1 MCC မှ ဆော့ဖ်ဝဲများ သုတေသနပြု ထုတ်လုပ်မည့် Data Centre တစ်ခုကို နေပြည်တော်တွင် ထပ်မံ ဖွင့်လှစ်[Article] 10th March 2010, 10:46 am
mars
Moderator
မြန်မာကွန်ပျူတာကုမ္ပဏီ( MCC) ကဆော့ဖ်ဝဲများသုတေသနပြုထုတ်လုပ်မည့် Data Centre တစ်ခုကို နေပြည်တော်တွင်ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ MCC က Data Centre များကို ပြင်ဦးလွင်ရှိ ရတနာပုံ တယ်လီပို့နှင့် ရန်ကုန်မြို့ MCC ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားပြီး၊ Data Centreတည်ထောင်ရသည့်ရည်ရွယ်ချက်များမှာ Data Centreနှင့်သက်ဆိုင်သော Computer As A Service၊ Software As A Service၊ Disaster Recovery Serviceလုပ်ငန်းတို့ကိုဆောင်ရွက်ပေး ရန်အတွက် ဖြစ်ကြောင်း သိရသည်။
Data Centre Service ကိုအသုံးပြုမည့် လုပ်ငန်းများအတွက် လျင်မြန်စွာ ဆက်သွယ်အသုံးပြုနိုင်ရေး၊သတင်းအချက်အလက်များလုံခြုံစိတ်ချနိုင်ရေးတို့ကို Data Centre မှ တာဝန်ယူ ဆောင်ရွက်ပေးမည့်ဖြစ်ပြီး၊ အထူးသဖြင့် Data Centre မှ တာဝန်ယူဆောင် ရွက်ပေးမည့်ဖြစ်ပြီး၊အထူးသဖြင့် Data Centre မှ လုပ်ငန်းသုံး Software များကို Software as a Service စနစ်ဖြင့် ကုန်ကျစရိတ်သက်သာစွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဟု သိရ သည်။ MCC မှ ရတနာပုံ တယ်လီပို့ရှိ Data Centre ကို ၂၀၀၉၊ ဒီဇင်ဘာလ တွင် စတင်တည် ထောင်ခဲ့ပြီး ရန်ကုန်ရှိData Centre ကို ၂၀၁၀နှစ်ဆန်းပိုင်းတွင်တည်ထောင်ခဲ့ကြောင်းနှင့်နေပြည် တော် Data Centre ကို ယခုနှစ်အတွင်းဖွင့်လှစ်သွားမည်ဟုသိရကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။
Ref: mtalk