Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Google Buzz Empty Google Buzz 10th February 2010, 6:50 am

mgpyone

mgpyone
VIP Member



VIP Member
Hi all,,

ကနေ့ မနက် Google Reader ကနေ သတင်းတွေဖတ်နေရင်း ဖတ်မိလို့ပါ..

Google ကတော့ Google Buzz ဆိုတဲ့ app တစ်ခု ထုတ်လိုက်ပြန်ပီခင်ဗျာ..



သူတို့ရဲ့ Official website မှာတော့ ဒီလို ရေးထားပါတယ်..
as stated in their official website ;
" Share updates, photos, videos, and more.
Start conversations about the things you find interesting."

via CrunchBase ;

"Google Buzz is a social network and sharing product built by Google. Based within Profiles" , Google Profiles, Buzz offers a stream of status updates, pictures, links, and videos from your friends. You can
“like” these items and you can comment on them. Updates from Flickr, Picasa, Reader, Google Reader, or Twitter can also be automatically imported into a
Buzz stream. Buzz will recommend items you might like based on your
friends’ activity."


Gmail နဲ့ သုံးနိုင်ပါတယ်.. နို့ပေမယ့် လောလောဆယ်တော့ ကျနော့် Email မှာမရသေးပါဘူး
နောင် တစ်ပါတ်လောက်နေတော့ ရမယ်မျှော်လင့်ပါတယ်..
သူ့ Website မှာလည်း ပြောထားပါတယ်

They admit that "We're still rolling out Buzz to everyone, so if you don't see it in your Gmail account yet, check back soon."

FYI,


TC review over Google Buzz

http://techcrunch.com/2010/02/09/if-google-wave-is-the-future-googl...

http://techcrunch.com/2010/02/09/sergey-brin-google-buzz/

from Google Official Blog

http://googleblog.blogspot.com/2010/02/introducing-google-buzz.html

CNET review,

http://news.cnet.com/1606-2-50083435.html


Others one dealing with Buzz

http://techcrunch.com/2010/02/09/yahoo-google-buzz

http://techcrunch.com/2010/02/09/microsoft-slams-google-buzz


..........

I want to know your point of views upon it..

Facebook ကိုပဲ အစားထိုးသွားမလား.. ဒါမှမဟုတ် .. Twitter ကို ပြိုင်တာပဲလား.. သေချာတာတော့ Twitter ထက်ပိုကောင်းအောင်လုပ်ပြီ.. Twitter ကို ပြိုင်တာပဲ ဖြစ်နိုင်ပါတယ်..


Regards,

MPGoogle Buzz 1444417344-GoogleBuzzLogo68

http://www.mgpyone.net

2Google Buzz Empty Re: Google Buzz 11th February 2010, 5:30 pm

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ခုဝင်လာပြီနော်။ နှစ်ခါသုံးခါရှိပြီ။ ဘာကြီးမှန်းမသိသေးလို့ဘာမှ တော့မလုပ်သေးဘူး။

3Google Buzz Empty Re: Google Buzz 11th February 2010, 6:44 pm

sHa92

sHa92
Founder



Founder
ဟုတ်တယ်။ ကျွန်တော်လည်း မနက်က သုံးဖြစ်လိုက်တယ်။
သုံးလို့ရပြီဆိုတဲ့ သတင်း တင်ပေးမလို့ကို Connection လုံးဝ ဒေါင်းသွားလို့ မတင်ဖြစ်လိုက်ဘူး။

သုံးပြီးပြီးချင်း တော်တော်ကြိုက်သွားတယ်။
နဂိုက Twitter ကို (Personally) မကြိုက်ဘူး။ အခုတော့ ဒီ buzz ကို ကြိုက်တယ်။

