1 Adobe သည် ၂၀၁၀ တွင် ဟက်ဟာများ၏ အဓိကပစ်မှတ် ဖြစ်လာဖွယ်..[Article] 6th January 2010, 5:32 pm
Guest
Guest
Adobe Systems ကထုတ်လုပ်တဲ့ Flash နဲ့ Acrobat Reader ထုတ်ကုန်များဟာ Microsoft ရဲ့ Office application များကိုကျော်လွန်ကာ ၂၀၁၀ခုနှစ်တွင်ဟက်ကာများရဲ့အဓိကပစ်မှတ် ဖြစ်လာဖွယ်ရှိကြောင်း McAfee မှ လုံခြုံရေးသုတေသီတစ်ဦးက ခန့်မှန်းပြောကြားလိုက်ပါတယ်။
အဆိုပါလုံခြုံရေးသုတေသီ ရဲ့အဆိုအရ ဆိုက်ဘာဒုစရိုက်သမားများဟာ Microsoft ထုတ်ကုန်များမှ တဆင့် ကာလကြာရှည်စွာ တိုက်ခိုက်လာခဲ့ပြီး၂၀၁၀ ခုနှစ်မှာတော့Adobe ဆောဖ့်ဝဲ
များ အထူးသဖြင့် Acrobat Reader နဲ့ Flash တို့ကိုပစ်မှတ်ထား တိုက်ခိုက်လာဖွယ်ရှိကြောင်းသိရပါတယ်။
Adobe မှ CTO ဖြစ်သူ Kevin Lynch ကလည်း Flash player နဲ့ Reader တို့မှ တဆင့်တိုက်ခိုက်မှုများဟာ မြင့်တက်လာကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလတွင် ကျင်းပခဲ့တဲ့ Adobe Maxကွန်ဖရင့်စ် မှ ၀န်ခံပြောကြားခဲ့ပါတယ်။
Credit : အင်တာနက်ဂျာနယ်