1 Ghost ရိုက်နည်း 19th January 2010, 2:50 pm
Guest
Guest
Ghost ရိုက်နည်းကို မပြောခင်မှာ ဘာဖြစ်လို့ရိုက်ကြသလဲ ???
Window တစ်ခါတင်မယ် ဆိုရင် ဘယ်လောက် performance ကောင်းတဲ့ PC ပဲဖြစ်ပါစေ ၊ အနည်းဆုံး မိနစ် ၂၀ လောက်ပေးရမယ်။ နောက် သူ့ကို ကိုယ်နဲ့ ကိုက်စပ်မှုရှိအောင် Zawgyi font , anti virus , auto run killer , neo , win zip ............. စုံသကာ စိ လိုက်ထည့်ရမှာလေ။ အဲဒီ့တော့ ကိုယ့်မှာ လိုအပ်တဲ့ ဆောဖ့်ဝဲလ်တွေ ဘယ်လောက်ရှိရှိ ၊ အနည်းဆုံး ၂ နာရီလောက်တော့ အချိန်ပေးရမယ်။ အင်း တကယ်လို့ ကိုယ်က အဲဒီ့ ၂ နာရီဆိုတဲ့ အချိန်နဲ့ စက်တစ်လုံးကို ထိုင်လုပ်တာ က အရေးမကြီးဘူးလေ။ Portal LAN Game လို စက်အလုံးပေါင်း ၉၉ လုံးကျော်ရှိတဲ့ နေရာမှာ window လိုက်တင်ပေးရမယ်ဆိုရင် အဲဒီ့လိုထိုင်တင်ပေးမလား။ ဒါဆိုရင်တော့ တစ်နှစ်လောက် အချိန်ပေးရမယ့်ပုံပေါ်တယ်။ ဒီတော့ ကိုယ်က စက်တစ်လုံးကို ပဲ ၂နာရီလောက်အချိန် ပေးပြီး တင်လိုက်။ ကျန်တာကတော့ Ghost ဆွဲလိုက်ပေါ့။(သူများတွေပြောတဲ့ လေသံ :find )
ကဲ ဆွဲခိုင်းပါပြီတဲ့.... ကိုယ့်ဘက်က ဘာတွေလိုမလဲ ???
တကယ်လို့ ဒီ Tut ကိုဖတ်ပြီးလိုက်စမ်းမယ်ဆိုရင် ကသိကအောက်တော့ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတစ်ချက်က Ghost ဟာ GUI ပေါ်မှာ အလုပ်မလုပ်နိုင်ပါဘူး။ cd နဲ့ boot တက်ပြီးမှ အသုံးပြုလို့ရတဲ့ software ဖြစ်နေလို့ပါ။ နောက်ပြီး သူက HDD တွေကို လုပ်ရတာဆိုတော့ ကိုယ့်စက်မှာ HDD တွေနှစ်လုံးလောက်ရှိတယ်ဆိုရင်တော့ ပြန်စမ်းရင် အဆင်ပြေတယ်။ ဒါပေမယ့် တစ်လုံးထဲဆိုရင်တော့ နည်းနည်း အဆင်မပြေဘူးပေါ့ဗျာ။ မေးခွန်းတောင် ပျောက်သွားတယ်။
ဘာတွေလိုမလဲ ????
လိုတာကတော့ Computer ပေါ့ ။ Ghost ရိုက်ပုံရိုက်နည်းက တစ်ခါတည်း တန်းရိုက်မယ်ဆိုရင်တော့ Disk to Disk Function နဲ့ Partition to Partition Function ကို သုံးရပါမယ်။ ဒီလိုသုံးမယ်ဆိုရင်တော့ ကန့်သတ်ချက်တွေကရှိလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူက HDD ကြီးတစ်ခုလုံး ၊ Partition ကြီးတစ်ခုလုံး ကို နောက်တစ်လုံးဆီကို ကော်ပီပွားပြစ်မှာလေ။ အဲဒီ့လိုပွားလိုက်မယ်ဆိုရင် ပထမက ကိုယ်ရိုက်လိုက်တဲ့ စက်နှစ်လုံးရဲ့ Motherboard brand , model no: တူဖို့အရေးကြီးပါတယ်။ နောက်တစ်ခုက Motherboard ပေါ်က North Bridge , South Bridge စတဲ့ Chip တွေကိုထုတ်လုပ်ပေးလိုက်တဲ့ Company (intel , vaio ) လိုမျိုးပေါ့။ နောက်တစ်ချက်က HDD နှစ်လုံးက brand , model no: တူဖို့လည်းအရေးကြီးပါတယ်။ ကျန်တာတွေကတော့ မတူလည်းရပါတယ်။ အခုပြောတဲ့ Motherboard , HDD တွေတူရမယ်ဆိုတာက ကိုယ်က Diisk to Disk , Partition to Partition နဲ့ တစ်ခါတည်းတန်းပြီး Ghost ဆွဲမှာမို့လို့ပါ။ စပြီး Ghost