Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

aungwin

aungwin
MITR New User



ကျွန်တော် memory stick ကတခြားcomputerမှာပေါ်ပြီးကျွန်တော်computer
မှာမပေါ်ဘူးဖြစ်နေတယ်တခြား stick တွေထိုးကြည့်တော့computer မှာ
ပေါ်နေပြန်ရော ကူညီကြပါအုံး

K0ht3t

K0ht3t
Moderator



Moderator
အဲ ..... အဲဒီ့လိုတော့ ကြုံဖူးသေးဘူး ဗျ.. အပေါက် စုံအောင်ထိုးကြည့်ဗျာ .. Very Happy Very Happy

C0D3R

C0D3R
MITR Master



MITR Master
အခြား computer မှာကောထိုးကြည့်တာပေါ်လား

ပြီးတော့ ညီ computer မှာကော အခြား memory stick တွေထိုးတာရလား

နည်းနည်းလောက်အသေးစိတ်ပြောပြပါလားဟင်

http://www.myanmaritresource.info

Guest

Anonymous
Guest
USB Device not recognized လို့ပေါ်နေတာလား။
ဒါဆိုရင် Registery ကိုနည်းနည်းကလိရလိမ့်မယ်။ဒီနေရာကို ကြည့်ကြည့်လိုက်ပါ။
Code:

http://support.microsoft.com/kb/871233

ဒါမှမဟုတ် အောက်က ပိုစ့်ကိုကြည့်ကြည့်ပါလား။
Memory Stick များ My Computer မှာ မပေါ်တဲ့ပြဿနာ

Memory Stick ကို ကွန်ပျူတာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။

အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူတာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။

ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။

အဲဒါနဲ့ Run ထဲမှာ G: လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ G: က ဖျက်ခနဲပွင့်လာပြီး ပြန်ပျောက်သွားတယ်။ နောက်တစ်ဆင့်အနေနဲ့ Command Prompt ကနေ G: ကို access လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရတယ်။ ကဲ ဒါဆို Windows Explorer က ဖြစ်နေတာ သေချာသွားပြီပေါ့။

အဲဒါနဲ့ပဲ Registry Editor ကိုဖွင့်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ My Computer မှာပေါ်တဲ့ C: တွေ D: တွေကို MountPoint လို့ သုံးစွဲတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ Registry Editor မှာ MountPoint နဲ့ ပတ်သတ်တဲ့ Value တွေကို လိုက်ရှာကြည့်ပါတယ်။ မသကာင်္တာတွေ့ရင် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

တခြား Program တွေကြောင့်များလားဆိုပြီး Install လုပ်ထားတဲ့ Program တွေကို လိုက်ကြည့်လိုက်ပါတယ်။ အဲဒီမှာ Daemon Tools တင်ထားတာကို တွေ့လိုက်ရပါတယ်။ DT က သုံးမှာမို့တင်ထားတာလားလို့ Customer ကို မေးကြည့်တော့ မဟုတ်ဘူး ဘယ်သူတင်ထားမှန်းမသိဘူးလို့ ဖြေတာနဲ့ ကျွန်တော်လည်း Daemon Tools ကို Uninstall လုပ်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

ကျွန်တော် ခေါင်းစားရပါပြီ။ အဲဒါနဲ့ပဲ Customer ကို အခုတော့ မရသေးဘူးဗျာ။ ကျွန်တော် အင်တာနက်ထဲ ရှာလိုက်ဦးမယ်လို့ ပြောပြီး ရက်ချိန်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်ထဲ မွှေရတော့တာပေါ့။

အဲဒီအခါမှာမှ ကိုယ်နဲ့ဘဝတူတွေအများကြီးပါလားဆိုတာ သိလိုက်ရပါတယ်။ အမလေးဗျာ Forum တွေထဲမှာ မေးတာ ဖြေထားတာတွေ တပုံကြီးပဲ။ သူတို့ရဲ့အမေးအဖြေတွေကို သေချာလိုက်ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အဖြေကို မတွေ့ဘူး။ နောက် နာရီဝက်လောက်ရှာကြည့်တော့မှ Forum တစ်ခုမှာ တွေ့သွားပါတယ်။ ဖြေတဲ့သူက Daemon Tools (DT) ကြောင့် ဖြစ်တာလို့ ဖြေထားတယ်။ အံကိုက်ပဲလေ။ ကျွန်တော်လည်း DT ကို မသင်္ကာဖြစ်နေတာကိုး။ ပြီးတော့ သူက ဆက်ပြောပါတယ်။ DT ကို ဖြုတ်ပါတဲ့။ ပြီးတော့ DT က install လုပ်တဲ့အခါမှာ Driver တစ်ခုကို C:\Windows\System32\Drivers အောက်မှာ သွားထည့်တယ်တဲ့။ အဲဒါကိုပါ ဖျက်ပါလို့ ပြောပါတယ်။ Driver ရဲ့ နာမည်က sptd.sys တဲ့။ ကိုင်း အိုကေပြီပေါ့ဗျာ။

နောက်ရက်ကျတော့ ဖြစ်တဲ့စက်ကို ဖွင့်ပြီး DT ကိုဖြုတ်၊ ပြီးတော့ C:\Windows\System32\Drivers အောက်မှာ ရှိတဲ့ sptd.sys ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။ ပြီးတော့ Stick လေး ထိုးကြည့်လိုက်တယ်။

ဟော My Computer မှာ ပေါ်လာလိုက်တာမှ ပြူးလို့ဗျာ။

ကိုကျော်ဌေးနိုင်ရဲ့ ပိုစ့်ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတာတွေကို ရှာပေးလိုက်တာပါ။ နောက်ဆိုရင် ဘယ်လိုဖြစ်တယ်ဆိုတာကို အသေးစိတ်ပြောပြနိုင်ရင် ပိုကောင်းပါလိမ့်မယ်။

yenaingko

yenaingko
MITR New User



အကို ရေ ကျွှန်တော် stick က တော့ ဗိုင်းရပ် ကိုက်သွားတာနဲ့တူတယ် ဘယ်ကွန်ပြူတာ ထိုးထိုး မသိတော့ ဘူးဗျာ
လောင်သွားတာတော့ မဟုတ်ဘူးလား လို့ဗျာ ဗိုင်းရပ်ကြောင့် မသိတာလား လောင်သွားလို့ပဲ မသိတာလား ကျွှန်တော်လဲ နားမလည်ပါဘူးဗျာ အဲဒါ ဘာကြောင့် ကွန်ပြူတာ က မသိတာလည်း တတ်နိုင်ရင်ရှင်းပြပေးပါလားဗျာ
ဗိုင်းရပ်ကြောင့်ဆိုလဲ ကျွှန်တော် ဘာလုပ်ရမလဲ ဗျာ လွှင့်ပြစ်တာကလွဲလို့ပေါ့ ။ ကျွှန်တော် stick ထဲ မှာ အရေးကြီးတဲ့ data တွေ ပါသွာလို့ပါ။ ကျေးဇူးပြု လို့ ပြောပြပေးကြပါ

saikaungset

saikaungset
MITR New User



ကျနော်လဲကြုံဖူးတယ်ဗျ အဲဒါ autorun virus remover ဆိုတဲ့ usb security software မှာ option ထဲမှာ disable တခုခုလုပ်ထားလို့ဗျ.တခြား usb security tools တွေလဲရှိအုံးမှာပါ.

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com