1 အသစ်ဖွဲ့စည်းမည့် Admin Team အတွက် လျာထားသည့် လူစာရင်း နှင့် တာဝန်များ 9th February 2010, 6:57 pm
sHa92
Founder
ယခုလက်ရှိ ယာယီခွဲထားတဲ့ တာဝန်များနဲ့ Rank များဖြစ်ပါတယ်။
ကိုယ်နဲ့ အဆင်မပြေတာရှိရင် ငြင်းဆိုနိုင်ပါတယ်။ အခြားအဆင်ပြေမယ့် Rank တစ်ခုအား ပြန်လည်ညှိနှိုင်းနိုင်ပါတယ်။
ကျွန်တော် နဲ့ List ထဲမှာ ပါဝင်တဲ့ သူတွေ စကားပြောကြည့်ပြီး ၊ အားလုံးရဲ့ အခြေအနေကြည့်ပြီးတော့ တာဝန်တွေကို ခွဲလာခဲ့တာပါ။
နာမည် တစ်ခုတည်းက တာဝန် ၂ မျိုး ၊ ၃ မျိုးမှာလည်း ပါနေနိုင်ပါတယ်။
ကိုယ်လုပ်နိုင်တာက ၁ ခုမကဘူး ၊ ကျွန်တော် တာဝန်ပေးထားတာက ၁ ခုတည်းဖြစ်နေတယ် ဆိုရင်တော့ ကိုယ်လုပ်နိုင်တာ ကို ပြောကြဦးနော်။
များများလုပ်ပေးတော့ ၊ အင်အားပိုတောင့်တာပေါ့။
အမှတ်စဉ်တပ်တာကတော့ ဘာမှမဟုတ်ဘူး ၊ လူအရေအတွက် သိချင်လို့ ကြုံသလိုတပ်ထားတာပါ။
Admin -- General Admins
ခေါင်းစဉ်မှာပါတဲ့ အတိုင်းဘဲပေါ့။ Forum ကိစ္စအထွေထွေကို လုပ်ဆောင်ပေးမယ့် သူတွေဖြစ်ပါတယ်။ အောက်က တာဝန်အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။
1-$ƴǩǾ
2-αℓт.332
3-z3r0c00l
4-အသဲကွဲလူသား
Admin -- Developer
Forum Design , Feature များအပြင် အခြား Developement ပိုင်းဆိုင်ရာတို့ကို ပြင်ဆင်ပေးမည့် သူများဖြစ်ပါတယ်။
1-skip soft
2-max
Moderator -- Download Zones Mod
Forum တွင်းရှိ Download Zone အပြင် ၊ အခြားနေရာများမှ Link များအားလုံး ၊ အလုပ်လုပ်မလုပ် ၊ Download အဆင်ပြေမပြေကို စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။
Link သေသွားတာ တွေ့ရရင် အမြန်ဆုံးရှာဖွေပြီး ပြန်တင်ပေးမယ့် တာဝန်ကိုလည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။
Member တွေ ရှာခိုင်းတဲ့ File တစ်ခုခုရှိမယ်ဆိုရင်လည်း Google မှ ရှာဖွေပြီး အမြန်ဆုံးတင်ပေးရမှာ ဖြစ်ပါတယ်။
1-K0ht3t
2-mars
3-deep471
4-shin thant
Moderator -- Post Control Mod
Forum တွင်းတွင် ရှိသော နေရာမှားနေသည့် Post များ ၊ ခေါင်းစဉ်မပီသသည့် Post များ (eg; ကယ်ကြပါ ၊ ကူညီပါဦး ၊ ဘယ်လိုလုပ်ရမှန်းမသိပါ...) ၊ စာလုံးပေါင်းအမှားများ ၊ Code မခံသည်များ ၊ Forum စည်းကမ်းနှင့် မကိုက်ညီသော Post များ ၊ အစရှိသည်တို့အပြင် အားလုံးသော Post နှင့် သက်ဆိုင်သည့် အပိုင်းများကို ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။
1-moeyake
2-solakoko
3-N@Y Y!N3
4-Хакер-истребитель
5-ogre
6-shin thant
7-samurai
8-K0ht3t
9-mars
10-ET
Service Team -- Problem Solving Team
Member များ၏ Networking, Hardware အစရှိသည့် အခက်အခဲများကို ဖြေရှင်းပေးရန် ဖြစ်ပါတယ်။
နောက်ပိုင်းတွင် ပြင်ပရှိအလုပ်များကိုပါ အတူတကွ လုပ်ဆောင်နိုင်ရန် ကို deep မှ စီစဉ်ပေးမှာ ဖြစ်ပါတယ်။
1-deep471
2-infohunter
Service Team -- Downloading Service
Downloading Service အတွက် ၊ Member များမှ တောင်းဆိုသော ခွေများကို မိမိတို့ အဆင်ပြေသည့် နေရာ ၊ Member များ အဆင်ပြေသည့်နေရာတွင် သွားရောက်ပေးဝေခြင်း တို့ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
1-ζ. ζ. †
2-ထက်နိုင်
3-samurai
4-ET
အခြား လိုအပ်နေသော Rank များ
-Graphic Designer (Forum တွင် လို အပ်သည့် Rank များ ၊ အခြားသော Graphic ပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စေရန်)
-Full Time Developer (Forum အား ၂၄ နာရီ စောင့်ကြည့်နိုင်ကာ ၊ အရေးပေါ်အခြေအနေ တစ်ခုခုဖြစ်ပေါ်လာပါက အချိန်မရွေး ပြင်ဆင်ပေးနိုင်မည့်သူ လိုအပ်သည်)
-News Repoter (နောက်ဆုံးပေါ် သတင်းများကို အမြဲမျက်ခြေမပြတ် တင်နိုင်ရန် လိုအပ်နေသည်)
လိုအပ်နေသည့် Rank များသည် မိမိတို့ ကူညီနိုင်မည့် Rank မျိုးဖြစ်ပါကလည်း ပြောနိုင်ပါတယ်။
မှတ်ချက်။ ။ တာဝန်များခွဲထားခြင်းသည် စည်းစနစ် ကျစေရန် ဖြစ်သည်။ ထိုတစ်ခုတည်းကို လုပ်ရန်မဟုတ်ဘဲ ၊ မိမိတို့ ဆောင်ရွက်ရမည့် တာဝန်အားပြီးစီးပါက အခြားသူတို့၏ တာဝန်များကိုပါ ကူညီလုပ်ကိုင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ကြပြီး ၊ ပိုမိုကောင်းမွန်တဲ့ Resource တစ်ခုကို တည်ထောင်ကြရအောင်လားဗျာ။
လေးစားစွာဖြင့်
$ƴǩǾ