပါလိမ့်မယ်...
အစဉ်ပြေကြပါစေဗျား...။။..။။
:typing