1 Programming Language အသစ်ထွင်ကြမယ် (၇) 13th May 2009, 10:06 pm
sHa92
Founder
Function Support (နောက်ဆက်တွဲ)
Note: ရှေ့က Function Support Chapter ဟာရေးရင်းနဲ့
ရှည်သွားတဲ့အတွက် ဖြတ်လိုက်ရတာပါ။ တကယ်တော့ function နဲ့ပတ်သက်ပြီးနဲနဲ
ပြောစရာကျန်ပါသေးတယ်။ ဒါကြောင့် ဒီ chapter ကိုဆက်လိုက်ရပါတယ်။
Virtual Function
အောက်က C code ကိုကြည့်ပါ။
address ကိုဒီလိုပဲ pass လုပ်ပြီး ခေါ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့
Language မှာခေါ်လို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ function ရဲ့ address
ကို operand နေ pass လုပ်ပေးလိုက်လို့။ ဒီအတွက် function ရဲ့ address ကို
stack ပေါ်ကနေ ယူရင် အပေါ်က C code လိုရေးလို့ရပြီ။ ရှိပြီးသား OP_CALL
ကိုမပြင်တော့ဘဲ ဒီအတွက် op-code အသစ်ထပ်ရေးရအောင်။ သူ့ကိုတော့
virtual_call လို့ခေါ်ပါမယ်။ ဒါမှ static function ကိုခေါ်ချင်ရင် ပို
efficient ဖြစ်တဲ့ call ကိုသုံးပြီး dynamic function တွေအတွက်
virtual_call ကိုသုံးကြတာပေါ့။ Virtual call op-code အသစ်ကိုသွားကြေညာပါ။
ပြီးရင် virtual call အတွက် Virtual Machine ရဲ့ Run() function မှာသွားရေးပါ။
ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး။ Call ထဲကအတိုင်းရေးထားပါတယ်။ ဒါပေမဲ့
function address ကို operand 0 ကနေမယူဘဲ stack ပေါ်က pop
လုပ်ယူလိုက်ပါတယ်။ ပြီးရင် Assembly code table ထဲပို virtual_call အတွက်
entry အသစ်သွားထည့်ပါအုံး။ ဒါမှ assembler က compile လုပ်လို့ရမှာလေ။
အရင် chapter က function စမ်းတဲ့ code ကို virtual call သုံးပြီး ရေးကြည့်ရအောင်ပါ။
ဒီ assembly code မှာ function address ကို operand နေမပေးဘဲ stack
ပေါ်ကနေ pass လုပ်ပေးလိုက်ပါတယ်။ ဒါဆို function address ကိုသိမ်းချင်တဲ့
နေရာမှာသိမ်း၊ ပြီးရင် stack ပေါ်ကို Push လုပ်တင်၊ ပြီးရင် virtual call
နဲ့ခေါ်လိုက်ရုံပါဘဲ။
ခုကျွန်တော်တို့ language မှာ function ကို static ကော dynamic
ကောခေါ်လို့ရနေပါပြီ။ Dynamic function တွေဟာ Object Oriented Programming
ထဲက polymorphism အတွက်လဲ အရေးပါပါတယ်။ ဘာကြောင့်လဲဆိုရင် polymorphism
ဟာလဲ virtual table လို့ခေါ်တဲ့ function pointer တွေသိမ်းထားတဲ့ table နဲ့
အလုပ်လုပ်တာပါ။ ဒီလို function pointer ကို dynamically ခေါ်တာဟာ၊ ရိုးရိုး
function ကို static ခေါ်တာလောက် efficient မဖြစ်ဘူးဆိုတာ လက်တွေ့
တွေ့ပြီမဟုတ်လား (ကျွန်တော်တို့ language မှာဆို push_stack တခုပိုတယ်လေ)။
ဒါကြောင့် C++ လို programming တွေမှာ virtual keyword ကို တကယ်လိုအပ်တဲ့
member function တွေမှာသာပေးသင့်ပါတယ်။ မလိုအပ်ရင် (polymorphism အရ
overwrite မလုပ်ရင်) static function အနေနဲ့ခေါ်တာဟာ ပိုပြီး efficient
ဖြစ်ပြီး မြန်စေပါတယ်။
Why Inline Function?