ဆွဲကြည့်ကြရအောင်။ ပထမဦးဆုံး ghost cd ခွေလိုပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်တို့ သုံးတာ Norton ကိုပဲသုံးတယ်။ ဒီနေရာမှာလည်း အခက်အခဲက ရှိလာပြန်ပြီ။ ဘာအခက်အခဲလည်းဆိုတော့ ကျနော်တို့ ဒီကနေပြီးတော့ download ဆွဲဖို့အတွက် link ကိုရှာလို့မရဘူး။ ရှိလည်းမရှိဘူးဗျ။ မနေ့တုန်းကတော့ သင်တန်းကနေ ghost exe ဖိုင်လေးတောင်းလာတယ်။ အဲဒါကို ပြန်ပေးလို့တော့ရတယ်။ ဒါပေမယ့် cd နဲ့ boot တက်ပြီးသုံးမယ်ဆိုရင် bootable cd ပြုလုပ်ရမယ့် ပြဿနာကရှိလာပြန်ရော။ သင်တန်းမှာကတော့ မိုက်တယ်။ Dual Boot တွေနဲ့လေ။ ဒီတော့ C: ထဲမှာ boot file တွေအားလုံးစုပြီးထည့်ထားလိုက်တယ်။ အဲဒီ့ ghost ရော။ window တက်ရင် microsoft window ကနေ သွားပြီး ghost ရိုက်လိုက်ရော။ ကဲ ထားပါ။ ကိုယ့်ဆီမှာတော့ Ghost ခွေရှိရမယ်နော်။ ရိုက်မယ်ဆိုတာနဲ့ CMOS ထဲက First Boot Device ထဲမှာ CD Rom ကိုကြော်ငြာ၇မယ်။ ပြီးရင် CD လေးထည့်လိုက်ပေါ့။ အဲဒီ့မှာ ကိုယ်ထည့်လိုက်တဲ့ CD ကနေ ghost ဆီသွားဖို့ browse လုပ်ပေးရမယ်။ Browse က GUI မှာဆိုရင်တော့ လွယ်တယ်။ mouse လေးနဲ့ ရွေးပေးလိုက်ရုံပဲ။ CUI မှာကြတော့ ကိုယ်က လမ်းကြောင်းရှာပေးရတယ်။ အဲဒီ့လိုရှာမယ်ဆိုရင် နံပါတ် ၁ က ကိုယ့် CD Drive ရှိတဲ့ letter ကို ရိုက်ပါ။ နောက်မှာ ၀စ္စနှစ်လုံးပေါက် ပုံစံ)ဒါလေးထည့်ရိုက်။ ပြီးရင်တော့ cd ghost ဆိုပြီးသာရိုက်ချလိုက် ။ အဲဒါအလွယ်ဆုံးပဲ။ ဒီအထိမှာ မရှင်းတာရှိရင်ပြောပါ။ ဥပမာ First boot drive ဘယ်လိုကြော်ငြာရလဲဆိုတာက အခုမှ ကွန်ပျူတာကို စလေ့လာနေတဲ့သူတွေ ၊ window မတင်တတ်တဲ့သူတွေအနေနဲ့တော့ ဘာမှန်းကိုသိမှာမဟုတ်ပါဘူး။ နောက်မရှင်းတာရှိရင်လည်းပြောပါ။ ကျနော် အတတ်နိုင်ဆုံးပြန်ရှင်းပြပေးပါ့မယ်။ ဒီ tut ကိုဖတ်ပြီးတာနဲ့ ကျနော်ကတော့ ghost မရိုက်တတ်တဲ့သူတွေအားလုံးကို ၊ ghost ရိုက်တတ်သွားစေချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ရေးတာပါ။ နောက် ghost ခွေမရှိဘူးဆိုရင်လည်း ဒီမှာပဲ တောင်းလို့ရပါတယ်။ ကျနော်တို့ ဆီမှာ အလကားလာယူလို့လည်းရပါတယ်။
ကျနော်ပြောဖို့နည်းနည်းကျန်သွားတယ်။ တကယ်လို့ ကိုယ့်မှာ Motherboard brand , model no: မတူဘူးဗျာ။ HDD ကလည်း မတူဘူး။ ဒါဆိုရင်တော့ ကိုယ် Ghost ရိုက်ချင်တဲ့ file တွေကို ပထမဆုံး ghost image ဆိုပြီးအရင်ရိုက်ရမယ်။ ဒီနေရာမှာလည်း HDD ကြိးတစ်ခုလုံးကို Ghost Image အဖြစ်ရိုက်နိုင်သလို ၊ Partition တစ်ခုတည်းကိုပဲ Ghost Image ရိုက်လို့ရပါတယ်။ အဲဒီ့လို image ရိုက်ပြိးမှ နောက် HDD တစ်လုံးထဲကို အဲဒီ့ Image ဆွဲထားတဲ့ Image File လေးကို ပြန်ပြီး Ghost ရိုက်ပေးလို့လည်းရပါတယ်။ ရိုက်နည်းကလည်း ဘာမှ မခက်ပါဘူး။ အဲဒါကိုတော့ နောက်တစ်ခေါက်မှ ပုံနဲ့ပြမယ်။