Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်က ဝိုင်မက် သင်တန်းတစ်ခု တိုးချဲ့ ဖွင့်လှစ်မည်[Article]

Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ အိန္ဒိယနိုင်ငံနှင့်ပူးပေါင်း၍ နည်းပညာသစ်တစ်ခုအနေဖြင့်

သင်ကြားပေးမည့် Wireless and Mobile Computing ( WiMac) သင်တန်းသစ် တစ်ခုကို

မကြာမီတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ WiMac သင်တန်းတွင် ကွန်

ပျူတာပရိုဂရမ်ဖြင့် ရေးသားထားသော Java Mobile Programming (J2ME), Win CE. Net

Programming ဘာသာရပ်များနှင့် မိုဘိုင်းလ်နည်းပညာဆိုင်ရာဘာသာရပ်များအား မိုဘိုင်းလ်

ဖုန်းများပေါ်တွင် သင်တန်းသားများကိုယ်တိုင်လက်တွေ့ ရေးသားထည့်သွင်းအသုံးပြုနိုင်သော

Mobile Application Program များအား တည်ဆောက်နိုင်သည်အထိ စာတွေ့၊လက်တွေ့ပေါင်း

စပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းအဆိုပါ တက္ကသိုလ်မှ စုံစမ်းသိရသည်။ ပထမဆုံး သင်

တန်းအဖြစ် သင်ကြားပေးမည်ဖြစ်သော WiMac သင်တန်းသို့ တက်ရောက် အောင်မြင်သူများ

သည် အိန္ဒိယနိုင်ငံ C-DAC ( Centre For Development of Advance Computing) သင်

တန်းကျောင်းနှင့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်

တို့မှပူးပေါင်း၍ပေးအပ်မည့်လက်တွေ့လုပ်ငန်းခွင် အသုံးချနိုင်မည့်ဘွဲ့ ဒီပလိုမာ အောင်လက်

မှတ်ကိုလည်း ရရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။ WiMac နည်းပညာ သင်တန်းသို့ တက်

ရောက်လိုသူများသည် အိန္ဒိယ-မြန်မာသင်တန်းဌာ( IMCEITS)နှင့် ဂျပန်-မြန်မာသင်တန်းဌာ

နတို့မှ Software Development (Java Programming ) သင်တန်းတက်ရောက်အောင်မြင်

ပြီးသူများလျှောက်ထားနိုင်ကြောင်းသိရသည်။ ထို့အပြင် အဆိုပါသင်တန်းသို့ တက်ရောက်လို

သော သင်တန်းသားများသည် မိမိနှင့်တကွ မိဘနှစ်ဦးလုံသည်ပြည်ထောင်စုမြန်မာနိုင်ငံသား

များဖြစ်ရမည်ဖြစ်သည်။ သင်တန်းကာလ ၁၆ ပတ်ကြာ ပို့ချသင်ကြားမည့် WiMac သင်တန်း

အား လာမည့် မတ်လ၃၀ရက်နံနက်၉နာရီမှစတင်၍ IMCEITS သင်တန်းဌာန၊ ရန်ကုန် ကွန်

ပျူတာ တက္ကသိုလ်(လှိုင်) တွင် အွန်လိုင်း ဝင်ခွင့် စာမေးပွဲကို ပထမဆုံး ဖြေဆိုရမည် ဖြစ်ပြီး

လျှောက်လွှာများကိုသတ်မှတ်ပုံစံဖြင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(လှိုင်) IMCEITS သင်

တန်းဌာနတို့တွင် မတ်လ ၁၉ ရက်ေ နာက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ၂၀၁၀ ခုနှစ်

ဖေဖော်ဝါရီ ၂၅ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။


ref: ခေတ်လူငယ်

http://sidnaing.co.cc/
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com