ဒီနေရာမှာ inline function အကြောင်းပါဆက် ပြောချင်ပါတယ်။ Function
တခုကို call လုပ်ရင် သူ့ထဲမှာရေးထားတဲ့ code တွေတင်အလုပ်လုပ်တာ
မဟုတ်ပါဘူး။ call ကိုမခေါ်ခင် parameter တွေနဲ့ local variable တွေကို
stack ပေါ်ကိုတင်ရပါမယ်။ ပြီးရင် scope သတ်မှတ်ရပါမယ်။ ဒီအတွက် scope
offset နဲ့ scope size တွေကိုလဲ stack ပေါ်သွားသိမ်းရပါမယ်။ processing
လုပ်ရသလို၊ stack size လဲကုန်ပါတယ်။ Return ပြန်ရင်လဲ stack
ပေါ်တင်ထားသမျှပြန် pop လုပ်ရပါမယ်။ ဒါ function တခုခေါ်ဖို့အတွက်
လုပ်ဆောင်ချက်တွေပါ။
တကယ်လို့ function ထဲက code ကနဲနဲလေးဆိုရင် coding ကို run ရတာထက်
function ခေါ်ဖို့ prepare လုပ်ရတာ ပိုနေပါလိမ့်မယ်။ ပေါ့်စေလိုလို့
ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဆိုတဲ့ စကားပုံလို ဖြစ်နေပါတယ် [You must be registered and logged in to see this image.]
ဒီအတွက် solution ကတော့ code တွေကို function ထဲမထည့်ဘဲ
တိုက်ရိုက်ရေးခြင်းပါ။ C လို High-level language တွေမှာတော့ Inline
Function လုပ်လိုက်ရင် အဲဒီ function က တကယ့် function မဟုတ်တော့ဘဲ
compiler က function ထဲက code တွေကို ခေါ်တဲ့နေရာမှာဘဲ တိုက်ရိုက်ရေးပါတယ်။
ဒီအတွက် စောစောက ပြောတဲ့ function ခေါ်ဖို့ prepare လုပ်ရတဲ့
အဆင့်တွေမရှိတော့ပါဘူး။ ကျွန်တော်တို့ assembly language မှာတော့ ဒီလို
luxury မျိုးမရှိတဲ့အတွက် လူကိုယ်တိုင်ကဘဲ code တွေကို တိုက်ရိုက်ရေး
ရပါတော့မယ်။

- Code:
typedef void (*FuncPointer)(int param);
void MyFunc(int param) {
}
FuncPointer foo = MyFunc;
foo( 10 );
address ကိုဒီလိုပဲ pass လုပ်ပြီး ခေါ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့
Language မှာခေါ်လို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ function ရဲ့ address
ကို operand နေ pass လုပ်ပေးလိုက်လို့။ ဒီအတွက် function ရဲ့ address ကို
stack ပေါ်ကနေ ယူရင် အပေါ်က C code လိုရေးလို့ရပြီ။ ရှိပြီးသား OP_CALL
ကိုမပြင်တော့ဘဲ ဒီအတွက် op-code အသစ်ထပ်ရေးရအောင်။ သူ့ကိုတော့
virtual_call လို့ခေါ်ပါမယ်။ ဒါမှ static function ကိုခေါ်ချင်ရင် ပို
efficient ဖြစ်တဲ့ call ကိုသုံးပြီး dynamic function တွေအတွက်
virtual_call ကိုသုံးကြတာပေါ့။ Virtual call op-code အသစ်ကိုသွားကြေညာပါ။
- Code:
enum OpCode {
OP_TALK,
..........................
..........................
OP_VIRTUAL_CALL,
OP_END
};
ပြီးရင် virtual call အတွက် Virtual Machine ရဲ့ Run() function မှာသွားရေးပါ။
- Code:
void Run(Program& program) {
while (true)
{
Instruction inst = program.Next();
switch (inst.code)
{
....................
....................
case OP_VIRTUAL_CALL:
{
int FuncAddress = program.PopStack();
program.PushStack( program.GetCurrentInstruction() );
program.SetInstruction( FuncAddress );
break;
}
....................
....................
}
}
}
ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး။ Call ထဲကအတိုင်းရေးထားပါတယ်။ ဒါပေမဲ့
function address ကို operand 0 ကနေမယူဘဲ stack ပေါ်က pop
လုပ်ယူလိုက်ပါတယ်။ ပြီးရင် Assembly code table ထဲပို virtual_call အတွက်
entry အသစ်သွားထည့်ပါအုံး။ ဒါမှ assembler က compile လုပ်လို့ရမှာလေ။
အရင် chapter က function စမ်းတဲ့ code ကို virtual call သုံးပြီး ရေးကြည့်ရအောင်ပါ။
- Code:
000 put_stack 10
001 put_stack 5
002 scope 2
003 put_stack 13
004 virtual_call
005 num
006 put_stack 45
007 put_stack 32
008 scope 2
009 put_stack 13
010 virtual_call
011 num
012 end
// function A()
013 get_scope 0
014 get_scope 1
015 add
016 return