Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Naing Thu Ya

Naing Thu Ya
MITR New User



ဖိုရမ်လူကြီးများခင်ဗျာ
ကျွန်တော်က ဘုန်းတော်ကြီးများနှင့် နီးစပ်သည့်အတွက် ဘုန်းတော်ကြီးများရဲ့ ၀ိနည်းစည်းကမ်းများကို အတော်အသင့်သိထားပါတယ်
အဲ တစ်ခုမရှင်းတာက ဆော့ဝဲများကိုဘုန်းတော်ကြီးများ crack လုပ်ရင် ခိုးရာရောက်မရောက် မသိ ဖြစ်နေတာပါ
အိုင်တီစည်းကမ်းတွေနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှမသိတော့ မညှိတတ်ဘူးဖြစ်နေတယ်ဗျာ အဲဒါလေး တဆိတ်လောက်ရှင်းပြပေးပါ။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ windows တွေကို အလကားနီးပါးသုံးနေတာကေ၇ာ ခိုးရာကျပါသလားဗျာ
ရေးချင်တာရေးပြီးမှတောင်းပန်တော့မယ် ဒီစာကို ဒီနေရာမှာ ရေးရတာမဟုတ်ရင် တောင်းပန်ပါတယ်ဗျာ ကျွန်တော်က ဒီနေ့မှ အသင်းဝင်ဖြစ်လို့ပါ

N@Y Y!N3

N@Y Y!N3
Moderator



Moderator
Naing Thu Ya wrote:ဖိုရမ်လူကြီးများခင်ဗျာ
ကျွန်တော်က ဘုန်းတော်ကြီးများနှင့် နီးစပ်သည့်အတွက် ဘုန်းတော်ကြီးများရဲ့ ၀ိနည်းစည်းကမ်းများကို အတော်အသင့်သိထားပါတယ်
အဲ တစ်ခုမရှင်းတာက ဆော့ဝဲများကိုဘုန်းတော်ကြီးများ crack လုပ်ရင် ခိုးရာရောက်မရောက် မသိ ဖြစ်နေတာပါ
အိုင်တီစည်းကမ်းတွေနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှမသိတော့ မညှိတတ်ဘူးဖြစ်နေတယ်ဗျာ အဲဒါလေး တဆိတ်လောက်ရှင်းပြပေးပါ။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ windows တွေကို အလကားနီးပါးသုံးနေတာကေ၇ာ ခိုးရာကျပါသလားဗျာ
ရေးချင်တာရေးပြီးမှတောင်းပန်တော့မယ် ဒီစာကို ဒီနေရာမှာ ရေးရတာမဟုတ်ရင် တောင်းပန်ပါတယ်ဗျာ ကျွန်တော်က ဒီနေ့မှ အသင်းဝင်ဖြစ်လို့ပါ

ဟုတ်ကဲ့ ခင်ဗျာ .. ဖိုရမ်လူကြီးတွေ မဖြေခင် ကလေးဖြစ်တဲ့ကျနော် ဖြေကြည့်မယ် [You must be registered and logged in to see this image.] .. crack လုပ်တာက ခိုးတယ်မယူဆပဲ
နည်းပညာလေ့လာတယ်ပဲ သဘောထားလိုက်ပေါ့ ဟုတ်ဘူးလား .. ဆိုက်ကို တို့တော့ ပိုဖြေတတ်မယ်ထင်တယ် [You must be registered and logged in to see this image.] ကျတော့လည်းကျပါတယ် ဒါပေမဲ့ အဲလို သုံးရတာရော မကောင်းဘူးလား တင်ရ ဖြုတ်ရ လွယ်မှလွယ် ဟီး [You must be registered and logged in to see this image.] တကယ်တမ်း အဲဒါတွေအကုန်လုံး license တွေဖြစ်ကုန်ရင် သုံးရတာ လွယ်မယ် မထင်တော့ဘူး ဗျ .. [You must be registered and logged in to see this image.]

