1 OpenOffice.org Version သစ်ထွက်ရှိ 25th February 2010, 3:30 pm
mars
Moderator
အခမဲ့ရယူအသုံးပြုနိုင်သော ရုံးသုံးဆော့ဖ်ဝဲဖြစ်သည့် OpenOffice.org ၏ Version သစ်အဖြစ် OpenOffice.org 3.2 ကို ၂၀၁၀ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရသည်။
OpenOffice.org Community အနေဖြင့် ဆယ်နှစ်အတွင်း စုစုပေါင်းကူးယူမှု သန်းသုံးရာကျော်လွန်ချိန်တွင် ၎င်း၏ နောက်ဆုံးမူကွဲဖြစ်သော OpenOffice.org ကို ထပ်မံဖြန့်ချိလိုက်ခြင်းဖြစ်ကြောင်း OpenOffice.org ၏ မြန်မာဘာသာပရောဂျက် ခေါင်းဆောင် ကိုဝဏ္ဏကိုကိုကရှင်းပြသည်။ “OpenOffice.org 3.2“ မှာ ထူးခြားချက်တွေအနေနဲ့ စတင်အလုပ်လုပ်ချိန်မှာ ပိုမြန်လာပါတယ်။ နောက်ထပ် Open Standard (ODF) နဲ့ မူပိုင်ခွင့်ရှိကြတဲ့ ဖိုင်ပုံစံများနှင့်ချိတ်ဆက် အသုံးပြုမှုပိုကောင်းလာပြီး သူ့မှာပါဝင်ကြတဲ့ အစိတ်အပိုင်းအားလုံး အထူးသဖြင့် Calc Spreadsheet ပိုကောင်းလာကာ အချက်သစ်တွေပါလာကြပါတယ်။ ဒါ့အပြင် Chart Module ထဲမှာ အသုံးပြုနိုင်စွမ်းကို ပြုပြင်ထားပြီး Chart ပုံစံအသစ်တွေ အားဖြည့်ပေးထားပါတယ်” ဟု ၎င်းကရှင်းပြသည်။ “အသုံးပြုကြသူတွေအနေနဲ့ ဗားရှင်းအသစ်ကို Upgrade လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ မူကွဲအသစ်ထဲမှာ လုံခြုံရေးဆိုင်ရာအန္တရာယ်များကို အတတ်နိုင်ဆုံး ဖြေရှင်းပေးထားပါတယ်။ နောက်တစ်ချက်က OpenOffice.org ၂ ကိုသုံးနေကြသူတွေအနေနဲ့ ၎င်းရဲ့သက်တမ်းက ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ကုန်ဆုံးသွားပြီဖြစ်လို့ သတိပြုဖို့လိုပါတယ်” ဟု ဆက်လက်ရှင်းပြသည်။ အဆိုပါ OpenOffice.org 3.2 ၏ စွမ်းဆောင်ချက်အသစ်အပြည့်အ၀ကို http://www.openoffice. org/dev_docs/feature/3.2 တွင်လေ့လာနိုင်ပြီး အန္တရာယ်နှင့်ပတ်သက်၍ အသေးစိတ်လုံခြုံရေးသတင်းများကို http://www/openoffice.org/security/bulletin.html တွင် ဖတ်ရှုနိုင်ကြောင်းသိရသည်။ ၎င်းမူကွဲအသစ်ကို download လုပ်ယူလိုသူများအနေဖြင့် http://download.openoffice.org တွင် အခမဲ့ရယူနိုင်ကြောင်းသိရသည်။ အဆိုပါရုံးသုံးဆော့ဖ်ဝဲတွင် Word Processor, Spreadsheet, Presentation, Graphics, Formula နှင့် Database တို့ပါဝင်ပြီး ၎င်းတို့၏လုပ်ကိုင်နိုင်စွမ်းကို OpenOffice.org Extensions Repository တွင် တိုးချဲ့မှုများကိုကူးယူ၍ အလွယ်တကူဖြည့်ဆည်းနိုင်ကြောင်း သိရသည်။ OpenOffice.org နှင့်ပတ်သက်၍ သတင်းပြန်ကြားချက်များကို http://marketing.openoffice.org/press_kit.html တွင်ဖတ်ရှုနိုင်ပြီး အသုံးပြုသင့်သည့် အသေးစိတ်ကိစ္စများကို http://why.openoffice.org တွင်ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
Ref; myanmarinternetjournal