အမှန်ကတော့ သူ့ဟာနဲ့သူအားသာချက်တွေရှိနေတယ်ဗျ။
MC Will ဖုန်းလို့ခေါ်တဲ့ ဖုန်းစနစ်က 3.5G လို့ပြောထားပါတယ်။
ဖုန်းလိုင်းတွေရဲ့ Carrier Wave ပေါ်မူတည်ပြီးညွှန်းဆိုထားကြ
သလို မျိုးဆက်လို့လဲပြောလို့ရပါတယ်။
3G,3.5G,4G ဆိုပြီးပြောထားကြပါတယ်။
တောင်ကိုရီးယားနိုင်ငံဆိုရင် CDMA ကိုတစ်နိုင်ငံလုံးမှာသုံးပါတယ်။
ကိုယ်နိုင်ငံမှာသုံးတဲ့စနစ်ပေါ်မှာမူတည်ပြီး လိုင်းအခြေအနေအပြောင်း
အလဲဖြစ်နိုင်ပါသေးတယ်။ အဲ အခုလောလောဆယ်တော့ MC Will အား
သာချက်ကတော့ Internet ကို 1M အထိသုံးစွဲခွင့်ရတာပါပဲ။
အရင်တုန်းကတော့ GSM တွေမှာ internet သုံးစွဲခွင့်ပေးခဲ့ပေမယ့်
လူသိနည်းခဲ့ပါတယ်။ အခုတော့ ဒီစနစ်ဟာ လူသိများတဲ့စနစ်တစ်ခု
ဖြစ်သွားပါပြီ။ နောက်ထပ်လဲ ဒီ့ထက်ကောင်းတဲ့ Service တွေကို
ရတနာပုံတယ်လီပို့ကပေးနိုင်လိမ့်မယ်လိုဲ့ထင်မိပါတယ်။ အာရှနိုင်ငံတွေ
ထဲမှာတောင် ရှားရှားပါးပါးရှိနေသေးတဲ့ NGN(New Generation Network)
ကိုသုံးစွဲပြီးပေးမယ့်စနစ်ဖြစ်နေလို့ပါပဲ။