တခြားသူတွေလည်း သုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

သူ့အကြောင်းတွေ ဒီ ည အဆင်ပြေရင် တင်ပေးမယ်။

http://www.myanmaritresource.info

4Google Buzz Empty Re: Google Buzz 11th February 2010, 6:46 pm

sHa92

sHa92
Founder



Founder
Twitter ကို တိုက်ရိုက် စိန်ခေါ်လိုက်သည့် Google (သို့) buzz

ကမ္ဘာကျော် Search Engine Google သည် ၎င်းတို့၏ နာမည်ကျော် Email စနစ်ဖြစ်သည့် Gmail အား Facebook ၊ Twitterတို့နှင့် ယှဉ်ပြိုင်သွားရန် Social Networking Featureသစ် Buzzဖြင့် စတင်ခြေလှမ်းရန် လိုက်ပြီဖြစ်သည်။ Buzzဖြင့် လူသိများထင်ရှားလှသည့် Gmail တွင် မိတ်ဆွေသူငယ်ချင်းများကြား Status Update များဖြင့် အချက်အလက် ဖလှယ်မှုများအပါအ၀င် Social Networking Feature များ ထည့်ပေးရန် Google က စီစဉ်ထားပြီး Facebookနှင့် Twitterတို့ကို ပိုမိုတိုက်ရိုက်ကျစွာ စိန်ခေါ်လာနိုင်ကြောင်း သတင်းဌာနများက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

Google Contacts မှတဆင့် Gmail အသုံးပြုသူများသည် Status Update များ လွှင့်တင်နိုင်မည်ဖြစ်ပြီး ယင်း Feature သည် Facebook နှင့် Twitter ကဲ့သို့ နာမည်ကျော် Social Networking ၀က်ဘ်ဆိုက်များတွင် လူသုံးအများဆုံး ၀န်ဆောင်မှုတစ်ခုဖြစ်သည်။ ထို့အပြင် Gmail မှတဆင့် Google ပိုင်ဆိုင်သည့် YouTube နှင့် Picasa တို့ကဲ့သို့ ၀က်ဘ်ဆိုက်များကိုလည်း ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဟုဆိုသည်။ သတင်းများ၏ အဆိုအရ Buzzကို ဖြည့်တင်းပေးမည့် ယခုပြောင်းလဲမှုကို ယခုသီတင်းပါတ်အတွင်း စတင်နေပြီဟု သိရသည်။

ထိုအခြေအနေသည် Facebook နှင့် Twitter တို့၏ အောင်မြင်မှုတွင် မိန်းမောနေသည့် Gmail အသုံးပြုသူများအား တကျော့ပြန် စည်းရုံးနိုင်မည်ဟု Googleက ယုံကြည်ထားသည်။ Buzz အား www.google.com/buzz မှတဆင့် ၀င်ရောက်အသုံးပြုနိုင်သည်။ Google သည် နည်းပညာလောကတွင် ၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံကို ဆောင်ရွက်လျက်ရှိပြီး ၎င်း၏ Google Searching ပြီးလျင် Gmail သည် အအောင်မြင်ဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

ပလင်းနက်

http://www.myanmaritresource.info

5Google Buzz Empty Re: Google Buzz 11th February 2010, 7:38 pm

ET

ET
Moderator



Moderator
အင်း အခုမှပဲ သိတော့တယ်
ကျနော်တော့ လက်ရှိလက်ခံပြီးသွားပြီ
မလက်မခံရင်လည်းမရတော့လို့ (ဟီးဟီး)
ဝင်ပြီးတော့မကြည့်ရသေးတာပဲရှိတယ်


ဒီပိုစ်ကိုတော့ ကျနော်ဘလော့မှာ တငိလိုက်ဦးမယ်ခင်ဗျာ

http://alinkarnya.blogspot.com/

6Google Buzz Empty Re: Google Buzz 11th February 2010, 8:12 pm

mgpyone

mgpyone
VIP Member



VIP Member
ကျနော်က buzz ကို မကြိုက်ဘူး
Twitter ကို ပိုကြိုက်တယ်

http://www.mgpyone.net

7Google Buzz Empty Re: Google Buzz 11th February 2010, 8:43 pm

sHa92

sHa92
Founder



Founder
Code:
http://webworkerdaily.com/2010/02/11/google-buzz-already-better-than-google-wave-and-maybe-facebook-too/

Google မှ Google ဆိုတော့ ဟဲဟဲ

Do you think Buzz is better than Wave? Do you ever see yourself using it more than Twitter or Facebook in the future?

http://www.myanmaritresource.info

8Google Buzz Empty Re: Google Buzz 11th February 2010, 9:42 pm

shinthant

shinthant
Moderator



Moderator
ကျနော်လဲ ကြိုက်တယ်ဗျာ

အရမ်းမိုက်တယ်သုံးကြည့်လိုက်ကြပါအုံး...မိတ်ဆွေတို့

9Google Buzz Empty Re: Google Buzz 20th February 2010, 9:00 pm

N@Y Y!N3

N@Y Y!N3
Moderator



Moderator
အားလုံး ပဲ စိတ်မကောင်းစရာပဲ .. ကျနော့် မေးလ်ထဲကို ၀င်လာတာလေးပါ .. ဖတ်ပြီးဝေဖန်ကြည့်လိုက်ဦး

သူငယ်ချင်း တစ်ယောက်ဆီက အခုလိုလေးး Fwd Mail တစ်စောင်ဝင်လာတယ်.. ဖတ်ကြည့်လိုက်ကြပါဦးး Google Buzz နဲ့ ပတ်သတ်ပြီးးရှောင်ဖို့ တွေပေါ့ .ကျွန်တော်ကတော့ ပိတ်လိုက်ပြီဗျို့ ...

