1 Gesture Cube (သို့) မျိုးဆက်သစ် ဒီဂျစ်တယ်နည်းပညာ 28th February 2010, 2:08 pm
mars
Moderator
Gesture Recognition က touch-screen နည်းပညာကို နိုင်သွားတော့မှာလားလို့ ထင်မြင်စရာပါ။
အခုဖော်ပြလိုက်တဲ့ Gadget ကတော့ သူ့ရဲ့ gesture နည်းပညာကို ထည့်သွင်းထားပါတယ်။ လက်ကိုလှုပ်ခါလိုက်ရုံနဲ့ လိုချင်တဲ့သီချင်းတွေကို ရှာဖွေနိုင်မှာပါ။ ပြီးတော့ ဓာတ်ပုံတွေကိုလည်း ကြည့်နိုင်ဦးမှာပါ။ ဒီအကြံဉာဏ်လေးကို Gesture Cube လို့ခေါ်တဲ့ပစ္စည်းလေးမှာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ မျိုးဆက်သစ် ဒီဂျစ်တယ် နည်းပညာပစ္စည်းတွေရဲ့အစလို့ဆိုနိုင်မှာပါ။ ဂျာမနီနိုင်ငံက Ident ကုမ္ပဏီကပြုလုပ်လိုက်တာပါ။ လက်ရဲ့လှုပ်ခါမှုကို Sensor များကဖမ်းထားပြီး လိုချင်တဲ့အလုပ်တွေကို လုပ်ပေးမှာဖြစ်ပါတယ်။ ဘယ်တော့ဖြန့်ချိမယ်ဆိုတာ မသိရ သေးပါဘူး။ တန်ဖိုးကိုလည်း ဖော်ပြထားခြင်းမရှိသေးပါဘူး။
Ref: myanmarinternetjournal