Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

alt.332

alt.332
Administrator



Administrator
တစ်လကျော်လောက် ရုံဝင်ကြေးအမြင့်ဆုံး ဇာတ်ကားစာရင်းမှာ နံပါတ်(၁)အဖြစ် ရပ်တည်ခဲ့တဲ့နောက် Avatarဟာ Titanicရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး သမိုင်းတလျှောက် ၀င်ငွေအမြင့်ဆုံး ရရှိတဲ့ ဇာတ်ကားဖြစ်လာဖို့ သေချာသွားပါပြီ။ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့လက်ရာ 3Dဇာတ်ကားဟာ ကမ္ဘာအနှံ့ဝင်ငွေပမာဏ ဒေါ်လာ(၂)ဘီလျံအထက် ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဇန်န၀ါရီလ (၂၄)ရက်နေ့ထိ Avatarရဲ့ (၆)ပါတ်စာ ၀င်ငွေဟာ ဒေါ်လာ(၁.၈၄၁)ဘီလျံ ရှိနေပြီလို့ ခန့်မှန်းရပါတယ်။ ဒါဟာ Titanicရဲ့ (၁၀)လလောက်ကြာမှ ရခဲ့တဲ့ ဒေါ်လာ(၁.၈၄၃)ဘီလျံနဲ့ တန်းတူအခြေအနေကို ရောက်နေပါပြီ။ Avatarဟာ ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆု (၂)ဆုရခဲ့သလို အော်စကာဆုပေးပွဲမှာလည်း အောင်မြင်မှုတွေ အကြီးအကျယ် ရလိမ့်မယ်လို့ တစ်ပြေးနေတာကြောင့် သေချာပေါက် Titanicကို ကျော်ဖြတ်တော့မှာ ဖြစ်ပါတယ်။ တကယ်တမ်း အော်စကာ အောင်မြင်မှုတွေ ရလာတဲ့အခါ Avatarရဲ့ အရှိန်ဟာ ဆက်ကောင်းနေမယ့် သဘောပါပဲ။ Avatarဇာတ်ကားဟာ ခေတ်ရှေ့ပြေး 3Dရိုက်ချက်တွေနဲ့ ဖန်တီးထားပြီး အနာဂတ်ကာလ လူသားမျိုးနွယ်တွေက တခြားကမ္ဘာက ဂြိုဟ်ရံလတစ်ခုကို ကျူးကျော်ရာက မူလရင်းမြစ် ဂြိုဟ်သားတွေက တော်လှန်တိုက်ခိုက်မှုကို သရုပ်ဖော်ထားတာပါ။ ဟောလီးဝုဒ်ထိပ်သီး သရုပ်ဆောင်တွေ မပါပေမယ့် ကင်မရွန်ရဲ့ လှပသေသပ်တဲ့ ဖန်တီးမှုတွေကြောင့် Avatarကို လူကြိုက်ပိုများလာတာလည်း ဖြစ်ပါတယ်။ လောလောဆယ် Avatarရဲ့ ၀င်ငွေဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေထက် နည်းနည်းကျလာပေမယ့် အော်စကာဆုပေးပွဲ ပြီးသွားချိန်မှာတော့ ပြန်ပြီးမြင့်တက်လာဖွယ် ရှိနေပါတယ်။ နောက်ပြီးတော့ 3Dဇာတ်ရုံတွေက ၀င်ငွေတွေပါ ပေါင်းလိုက်တဲ့အခါ Titanicလိုပဲ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆယ်စုနှစ် တစ်ခုကျော်ကျော်လောက် လွှမ်းမိုးထားဖို့ ရှိနေနိုင်ကြောင်း သတင်းတွေက ခန့်မှန်းထားပါတယ်။

Credit to Planet

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com