H3@v3n

H3@v3n
Contributor



Contributor
Naing Thu Ya wrote:ဖိုရမ်လူကြီးများခင်ဗျာ
ကျွန်တော်က ဘုန်းတော်ကြီးများနှင့် နီးစပ်သည့်အတွက် ဘုန်းတော်ကြီးများရဲ့ ၀ိနည်းစည်းကမ်းများကို အတော်အသင့်သိထားပါတယ်
အဲ တစ်ခုမရှင်းတာက ဆော့ဝဲများကိုဘုန်းတော်ကြီးများ crack လုပ်ရင် ခိုးရာရောက်မရောက် မသိ ဖြစ်နေတာပါ
အိုင်တီစည်းကမ်းတွေနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှမသိတော့ မညှိတတ်ဘူးဖြစ်နေတယ်ဗျာ အဲဒါလေး တဆိတ်လောက်ရှင်းပြပေးပါ။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ windows တွေကို အလကားနီးပါးသုံးနေတာကေ၇ာ ခိုးရာကျပါသလားဗျာ
ရေးချင်တာရေးပြီးမှတောင်းပန်တော့မယ် ဒီစာကို ဒီနေရာမှာ ရေးရတာမဟုတ်ရင် တောင်းပန်ပါတယ်ဗျာ ကျွန်တော်က ဒီနေ့မှ အသင်းဝင်ဖြစ်လို့ပါ



လူကြီး မဟုတ် ပေ မဲ. ဆွေး နွေး ပါရ စေ

မရှင်း လို.

ဘုန်းတော်ကြီးများ ကိုယ် တိုင် crack လုပ်တာ ပြော တာလား

သို. မဟုတ်

ဘုန်းတော်ကြီးများ ကို crack လုပ်ပေး တာ ကို ပြောတာ လား


ဆရာ တော် ကြီးတွေ ဆီ လျှော က် ရင် ကောင်း မယ် ထင် တယ် ဗျ [You must be registered and logged in to see this image.]

sHa92

sHa92
Founder



Founder
အစ်ကိုက သာသနာပိုင်းနဲ့ မေးထားတော့ အဲဒါနဲ့ အရင်ဖြေမယ်နော်။

Crack လုပ်ပြီးသား Software တွေသုံးရင် ခိုးရာမြောက်ပါတယ်။
သူတစ်ပါး ပစ္စည်းကို တရားမ၀င် ခိုးယူ သုံးဆွဲမှုပေါ့။ Razz

ဘုန်းတော်ကြီးတွေ အနေနဲ့ Pirate OS တွေ သုံးရင်လည်း ၀ိနည်းနဲ့ မကိုက်ညီပါဘူး။ အဲဒါကြောင့် ခုဆို မြန်မာနိုင်ငံလည်း Windows တွေကို လိုင်စင်နဲ့ရောင်းကုန်ပြီလေ။

နည်းပညာပိုင်း အရပြောမယ်ဆိုရင်တော့ Crack လုပ်တာ ခိုးတာမဟုတ်ပါဘူး။
နည်းပညာရပ်တစ်ခုကို လေ့လာတာဖြစ်ပါတယ်။ Software တစ်ခုမှာ အဲဒီ့ software နဲ့ မသက်ဆိုင်တဲ့ မကောင်းတဲ့ ကုဒ် အချို့ ထည့်ထား မထားကိုလည်း Crack လုပ်ခြင်းနဲ့မှသာ ရှာဖွေတွေ့ရှိနိုင်တာပါ။
ရှင်းရှင်းပြောရမယ်ဆိုရင် Reverse Engineering ဆိုတာ software ရဲ့ မူပိုင်ခွင့်လိုင်စင်ကို ချိုးဖောက်ခြင်းလို့ဘဲ မမြင်ဘဲနဲ့ အခြားသော ကောင်းမှုမျိုးစုံကိုလည်း လုပ်လို့ရပါတယ်ဆိုတာ ပြောကြားရင်း အဖြေလေးလည်း ပြည့်စုံသွားပြီလို့ထင်ပါတယ်။ Smile

http://www.myanmaritresource.info

alt.332

alt.332
Administrator



Administrator
ပြန်မေးပါရစေ ကျွန်တော်မရှင်းလို့ပါ...အစ်ကိုက သာသနာပိုင်းနဲ့မေးထားတယ်ဆိုတော့ ကျွန်တော်ပြန်မေးတာလေးကိုလည်းရှင်းပြနိုင်မယ်ထင်ပါတယ်...ကျွန်တော်တို့က software တစ်ခုကို Crack လိုက်တယ်...ခိုးမှုမြောက်သွားတယ်...ကဲ...ကျွန်တော်တို့ Crack လိုက်တဲ့ ကောင်လေးနဲ့ လူအများကြီးအဆင်ပြေသွားမယ်ဆိုရင်ရော...ကုသိုလ်ပြန်မရနိုင်ဘူးလား...သူတစ်ပါးကိုကူညီရာရောက်တာပဲ... ဥပမာ သူခိုးကြီးငတက်ပြားလိုပေါ့...

