Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

alt.332

alt.332
Administrator



Administrator
''ကျွန်မတို့ကိုယ်တိုင် ကိုယ်လေ့ လာချင်တဲ့ ဘာသာရပ်လေ့လာဖို့အတွက် အခက်အခဲဖြစ်ခဲ့ကြတယ်။ အဲဒီစာအုပ် တွေရှိတဲ့နေရာကို သွားဖို့ကျတော့လည်း အစစ အခက်အခဲဖြစ်ခဲ့တယ်'' ဟု အဆိုပါစာကြည့်တိုက်နှင့် သင်ကြားရေး စင်တာ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ခင်ကြည်ညွန့်က ၎င်းတို့ကိုယ်တိုင် ယခင်က စာအုပ်ရှာဖွေဖတ်ရှုရာတွင် အခက်အခဲဖြစ်ခဲ့ပုံကို ပြောကြားသည်။

အဆိုပါစာကြည့်တိုက်တွင် အသင်း ဝင်များအနေဖြင့် စာအုပ်ငှားရမ်းဖတ်ရှု နိုင်ခြင်း၊ အင်တာနက်အသုံးပြုနိုင်ခြင်း၊ မိမိဖတ်လိုသည့်စာအုပ်ကို မှာယူဖတ်ရှု နိုင်ခြင်း၊ e-book ဖတ်ရှုနိုင်ခြင်းနှင့် အသင်း ဝင်များအတွက်ဖွင့်လှစ်သည့် ဘာသာ ရပ်ဆိုင်ရာသင်တန်းများ အခမဲ့တက် ရောက်နိုင်မည်ဖြစ်ကြောင်း အဆိုပါစာ ကြည့်တိုက်၏ စီးပွားရေးဖွံ့ဖြိုးမှု မန်နေ ဂျာ ဒေါ်နော်စင်သီတာရွှေက ရှင်းလင်း ပြောကြားသည်။



ယင်းစာကြည့်တိုက်တွင် နိုင်ငံ တကာမှ ဘာသာရပ်နှင့်ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ရည်ညွှန်းစာအုပ်များ၊ မြန်မာ စာအုပ်များ၊ ကလေးစာအုပ်များ စသည့် သုတ၊ ရသစာအုပ်မျိုးစုံအုပ်ရေ ၄၅ဝဝ ခန့် စုဆောင်းထားပြီး အသင်းဝင်များ အတွက် အင်္ဂလိပ်စာနှင့် စာရင်းကိုင် ပညာသင်တန်းများကိုအခမဲ့တက်ရောက် နိုင်ရန်စီစဉ်ထားသည်။ အဆိုပါစာကြည့်တိုက်တွင်အသင်း ဝင်အမျိုးအစားငါးမျိုးခွဲခြားထားရာ စာ အုပ်ငှားရမ်းခွင့်မပြုဘဲ စာကြည့်တိုက်တွင် သာလေ့လာဖတ်ရှုနိုင်သည့် Silver Member အတွက် အသင်းဝင်ကြေး ၈ဝဝဝ ကျပ်၊ နှစ်ပတ်အတွင်း စာအုပ်နှစ် အုပ်ငှားရမ်းနိုင်သည့် Gold Member အတွက်အသင်းဝင်ကြေး ၂၅,ဝဝဝ ကျပ်၊ နှစ်ပတ်အတွင်းစာအုပ်သုံးအုပ်ငှားရမ်း ဖတ်ရှုနိုင်ပြီး သင်တန်းနှစ်မျိုးအထိရွေး ချယ်တက်ရောက်နိုင်သည့်ျွကဘပ နြာဘနမ အတွက် အသင်းဝင်ကြေး ၄၅,ဝဝဝ ကျပ်၊ နှစ်ပတ်အတွင်း စာအုပ်လေးအုပ် ငှားရမ်းဖတ်ရှုနိုင်ပြီး သင်တန်းတစ်မျိုး ရွေးချယ်တက်ရောက်နိုင်သည့် Ruby Member အတွက် အသင်းဝင်ကြေး ၃၈,ဝဝဝ ကျပ်နှင့် နှစ်ပတ်အတွင်း စာအုပ်ငါးအုပ်ငှားရမ်းဖတ်ရှုနိုင်ပြီး သင် တန်းသုံးမျိုးအထိရွေးချယ်တက်ရောက်နိုင်သည့် Platinum အတွက် အသင်းဝင်ကြေး တစ်သိန်းကျပ်အသီး သီးသတ်မှတ်ထားကြောင်း၊ အသင်းဝင် တိုင်းအင်တာနက်နှင့် e-books တို့ကို တစ်ရက်လျှင် တစ်နာရီစီအခမဲ့အသုံးပြု ခွင့်ရမည်ဖြစ်ကြောင်း၊ နောင်တွင်အသင်း ဝင်များ ဝယ်ယူဖတ်ရှုလိုသည့်စာအုပ်များ ကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုကို တိုးချဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ယင်းစာကြည့် တိုက်မှ စုံစမ်းသိရှိရသည်။ စာကြည့်တိုက်အသင်းဝင်လိုပါက ဓာတ်ပုံနှစ်ပုံ၊ မှတ်ပုံတင်မူရင်း၊ မိတ္တူ တစ်စောင်၊ သန်းခေါင်စာရင်းမိတ္တူ(သို့) ယာယီအိမ်ထောင်စုစာရင်းမိတ္တူပါရှိရ မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံ နက် ၉ နာရီမှ ညနေ ၆ နာရီအထိဖွင့် လှစ်ထားမည်ဖြစ်ပြီး တနင်္လာနေ့ တစ်ရက်ကိုသာ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကို ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် အနော်ရထာလမ်းနှင့် ၃၂ လမ်းထောင့် အမှတ် ၂၁၄ ၊ လေးလွှာ၌ ဖွင့်လှစ်ထားကြောင်း စာကြည့်တိုက် တာဝန်ရှိသူတစ်ဦးကပြောကြားကြောင်း ဇန်န၀ါရီလ (၂၅-၃၁) ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

Credit to Mtalk

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
နာ အရင်က တင်ဖူးတယ်လေ။ Sad
Duplicate Post Bro
Please Merge it

http://www.myanmaritresource.info

alt.332

alt.332
Administrator



Administrator
Del it, I 'm busy now.

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Delete စရာလိုပါဘူးဟ။
ဒီပိုစ့်က Detail ကျတယ်။ ပေါင်းရုံပေါင်းရင်ဖြစ်တယ်။

ကိုကို Mod တို့ေ၇ ပေါင်းပေးပါဦး

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com