1 ကိုယ်နေထိုင်တဲ့ အိမ်လေးအတွက် ဆောင်ပုဒ်လေး တစ်ခုလောက် ရွေးပေးကြပါဦး 24th December 2009, 10:43 am
sHa92
Founder
ဆောင်ပုဒ် ဆိုတာ လူတစ်ဦးတစ်ယောက် ၊ အဖွဲ့ အစည်း တစ်ခုရဲ့ ဦးတည်ချက် ၊ ရည်ရွယ်ချက်တွေကို ထိမိစေဖို့ ဖော်ညွှန်းတဲ့ အရာဖြစ်ပါတယ်။
အဲလိုဘဲ ကျနော်တို့ Myanmar IT Resource ဖိုရမ်ဟာလည်း ကျနော်တို့ရဲ့ ဦးတည်ချက် ၊ ရည်ရွယ်ချက်တွေကို ဖော်ညွှန်းဖို့ အတွက် ဆောင်ပုဒ်တစ်ခုခုကို ပြုလုပ်သင့်တယ်လို့ထင်မြင်မိပါတယ်။
အခုချိန်မှာတော့ ကျနော်ကိုယ်တိုင် စဉ်းစားထားတဲ့ ဆောင်ပုဒ်လေးတွေရှိပြီးသားဖြစ်နေပါပြီ။
ဒါပေမယ့်လည်း MITR ဟာ ကျနော်တစ်ယောက်ထဲ ပိုင်တာမဟုတ် ၊ Member အများစုနဲ့ ဖွဲ့စည်းထားပြီး ၊ ဖိုရမ်ထဲမှာရှိတဲ့ အသင်းသား အားလုံးပိုင်တဲ့ မိသားစု အိမ်လေး တစ်လုံးဖြစ်တာကြောင့် အသင်းသားတို့ရဲ့ အတွေးတွေ စိတ်ကူးတွေကိုလည်း တင်ပြပေးဖို့ ကျနော်တောင်းဆိုပါတယ်။
အားလုံးက ကိုယ်နေတဲ့ အိမ်လေးမှာ ဆောင်ပုဒ်ကောင်းကောင်းလေး တစ်ခုရှိစေချင်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ဝိုင်းဝန်း စဉ်းစားပေးကြပါဦး။
ကျနော် စဉ်းစားထားတာလေးကတော့
အဓိပ္ပါယ်လေးကတော့....
ကူညီ - “အတတ်ပညာတစ်ခုအား လေ့လာရန်ခက်ခဲနေသောသူများ ၊ Computer နှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိနေသူများအား လက်တွဲကူညီရန်”
မျှဝေ - “မိမိတတ်ထားသော ပညာရပ်များအား ၊ အခြားသူများနှင့် အပြန်အလှန်မျှဝေ ဆွေးနွေးနိုင်စေရန်”
တိုးတက်စေဖို့ - “မြန်မာနိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာအား နိုင်ငံတစ်ကာနှင့်အညီ ခေတ်မှီစွာ ရင်ဘောင်တန်း၍ တိုးတက်လာစေရန်အတွက် မိမိတို့အနေနဲ့ အုတ်တစ်ချပ် ၊ သဲတစ်ပွင့် အဖြစ်ဖြင့် ကူညီသွားရန်”
Myanmar IT Resource ဖိုရမ်သို့ သွားကြပါစို့
ဆိုပြီးတော့ဘဲ ဖြစ်ပါတယ်။ ကျနော်စဉ်းစားထားတာဆိုတော့ ကျနော့်စိတ်ကြိုက်ပေါ့။ ဖိုရမ်ရဲ့ မိသားစုဝင်တွေ ကြိုက်ချင်မှလည်း ကြိုက်ကြမှာပါ။ အဲဒီ့အတွက် အားလုံးကလည်း မိမိတို့ရဲ့ ဆန္ဒလေးတွေကို
ထုတ်ဖော်ပြောပေးကြဖို့ ဖြစ်ပါတယ်။
အောက်က ၂ ခုကတော့ နောက်ထပ် ပြောင်းမယ့် ဘန်နာမှာ ထည့်ချင်တဲ့ စာဖြစ်ပါတယ်။

ကူညီ ၊ မျှဝေ ၊ တိုးတက်စေဖို့ ၊ MITR ဖိုရမ်ကို ၊ သွားကြစို့

- Code:
Share your IT thoughts through MITR
I N F O R M A T I O N...T E C H N O L O G Y...P O R T A L...F O R...M Y A N M A R