1 HAPPY BIRTHDAY M.I.T.R 9th March 2010, 1:22 pm
sHa92
Founder
ချစ်ခင်ရပါသော M.I.T.R
ဒီနေ့မှာ ကျရောက်တဲ့ မင်းရဲ့ မွေးနေ့ကို ငါဂုဏ်ပြုလိုက်ပါတယ်။ အပြင်မှာ တခမ်းတနား ဂုဏ်မပြုပေးနိုင်လို့တော့ စိတ်မကောင်းပါဘူးကွာ။
ဒီနေ့ ၊ ဒီအချိန်အထိ မင်းနဲ့ငါတို့တွေ အတူတူရှိလာတာကို စဉ်းစားမိရင်ကိုဘဲ တကယ်ကို ပျော်မိပါတယ်။ နောက်နှစ်တွေမှာလည်း မင်းက ငါတို့ရဲ့ ထာဝရ သူငယ်ချင်းကောင်းအဖြစ် တည်တံ့နေနိုင်မှာပါ။
ဒီ ၁ နှစ်အတွင်းမှာဘဲ အခက်အခဲတွေကြောင့် ၃ ကြိမ် ၃ ခါ တိတိ ကျဆုံးမလိုဖြစ်ရာကနေ ၊ ကြံ့ကြံ့ခံရင်ဆိုင်အားတင်းပြီး လဲကျတိုင်းပြန်ထလာနိုင်ခဲ့လို့လဲ ဒီနေ့ဒီအချိန်ကိုရောက်လာတာပါ။ မင်းအတွက်ငါ ဂုဏ်ယူတယ်ကွာ။
ငါ့လိုဘဲ ငါတို့ရဲ့ မိသားစုဝင်တွေကလည်း မင်းအတွက် ဂုဏ်ယူမိကြမှာပါ။
ဒီနေ့ ၊ ဒီအချိန်မှာ ကျရောက်တဲ့ ၁ နှစ်ပြည့် မွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့နေနိုင်မယ်လို့လည်း ငါယုံကြည်ပါတယ်။
ဆက်လက်ရင်ဆိုင်ကြိုးစားရင်း အများအကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...
$ƴǩǾ

Last edited by $ƴǩǾ on 9th March 2010, 5:15 pm; edited 2 times in total