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ပြန်မေးပါရစေ ကျွန်တော်မရှင်းလို့ပါ...အစ်ကိုက
သာသနာပိုင်းနဲ့မေးထားတယ်ဆိုတော့
ကျွန်တော်ပြန်မေးတာလေးကိုလည်းရှင်းပြနိုင်မယ်ထင်ပါတယ်...ကျွန်တော်တို့က
software တစ်ခုကို Crack
လိုက်တယ်...ခိုးမှုမြောက်သွားတယ်...ကဲ...ကျွန်တော်တို့ Crack လိုက်တဲ့
ကောင်လေးနဲ့
လူအများကြီးအဆင်ပြေသွားမယ်ဆိုရင်ရော...ကုသိုလ်ပြန်မရနိုင်ဘူးလား...သူတစ်ပါးကိုကူညီရာရောက်တာပဲ...
ဥပမာ သူခိုးကြီးငတက်ပြားလိုပေါ့...

တော်လိုက်တာဖြေလိုက်ပုံက
တစ်ယောက်အတွက်မကောင်းပေမယ့် မ၀ယ်နိုင်တဲ့သူအတွက်ကောင်းပါတယ်

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ခုနက ပြောဖို့ ကျန်သွားတယ်။

ကျနော်တို့ဆိုရင်လည်း အခု Forum မှာ အသင်းသားတိုင်းအတွက် အဆင်ပြေစေရေးကို ရှေးရှုပြီးတော့ Cracking Service ကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
မှန်ရာကို ပြောရမယ်ဆိုရင် အဲလိုလုပ်ပေးတာ ကျနော်တို့အတွက်တော့ တကယ့်ကို ငရဲကြီးတာပါ။ Smile

ကျနော်တို့ ခရက်လုပ်ပေးလိုက်တဲ့သူက အဲဒီ့ဆော့ဝဲကို သုံးတိုင်း ကျနော်တို့က ငရဲကြီးနေပါလေရောဗျာ။
ဒါပေမယ့်လည်း လူတိုင်းကို အဆင်ပြေစေချင်လို့ ငရဲကြီးခံပြီးကို လုပ်ပေးနေပါတယ်။ ဖိုရမ်မင်ဘာတွေကို အဲလိုချစ်တာ။ (ခက်တာက ဘယ်သူမှ သိပ်မတောင်းကြသေးတာ ခက်တယ်။ Razz)

