1 ဖိုရမ် အုပ်ချုပ်သူအားလုံး Topic စဖွင့်တဲ့ ပုံစံပြောင်းကြရအောင် 18th December 2009, 3:45 pm
sHa92
Founder
ကျနော် ဖိုရမ်ရဲ့ အရေးကြီးဆုံးသော Active မဖြစ်တဲ့ အကြောင်းအရင်းကို တွေ့ထားလို့ပါ....
အရင်ကတည်းက ကြုံတွေ့နေရတဲ့ ပြဿနာပါ။ အားလုံးလည်းသိပါတယ်။
ကျနော်တို့ ဖိုရမ်မှာ ရေးချင်တဲ့သူက ရေးချင်တာတွေရေးပြသွားတဲ့ ပုံစံမျိုးကိုဘဲ တွေ့မြင်ရပြီးတော့ Open Discussion လိုမျိုး Post တွေ မတွေ့ရသေးပါဘူး။
အဲဒီ့ပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့က Topic စရင် Open Discussion ပုံစံကိုဘဲ စပေးသင့်ပါတယ်။ (တခြား Tutorial တွေမျိုးလည်း တင်တာက တင်ပေါ့)
ကျနော် အဲဒီ့ ပြဿနာကို ဖြေရှင်းဖို့ အရင်ကတည်းက တဖြေးဖြေးစကြည့်နေတာပါ။ ဥပမာ Linux & Windows Network ချိတ်တာ မချိတ်တတ်ဘူးဆိုပြီး မေးတဲ့ ပိုစ့်မျိုးနဲ့ပေါ့။
အဲလို မေးလိုက်တော့ သိတဲ့သူတွေက ၀င်ဆွေးနွေးမယ်။ ၀င်ဖြေရင်းနဲ့ ဖိုရမ်က Active ဖြစ်လာပါလိမ့်မယ်။
အခုဆိုရင် ကျနော် ဒီနေ့ နောက်ထပ် Open Discussion ပုံစံ Topic တစ်ခုတင်ထားပါတယ်။
အဲလိုမျိုး Topic လေးတွေ တင်ရင် နောက်ပိုင်းမှာ ဖိုရမ်အနေနဲ့ Active ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ Beginner တွေပါ ဆွေးနွေးနိုင်အောင် အရေးအသား သတိထားပေးပါ။
သူတို့ကိုလည်း ပါဝင်လာအောင် ဆွယ်ရင်ပိုအဆင်ပြေပါတယ်။
ဒီလောက်ပါဘဲ။ ဆက်ဆွေးနွေးပေးပါဦး

- Code:
http://www.myanmaritresource.info/general-hacking-f126/hacking-security--t1736.htm#8359