Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ရန်ကုန်မြို့ ပါရမီ လမ်းပေါ်ရှိ ပါရမီ ရှောပင်း မောတွင် မြန်မာပြည် ၏ ပထမဆုံးသော အိုင်တီ ရှော့ပင်းမော (IT Shopping Mall) ကို ဧပြီလဆန်း ပိုင်းတွင် စတင်ကာ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း Blue Ocean CEO ဦးထွန်းထွန်းနိုင် ကပြောသည်။

အဆိုပါ shopping mall စတုရန်းပေ ၁၂,၀၀၀ ကျော်ရှိပြီး ဆိုင်ခန်း ၄၀နှင့် Mini Theatre နှင့် Mini Spa စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။ ဆိုင်ခန်း များတွင် Hardware, Mobile phone, ကွန်ပျူတာ ဆားဗစ်နှင့် Cyber Cafe စသည်တို့ ပါဝင်မည် ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ရှော့ပင်း မောတွင် ဆိုင်ခန်း ဖွင့်လှစ် မည့် သူများ အား စတု ရန်း ပေဖြင့် ငှားရမ်း သွားမည်ဖြစ်ပြီး ဈေးနှုန်း သတ်မှတ်ချက် တစ်စုံ တစ်ရာ မသတ်မှတ် ရသေး ကြောင်း သိရသည်။

“တစ်နေရာတည်းမှာ အိုင်တီ ပစ္စည်းတွေကို တစု တဝေးတည်း ၀ယ် လို့ ရမယ်။ နောက် တစ်ခုက ခေတ်အနေ အထားအရ အိုင်တီ ပစ္စည်းဆို တာက လူတိုင်း လိုလို လက်လှမ်း မီလာတဲ့အခါမှာ တစ်နေရာ တည်းမှာ တစု တဝေး တည်း အိုင်တီ ပစ္စည်းတွေကို ရွေးချယ် ခွင့်ရရင် အားလုံး အဆင်ပြေဖို့ ရည်ရွယ် ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

ဆိုင်ခန်းများ ငှားရမ်းရာ၌ ဆိုင်ခန်း တစ်ခန်းလျှင် စတုရန်းပေ ဖြင့်သတ် မှတ်၍ ငှားရမ်းမည် ဖြစ်သည်။ ဆိုင်ခန်း ငှားရမ်း ရာတွင် မြန်မာ ကျပ်ငွေဖြင့်သာ ကောက်ခံ မည်ဖြစ်ပြီး သတ်မှတ် ထားသည့် ငွေပမာဏ ဆိုင်ငှားခ ၏သုံးလစာ ကို စပေါ်အဖြစ် သတ်မှတ် သွားမည်ဖြစ်ရာ လစဉ် ဆိုင်ငှားခ ကိုမူ တစ်လချင်း ပေးသွင်း နိုင်ကြောင်း သိရသည်။

ပရိုမိုးရှင်း ဧရိယာကို IT ရှော့ပင်း မောတွင် ငှားရမ်းဖွင့်လှစ်ထား သည့်ဆိုင်များကိုသာ အဓိက ထား၍ ပရိုမိုးရှင်း အစီအစဉ် များ အတွက် အသုံး ပြုခွင့် ပေးသွား မည် ဖြစ်သည်။

“ပရိုမိုးရှင်း ဧရိယာကို အပြင်လူ တစ်ယောက်က ငှားရမ်း မယ်ဆိုရင် လက်ရှိ ဆိုင်ခန်း ငှားထားတဲ့ သူတွေနဲ့ မတိုက်ရင် စဉ်းစား သွားမှာပါ” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

ထို ရှော့ပင်းမော ရှိ Mini Theatre မှာ စတုရန်းပေ ၄၀၀ ပတ်လည် ရှိ၍ ထိုင်ခုံပေါင်း ၁၆၀ ခန့် ပါရှိမည်ဖြစ်သည်။ အဆိုပါ သီရေတာတွင် မြန်မာဒီဗီဒီ၊ ရုပ်ရှင် လုပ်ငန်းမှ ခွင့်ပြုထားသည့် အင်္ဂလိပ် ဇာတ်ကားများကို တစ်နေ့လျှင် ငါးပွဲ ပြသ သွားမည်ဖြစ်သည်။ အသံ စနစ်ပိုင်းကို Dolby Thx Satisfaction စနစ်ဖြင့် ပြသ သွားမည် ဖြစ်ကြောင်း BOD အဖွဲ့ဝင် ဦးနန္ဒဖြိုးက ပြောသည်။

“သီရေတာကို ပရိုမိုးရှင်းတွေနဲ့ အခြား အခမ်းအနား တွေလုပ်မယ်ဆို ငှားရမ်း လို့ရပါတယ်။ အိုင်တီ ရှော့ပင်း မောမှာ လူကြီးတွေ အတွက်လည်း အိုင်တီ ပစ္စည်းတွေ ရှိသလို ကလေး တွေအတွက် လည်း Network games ဆိုင်တွေ ပါရှိပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

IT Shopping Mall ကို တခြားသော ရှော့ပင်းမော များ၏ စီမံအုပ် ချုပ်ရေး ပုံစံများဖြင့် အုပ်ချုပ် သွား၍ လုံခြုံရေး စနစ်ကို အထူး ဆောင်ရွက် သွားမည် ဖြစ်ပြီးနေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်သွား မည်ဟု ဦးနန္ဒဖြိုးက ပြောသည်။

Ref: themyanmarpost

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com