1 Western Digital ရဲ့ Portable Hard Drive 10th March 2010, 11:44 am
mars
Moderator
Hard Disk တို့ရဲ့ ဘုရင် Western Digital ဟာ မကြာသေးခင်က My Passport Studio လို့ခေါ်တဲ့ portable external hard drive တစ်ခုကို ဈေးကွက်အတွင်း ပစ်သွင်းလိုက်ပြန်ပါတယ်။ အရင်နဲ့မတူ တစ်မှုထူးခြားတာကတော့ မိမိရဲ့ External Drive အတွင်းမှာ သုံးဆည်းထားသော data များအား ကေဘယ် ဖြုတ်ထားရင်တောင် မြင်နေရတာပါပဲ... Data သယ်ယူပို့ဆောင်မှု ပိုမိုမြန်ဆန်အောင် FireWire 800 အပြင် USB 2.0 အပေါက်တို့ပါဝင်ပါတယ်။ Windows Operating System အပြင် Mac Operating System မှာလည်းအသုံးပြုလို့ရပါတယ်.. Drive တွင်ပါဝင်သော WD SmartWare software ဖြင့် Backup လုပ်နိုင်ခြင်း၊ Drive Security ပေးနိုင်ထားပါသည်။ ဈေးနှုန်းအားဖြင့် 500GB အတွက် 499 RM, 640GB အတွက် 599RM မလေးရှား ရင်းဂစ် တို့ဖြစ်ကြပြီး 320GB အတွက်ကတော့ ဈေးနှုန်းမသိရသေးပါဘူး။
Ref: worldwidemyanmar