Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Guest

Anonymous
Guest
IT နည်းပညာနယ်ပယ်သည် အဆုံးမရှိသော ခရီးရှည်ကြီးနှင့်တူသည်။ ယင်းသို့အဆုံးမရှိသော ခရီးရှည်ကြီးတွင် IT နည်းပညာရှာမှီးသူများနှင့်တတ်ကျွမ်းနားလည်သူ များက ကန့်သတ်မဲ့မိုင်နှုန်းဖြင့်မောင်းနှင်သွားလာလှုပ်ရှားလျက်ရှိကြသည်။ ယနေ့ခေတ်သည် (Knowledge Age)ဖြစ်သည့်နှင့်အညီ သတင်းစာများအတွက် IT နည်းပညာများသည် အရေးပါ၍
အရာရောက်လာသည်။ သတင်းဦး သတင်းထူးများ ရရန် IT နည်းပညာသည် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်လာသည်။ IT နည်းပညာတတ်ကျွမ်းသည့်၊ နားလည်သည့် သတင်းဌာနများ ၊သတင်းသမား များသည် BGAN နည်းပညာကိုအသုံးပြု၍ သတင်းအချက်အလက်များကိုပေးပို့နေကြ ပြီဖြစ်သည်။ BGAN (Broadand Global Area Network) နည်းပညာ ကမ္ဘာလုံး ဆိုင်ရာ မြန်နှုန်းမြင့်နည်းပညာဖြစ်ပြီး သတင်းအချက်အလက်များကိုအခုရိုက် အခုပို့နိုင်သည့် နည်းပညာဖြစ်သည်။ Broadband သည် Wirelineသို့မဟုတ် Fire-Optic Cable လိုင်းများကိုအသုံး ပြု၍ သတင်းအချက်အလက်များစွာကို အနည်းဆုံး KBPs နှုန်းဖြင့် တစ်ပြိုင်တည်းအမြန်ပို့လွှတ်ပေးနိုင်သည့် ခေတ်မီဆက်သွယ်ရေးစနစ်ဖြစ်သည်။ BGAN Technology
ကို CNN ရုပ်မြင်သံကြားဌာနက အရှေ့အလယ်ပိုင်း ပြဿနာများ သတင်းပို့ပေးရန် စတင်အသုံးပြုခဲ့ပြီး British Broad Casting Corporation (BBC) သတင်းဌာနက(၂ဝဝ၆)ခုနှစ်၊ ဇွန်လက အာဖကန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားသည့်စစ်ပွဲများတွင် စတင်အသုံးပြုခဲ့သည်။ BGAN Technology သည်သတင်းသမားများအတွက် Video Camera၊ Degital Camera တို့နှင့်ရိုက်ကူးပြီး အရုပ်နှင့်အသံကို ချက်ချင်းသတင်းပေးပို့နိုင်သကဲ့သို့ ဖုန်းနှင့်လည်းသတင်းပို့နိုင်သည့် နည်းပညာဖြစ်သည်။ ယင်းနည်းပညာကို သတင်းဌာန များတွင်သာမက ကြည်း၊ ရေ၊ လေ တပ်မတော်များ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမျး၊ ပညာရေးလုပ်ငန်းများ စသည်တို့တွင်အသုံးပြုနိုင်သည်။ BGAN Technology ဖြင့် ကောင်းကင်
သတင်းပေးပို့ချက်များတွင် အသုံးပြုရန် Streambore Video Tramsport Systemကိုအသုံးပြုရသည်။ Streambore အရွယ် ပမာဏနှင့် အလေးချိန်မှာအမြင့်(၁၁၉)မီလီမီတာ၊ အလျား(၄၉၄) မီလီမီတာ၊ အနံ(၃၅၄) မီလီမီတာရှိပြီးအလေးချိန်မှာ (၆)ဒဿမ(၅)ကီလိုဂရမ်သာရှိသဖြင့် သယ်ဆောင်ရလွယ်ကူ သည့်သေတ္တာငယ်ကလေးတစ်လုံးမျှသာဖြစ်သည်။ Streambore တွင် ဘက်ထရီအပါအဝင် Video Camera၊ Degital Camera၊ ရေဒီယိုတယ်လီဖုန်း၊ ရေဒီယိုနားကြပ်စသည့်တို့ကို ရွေးချယ်အသုံးပြုနိုင်သည့် အခွင့်အရေး ရှိသည်။ သို့သော် ယင်း Streambox ကိုအသုံးပြုရာတွင် BGAN နည်းပညာသုံး Terminal တစ်ခုလိုအပ်သည်။ ယင်းTerminal ကို အသုံးပြုရာတွင် အကာအကွယ်မရှိသည့် နေရာဖြစ်ပြီး
