Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

deep471

deep471
Moderator



Moderator
ကျနော့်ကို MAC Address ဆိုတဲ့ (physical address) ကို ပြောင်းတဲ့ နည်းမေးဘူးတယ်။ Media Access Control address တဲ့ ။ အလွယ်ပြောရင်တော့ Network card ရဲ့ ပြောင်းမရတဲ့ Serial number ပေါ့။ (အခု ထွက်လာတဲ့ Mother board တွေက LAN board တွေ build on ပါပြီးသား ဖြစ်တဲ့အတွက် mother board number လို့ ခေါ်ကြပါတယ်) ။ network ကုမ္ပဏီ တစ်ခုမှာ အင်တာနက်သုံးဖို့ form တင်ရင် MAC address ကို တောင်းပါတယ်။ ပြောင်းမရတဲ့ Number ဆိုတော့ နှစ်ယောက် ခွဲသုံးတာတို့ တစ်ခြားကွန်ပျူတာမှာ အဲဒီ account ကို သုံးတာတို့ ဆိုရင် သိရအောင်ပါ။ အဲဒီ နံပါတ်ကို ဘယ်လို ကြည့်ရမလဲ ဆိုတော့ … မသိသေးတဲ့ လူတွေ အတွက်ပါ။ မိမိရဲ့ connection area ထဲက Local Area Connection ကို right click လုပ်ပြီး properties နှိပ်။
[You must be registered and logged in to see this image.]
support ဆိုတဲ့ tab မှာ ကြည့်လိုက်ပါ။
[You must be registered and logged in to see this image.]
အဲဒါကို ပြောင်းချင်တယ် ဆိုရင်တော့ အောက်က Software လေးကို သုံးနိုင်ပါတယ်။ ဘယ်လို သုံးမယ် ဘာအတွက် သုံးမယ် ဆိုတာတော့ မပြောတော့ဘူးနော် ….
Code:
http://www.zshare.net/download/52196725f6285bd8/
[You must be registered and logged in to see this image.]
သုံးနည်းကတော့ လွယ်ပါတယ်။ အပေါ်မှာ ၀ိုင်းပြထားတဲ့ နေရာလေးမှာ မိမိပြောင်းချင်တာလေး ထည့်ပေးလိုက်။ ဒါမှ မဟုတ် Random ဆိုတာလေး နှိပ်ပြီး ပြောင်းပေးလိုက်။ ပြီးရင် Restart Adapter ကိုပဲ ဖြစ်ဖြစ်၊ Update MAC ကို ပဲ ဖြစ်ဖြစ် နှိပ်ပေးလိုက်ရင် ပြောင်းသွားရော … လွယ်ပါတယ်။ အသုံးဝင်တဲ့ လူတွေ ရှိကြမှာပါ။

အဲ …. ပြောစရာ တစ်ခုတော့ ရှိတယ်။ ဒီဆော့ဝဲလ် ပေးလို့ windows ကို ဒီအတိုင်း physical address ပြောင်းမရဘူးလို့ ထင်မှာစိုးလို့ ဖြည့်စွက်ရေးလိုက်ပါတယ်။ အဓိက က LAN adapter ရဲ့ Configuration ဆီသွားရမှာ ဖြစ်ပါတယ်။ (XP မှာဆိုရင်တော့ ရိုးရှင်းပါတယ်။ Start menu က Show all connections ကို နှိပ်လိုက်ရင် ရောက်ပါတယ်။ Vista နဲ့ Winodows 7 မှာဆိုရင် LAN icon ကို right click ထောက်ပြီး Open network and Sharing center ကိုသွားပြီး Change adapter settings ကို နှိပ်ပါ။) ဒီနေရာကစပြီး windows အားလုံး တူတူပါပဲ။ အသုံးပြုနေတဲ့ LAN ကို right click ထောက်ပြီး properties နှိပ်ပါ။ Configure … ကို နှိပ်ပါ။
[You must be registered and logged in to see this image.]
ပေါ်လာတဲ့ windows ရဲ့ Advanced tab မှာ Network Address ကို နှိပ်ပြီး၊ Value ကို check ပေးပြီး အကွက်လွတ်မှာ ပြောင်းချင်တဲ့ MAC address ကို ဖြည့်ပေးပါ။ (အောက်ပါတိုင်း ကိန်းဂဏန်း ၁၂ လုံးရဲ့ ကြားထဲမှာ – လေးကို ခံပေးပါ။ windows တော်တော်များများက – မပါရင် MAC Active မဖြစ်ပါဘူး)။
[You must be registered and logged in to see this image.]
အဲလို – ထည့်လို့ မရခဲ့ဘူးဆိုရင် အပေါ်က Software ကို အသုံးပြုတာက အဆင်ပြေဆုံးဖြစ်မှာပါ။ LAN driver ပေါ်မူတည်ပြီး မရတာမျိုး ရှိတတ်ပါတယ်။ အဲ .. မိမိ physical address ကို မသိသေးဘူး မကြည့်တတ်သေးသူတွေအတွက် အပေါ်ဆုံးမှာ တစ်နည်း ပြောခဲ့ပြီးပါပြီ၊ အခု နောက်တစ်မျိုးကတော့ အောက်ပါအတိုင်းပါပဲ။ မည်သည့် ၀င်းဒိုးမှာမဆို Run ကနေ cmd ကို ရေးပြီး ခေါ်ပါ။ ပေါ်လာတဲ့ cmd မှာ

ipconfig /all

ကို ရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ စာသားတွေထဲက physical address ကို ရှာကြည့်ပါ။ အောက်ပါတိုင်း တွေ့ပါလိမ့်မယ်။
[You must be registered and logged in to see this image.]
အဲဒါ အဲဒီစက်ရဲ့ MAC Address ပါပဲ။ (ipconfig နဲ့ /all ကြားမှာ space တစ်ချက် ခံပေးပါ) အဆင်ပြေကြမယ်ထင်ပါတယ်။ ဖြည့်စွက်ရေးသားခြင်း ဖြစ်ပါတယ် ….

သံလုံငယ်ဘလော့မှကူးယူဖေါ်ပြပါတယ်။

kyawmin

kyawmin
MITR Reader



MITR Reader
ကျွန်တော်ကတော့ manual ပဲပြောင်းတယ် ။ keyword တွေကြားမှာ dash(-) ခံမှ active ဖြစ်တယ်ဆိုတာတော့ မဟုတ်သေးဘူးထင်တယ် ။ ကျွန်တော်ပြောင်းပြီးစမ်းသုံးခဲ့တဲ့ စက်မှန်သမျှ dash(-) မခံပဲပြောင်းသုံးခဲ့တာပါ ။ အကုန် အလုပ် လုပ်ပါတယ် ။

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com