http://www.myanmaritresource.info

Naing Thu Ya

Naing Thu Ya
MITR New User



ဟုတ်ကဲ့ဗျာ အခုလို အပြုသဘောဆောင်တဲ့ စကားတွေကြားရတာ ကျွန်တော် အတိုင်းမသိ ၀မ်းသာမိပါတယ်
ဟုတ်ကဲ့ ဖိုရမ်လူကြီးများ ဆိုတဲ့ စကားအစား ဖိုရမ်မှ ကိုကို ညီညီ မမ ညီမ များလို့ပြောင်းလဲ သုံးစွဲသွားပါ့မယ်
သူခိုးကြီးငတတ်ပြားလို အင်း ပါရမီမြောက်အောင် လုပ်တယ်ဆိုရင်တော့ ကုသိုလ် ကောင်းတစ်ခုပေါ့ဗျာ
ပါရမီမြောက်ဆိုတာက နိဗ္ဗာန်ကိုရည်မှန်တယ် အခြားတောင့်တချက်မရှိဘူး လောကအတွက်ပြုလုပ်တယ်ပေါ့ (အပြည့်အစုံတော့မဟုတ်ပါဘူး အနီးအစပ်ဆုံး မှတ်မိသလောက်ပါ)
အဲဒီလိုမျိုးဆိုရင်တော့ အခုပြုလိုက်တဲ့ ငတတ်ပြား အမှုက ငရဲနဲ့တန်ရင် ငရဲ သွားရပါမယ် အဲ ကုသိုလ်စေတနာ က မွန်မြတ်တဲ့အတွက် တန်တန်ရာ ပြစ်ဒဏ်ခံပြီးရင်တော့ ပါရမီကုသိုလ် ကကြည့်မနေတော့ဘူးပေါ့ဗျာ၊ ဘုရားရှင် နုစဉ်က ပြုလုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ ပါရမီဖြည့်ရင်းနဲ့ ငရဲ တိရိစ္ဆာန် အစရှိတဲ့ မကောင်းတဲ့ ဘ၀တွေကို ရောက်တာက သူပြုခဲ့တဲ့ ခိုးမှု သူ့မယားပြစ်မှားမှု လူသတ်မှု စတာတွေနဲ့ ငရဲ စသည်ကိုရောက်ခဲ့ရတာပါ၊ ဒါပေသည့် ပါရမီ ကုသိုလ်က ပါရမီကုသိုလ်ပဲလေ နောက်ဆုံးတော့ ပါရမီပြည့်ပြီး ဘုရားဖြစ်ခဲ့တာပဲ မဟုတ်လား
ကျွန်တော့်စကား ဝေ့သွားပြီ ပြောချင်တာက ဘာကြောင့်ပဲလုပ်လုပ် အကုသိုလ်က အကုသိုလ်ပါပဲ သူ့သဘောအတိုင်း မကောင်းကျိုးကိုပေးမှာပါ၊ နောက်တစ်ခုပြောချင်တာက ပေးရတာနဲ့ ရတာ တန်တယ်ထင်ရင် လုပ်ပါ၊ မတန်မရာပေးရပြီး ရလာတဲ့ အကျိုးက မဆိုစလောက်ဆိုရင် မလုပ်ဖို့ပါပဲ
ကျွန်တော့စကားတွေ မှားတယ် ဆိုရင် အပြစ်ခံယူပါ့မယ် အားမနားတမ်းပဲ ကောင်းရာကို ညွှန်ကြားပေးကြပါ။

C0D3R

C0D3R
MITR Master



MITR Master
အခုလိုအကြံပေးတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ကိုနိုင်သူရရေ

http://www.myanmaritresource.info

Naing Thu Ya

Naing Thu Ya
MITR New User



နည်းနည်းလောက်ထပ်ရေးမယ်နော် မရှင်းလို့
အခုမြန်မာနိုင်ငံမှာ ဆော့ဝဲတွေကို 500 ကျပ် လောက်ပေးရင် လိုချင်တဲ့ဆော့ဝဲရနေပါတယ်
ပြိးတော့ အဲဒီဆိုင်တွေက တခန်းတနားကိုဖွင့်ပြီးရောင်းနေကြတာ
အဲဒါကရော ဥပဒေနဲ့ ဘယ်လိုနေမလဲ တရားဝင်လား ခိုးကူးလား
သိချင်တယ်ဗျာ
ဆွေးနွေးပေးကြပါ
အဲ နောက်တစ်ခုက အဲဒီဆိုင်ကနေ ပိုက်ဆံပေးဝယ်တာကရော
ဘယ်လိုနေမလဲ ခိုးရာရောက်မလားပေါ့
အလေးအနက်ထားဆွေးနွေးပေးကြပါလို့

sHa92

sHa92
Founder



Founder
ရှင်းရှင်းလေးပါ။ ၅၀၀ တန်ဆိုင်က တရားမ၀င်ခွေတွေပေါ့။ ဥပဒေနဲ့ ငြိတာကတော့ တော်တော်လေးငြိတာပါ။
ဒါပေမယ့် ing နိုင်ငံလေ။ ed မှမဟုတ်သေးတာ။ ဒီလောက်တော့ ရှိနေမှာပေါ့။
အခုလို တစ်ခွေ ၅၀၀ နဲ့ ရလာလို့ မြန်မာနိုင်ငံအိုင်တီအဆင့်အတန်း သူများထက်နောက်ကျမနေတာလေ။
အကုန်သာ ၀ယ်သုံးနေရရင် ၊ ခုလောက်မြန်မြန်ကြီး မတိုးတက်သေးဘူး။

အခုဆိုရင် Windows ကိုလည်း တရားဝင်ရောင်းလာပြီဆိုတော့ လိုင်စင်ခေတ်ရောက်တော့မယ်ထင်တယ်။
အဲလိုသာဆိုရင် Windows သမားတွေသေပြီ။ ကျနော်တောင် Linux ကူးမလားလို့ စဉ်းစားနေတာ။ Very Happy

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com