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲအခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update
လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို
အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင်ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google ကlive Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့
service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search
အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ
(မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို followလုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment
ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile
ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို
update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based
Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့
ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့
လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့
မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို
ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှမသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow
လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded
ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ
bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ
email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business
တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။

ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz
Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။
ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က
ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို
လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး
ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက
online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက
သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့
ဝန်လေးပုံ မရဘူး။ Sad

10Google Buzz Empty Re: Google Buzz 21st February 2010, 7:57 am

alt.332

alt.332
Administrator



Administrator
ကျွန်တော်ကတော့ သုံးကို မသုံးတာ.. Very Happy ဘာတွေမှန်းမသိလို့ Very Happy

http://www.myanmaritresource.info

11Google Buzz Empty Re: Google Buzz 21st February 2010, 8:03 am

sHa92

sHa92
Founder



Founder
တဖက်စောင်းနင်းပြောထားတာတွေပါ။

Buzz က မကောင်းတာလည်း ရှိသလို ကောင်းတာလည်းရှိပါတယ်။ ဒါပေမယ့် အခုလို New Product ကို မြန်မာတွေ နဲ့ ထိတွေ့ခွင့်မရအောင် လိုက်ပြီး ပိတ်ပင်တာတော့ မကောင်းဘူးပေါ့။

Follow လုပ်တာ မလုပ်တာလည်း ကိုယ်နဲ့ဘဲဆိုင်တယ်။
Privacy ရှိအောင် လုပ်တာ မလုပ်တာလည်း ကိုယ်နဲ့ဘဲဆိုင်တယ်။

အရာအားလုံးက ကိုယ့်လက်ထဲမှာပါ။ မိမိကိုယ်တိုင်နဲ့ဘဲ သက်ဆိုင်တာပါ။

ကျွန်တော်ကတော့ Buzz ထွက်လာကတည်းက သုံးနေကျ။ ကြိုက်လည်းကြိုက်ပါတယ်။
Twitter ထက်ပိုကြိုက်တယ်။

Facebook နဲ့ကတော့ သိပ်မတူဘူးလေ။ Facebook Community က တအားကြီးနေပြီ။ Google က လိုက်လို့မမှီလောက်တော့ဘူး။

ဘာဘဲဖြစ်ဖြစ် ကိုယ်မကြိုက်ရင် မကြိုက်သလိုနေ။ ပိတ်ချင်ပိတ်ထားလိုက်။
သူများတကာကို စမ်းတောင် မစမ်းမိအောင်တော့ မလုပ်သင့်ပါဘူး။

အားလုံးလည်း သုံးကြည့်ကြပေါ့။
မကြိုက်တော့မှ TurnOff ဆိုတာနှိပ်ပြီး ပိတ်ထားလိုက်ပေါ့။

Best Regards,
$ƴǩǾ

http://www.myanmaritresource.info

12Google Buzz Empty Re: Google Buzz 21st February 2010, 8:19 am

solakoko

solakoko
Moderator



Moderator
ဟုတ်ကဲ့..
Google profile,Google chat status ,Google sites,Google reader,etc...
စသည်တို့ ကို မိမိစိတ်ကြိုက် ကန့် သတ်ထားလို့ ရပါတယ်
Private လုပ်ထားလိုက်ရင် Buzz မှာမပေါ်တော့ပါဘူး..
သေချာစမ်းသပ်ကြပါဦး..
ပေါ်တာလဲမကြာသေးဘူးဆိုတော့ Buzz ရဲ့ Functions တွေကိုကျွမ်းကျင်အောင်သုံးပြီးမှ ဆက်ပြောကြတာပေါ့
ကျနော်လဲမှုန်ဝါးဝါးလောက်ပဲသိပါသေးတယ်....
ဒါပေမဲ့ တော်တော်ကောင်းပါတယ်လို့ ... Very Happy

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com