1 Min Htun Zaw မှ အကြံပြုပါတယ် 24th January 2010, 6:50 pm
Min Htun Zaw
MITR New User
အသင်းသားများလိုက်နာရမယ့် အချက်တွေထဲက တစ်ခုကို မရှင်းလို့ မေးချင်ပါတယ်။
"၅။ Forum အတွင်းတွင် Link များကို Sharing လုပ်မည်ဆိုပါက ပြန်လည်မျှဝေလိုသော Link များအား အလုပ်လုပ်ခြင်းရှိမရှိ စစ်ဆေးရုံသာမက Link များအားလုံးကို Code ခံ၍ရေးသားပေးပါရန်။ Code ခံသည်ဆိုသည်မှာ...
Code:
Using the code
ထိုသို့ပုံစံမျိုးဖြင့်သာမျှဝေပေးပါ။" ဆိုတဲ့အချက်ကို မရှင်းလို့ နောက်ထပ် example တစ်ခုနှစ်ခုလောက်နဲ့ ရှင်းပေးစေချင်ပါတယ်။
"၇။ ဆွေးနွေးချက်တစ်ခုခု (သို့မဟုတ်) မေးမြန်းချက်တစ်ခုခု (သို့မဟုတ်) စာအုပ် ၊ ဆောဖ့်ဝဲလ် ၊ ကျူတိုရီရယ် ပြုလုပ်တော့မည်ဆိုတိုင်း ၊ ထိုဆွေးနွေးချက်သည် ယခင်က ဆွေးနွေးပြီးသား ရှိနေမနေကို အရင်ရှာပါ။ ရှိနေသည်ကို မသိဘဲ ထပ်တင်ပါက နောက်မှ တင်သောဆွေးနွေးချက်ကိုသာ ဖျက်ပစ်မည်ဖြစ်ပါသည်။" ဆိုတဲ့အချက်မှာ software ကို မြန်မာစာလုံးပေါင်းနဲ့ ဆော့ဖ်ဝဲ လို့ပဲ ရေးသင့်တယ်လို့ထင်ပါတယ်။ အမှန် နောက်ပိတ်အသံမှာ (လ်) သံ မဟုတ်ဘဲ (ရ်) သံဖြစ်ပါတယ်။ ပြီးတော့ American တွေကပဲ (ရ်)သံကို ထွက်လေ့ရှိပြီး British Pronunciation မှာ ဆော့ဖ်ဝဲ လို့ပဲ (ရ်) သံ ဖျောက်ပြီးထွက်ပါတယ်။
ပြီးတော့ registration page, "http://www.myanmaritresource.info/profile.forum?mode=register&agreed=true" မှာ password confirmation မပါဘဲ Save button နှိပ်ပြီး နောက် page ကို ကူးတော့မှ password confirmation တောင်းတာကို သိပ်မကြိုက်ပါဘူး။ personal preference ကို ပြောပြတာပါ။ first page ကိုပဲ စ,စတွေ့ချင်းတုန်းက password confirmation မပါဘူးလို့တောင်ထင်မိပါတယ်။
ပြီးတော့ အဲဒီ ပထမ page မှာပဲ contact field မှာ G-Talk တောင်းထားတာနဲ့ပတ်သက်ပြီး အကြံပြုချင်ပါတယ်။ online user တော်တော်များများမှာ G-Talk account ရှိနေပေမယ့် အကြောင်းကြောင်းကြောင့် မရှိတဲ့သူ/မသုံးတဲ့သူများ ရှိခဲ့ရင် required field ဖြစ်နေတဲ့ အတွက် member ၀င်လို့ မရဘဲ ဖြစ်ပါလိမ့်မယ်။ (တစ်ချို့ GMail ကို sanction လုပ်တယ်ဆိုပြီး လုံးဝမသုံးတဲ့သူ တစ်ယောက်စ နှစ်ယောက်စ တွေ့ဖူးလို့ပါ။) ဒါကြောင့် optional ပဲ ထားပေးရင် ပိုကောင်းမယ်လို့ထင်ပါတယ်။
ပထမဆုံးအနေနဲ့ contribute လုပ်ရတဲ့အတွက် ၀မ်းသာပါတယ်။
MITR နဲ့ အတူ အသင်းသားအားလုံး တိုးတက်အောင်မြင်ကြပါစေ။ (ကျွန်တော် အပါအ၀င်ပေါ့ ... ဟဲ ဟဲ)
:cheer
Yours, MHZ