1 greetings from Min Htun Zaw 24th January 2010, 6:30 pm
Min Htun Zaw
MITR New User
MITR အသင်းသားများအားလုံး မင်္ဂလာပါ။ ကျွန်တော်က မင်းထွန်းဇော်ပါ။
ဒီနေ့နေ့လည်ကပဲ ဘားကမ့်မှာ attacker နဲ့ $ƴǩǾ တို့ ပြောသွားတာကို နားထောင်ခဲ့ရပါတယ်။ Myanmar IT Resources ဆိုတဲ့ နာမည် အတိုင်းပဲ IT resource တွေကို တော်တော်လေး စုံစုံလင်လင် ကြိုးစားပေးထားတာတွေ့ရတာ အင်မတန်မှ ကျေးဇူးတင်မိပါတယ်။ မြန်မာတွေအားလုံးကိုယ်စားလည်း ၀မ်းသာမိပါတယ်။ ကျွန်တော်လည်း MITR မှာ active member တစ်ယောက်အနေနဲ့ contribute လုပ်သွားချင်ပါတယ်။ အခုလောလောဆယ်တော့ member ၀င်ပြီးသွားပါပြီ။
ကျွန်တော့် အကြောင်း နည်းနည်းမိတ်ဆက်ချင်ပါတယ်။ ကျွန်တော် အရင်က networking လေ့လာပါတယ်။ construction company တစ်ခုမှာ network admin အနေနဲ့ တစ်နှစ်လောက် အလုပ်လုပ်ခဲ့ဖူးပါတယ်။ MCSE ယူဖို့ အစီအစဉ်ရှိခဲ့ပေမယ့် MCP ပဲဖြေဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ programming လည်း စိတ်ဝင်စားမိတာနဲ့ သင်တန်းတစ်ခုနှစ်ခု တက်ပြီး နည်းနည်းလေ့လာဖူးပါတယ်။ အခုတော့ programming နဲ့ပဲ career ကို ဆက်ဖို့ ဆုံးဖြတ်လိုက်လို့ junior programmer တစ်ယောက်အနေနဲ့ အလုပ်စ၀င်တာ သုံးလလောက်ရှိပါပြီ။ programming စိတ်ဝင်စားလို့ ၀င်လုပ်တာမှန်ပေမယ့် programming ကို ရေရေလည်လည် မကျွမ်းကျင်သေးပါဘူး။ ဖြည့်စရာတွေက အတော်များနေတော့ အလုပ်မှာလည်း တစ်ခါတစ်ခါ အဆင်မပြေတာလေးတွေရှိလာတော့ စိတ်ဓာတ်ကျရတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် "keep smiling no matter what" လို့ ကိုယ့်ကိုကိုယ် အားပေးပြီးခရီးဆက်နေပါတယ်။ ကျွန်တော့်ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ် adventure မှာ MITR က အထောက်အကူအများကြီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှကိုလည်း MITR အသင်းသားအားလုံးအတွက် ပြန်လည် contribute လည်းလုပ်သွားမှာပါ။
That's all for now, everybody. It's really nice to be a part of MITR. :cheer