ကောင်းကင်နှင့်တိုက်ရိုက် ထိတွေ့နေစေရန် လိုအပ်သည်။သို့သော်အချို့သတင်းသမားများသည် Streambox ကိုအသုံးမပြုဘဲ Terminal နှင့် Laptop Computer အကြား ကြားခံအဖြစ် Skypipe ကိုအသုံးပြု၍မိမိတို့ရရှိသည့်သတင်းများ၊ သတင်းဓာတ်ပုံများကို ကောင်းကင်သတင်းအဖြစ် အင်တာနက်မှ တစ်ဆင့်ခုရိုက်ခုပို့ကြသည်။ သို့အတွက် အချို့သောသတင်းဌာနများသည် BGAN Technologyနည်းပညာကိုအသုံးပြု၍ သတင်းဦးသတင်းထူးများကို ရရှိနေကြခြင်းဖြစ် သည်။ ယနေ့ (၂၁)ရာစု နည်းပညာခေတ်သည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာခေတ် (Information and Communication Technology) ဖြစ်၍ ICT နည်းပညာနှင့်Telecommunication နည်းပညာများကို လိုအပ်သလို သီးခြားဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ အသုံးပြုနိုင်ပြီဖြစ်သည်။ BGAN Technologyအသုံးပြုရာတွင် ရိုးရှင်းလွယ်ကူသည့် နည်းပညာတစ်ခု ဖြစ်သည်။ Video Camera သို့မဟုတ် Digital Camera ကိုအသုံးပြု၍ သတင်းရယူရာ တွင်ပုံနှင့်အသံများကိုIFB Client (Network file Server, Shared Service ရယူသည့် ယူနစ်တစ်ခု)
ပါရှိသည့် Laptop Computer (Portable Encorder) သို့ပေးပို့သည်။ထိုမှတစ်ဆင့် BGAN Terminical? Satellite၊ ဂြိုဟ်တုစလောင်းတို့မှ News Studio သို့အဆင့်ဆင့်ပေးပို့သည်။ သို့တည်းမဟုတ် DSL, Internetတို့မှတစ်ဆင့် New Studio သို့လည်း အဆင့်ဆင့်ပေးပို့နိုင်သည်။ ယင်းနည်းပညာအရ သတင်းများကိုချက်ချင်းလွှင့်ထုတ်နိုင်သကဲ့သို့ တည်းဖြတ်ပြီးမှ လွှင့်ထုတ်နိုင်သည်။ BGAN Technology သည်သတင်းသမားများအတွက် သတင်းပေးပို့ရုံမျှသက်သက်မဟုတ်ဘဲ New Studio မှလည်း သတင်းအချက်အလက်များ ပြန်လည်ရယူနိုင်သည့် နည်းလမ်းပညာဖြစ်သည်။နည်းပညာတိုးတက်ပြောင်းလဲမှုဖြစ်စဉ်အရ အမေရိကန်နိုင်ငံ 9/11 အကြမ်းဖက်
မှုတွင် မိုဘိုင်းဖုန်းသတင်းပေးပို့ချက်၊ အီရတ်နိုင်ငံ သမ္မတဟောင်း ဆဒမ်ဟူစိန် ကြိုးမိန့် ပေးခံရပုံ အရုပ်အသံပါရှိသည့်ဗီဒီယိုမှတ်တမ်းရိုက်ကူး သတင်းပေးပို့မှုနှင့် ကမ္ဘာလုံးဆိုင် ရာ
မြန်နှုန်းမြင့် ကွန်ရက်နည်းပညာ (BGAN Technology) များကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲသတင်း အာဖဂန်နစ္စတန်စစ်ပွဲများအပြင် တစ်ကမ္ဘာလုံး၌ဖြစ်ပေါ်လျက် ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ သတင်းဦးသတင်းထူးများကို စက္ကန့်မခြား ကြည်ရှုနေကြရပြီဖြစ်သည်။ သို့အတွက်သတင်းဌာနများ၊ သတင်းသမားများသည် လက်လှမ်းမီသမျှ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ (Information and Communication Technology) ကိုအသုံးပြု၍ သတင်းရယူပေးပို့နိုင်ခြင်းဖြင့် သတင်းဦး သတင်း ထူးများဖော်ပြကာအောင်မြင်မှုသရဖူကို ဆွတ်ခူးပန်ဆင်လျက်ရှိကြပေသည်။

Source : လျှပ်တပြက်ဂျာနယ်

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com