1 အောက်ပါ ဆော့ဖ်ဝဲလ်နှစ်ခုကို crack လုပ်ကြည့်ပါ။ [Tips & Tricks] 21st November 2009, 10:22 am
rhythm
VIP Member
ကျွန်တော်တို့အနေနဲ့ crackme ဆော့ဖ်ဝဲလ် တော်တော်များများကို crack လုပ်ပြီး key တွေရှာ၊ keygen တွေရေးခဲ့ကြပါတယ်။ ဒါပေမယ့်အချို့ crackme တွေမှာ စည်းကမ်းချက်တွေရှိတဲ့အတွက် သူတို့ရဲ့ key တွေကို ရှာနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မရှာနိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ ဒီဆော့ဖ်ဝဲလ်တွေမှာ key တွေကို ပြန်ဖော်ရမယ့်အစား patch လုပ်ရမှာဖြစ်လို့ပါ။ ဒီဆော့ဖ်ဝဲလ်တွေကို crack လုပ်ရတာဟာ တကယ်တော့ အကျိုးသိပ်မရှိလှပါဘူး။ Cracking စွမ်းရည် တိုးတက်စေတာပဲ ရှိပါတယ်။ ဒါကြောင့် cracking စွမ်းရည်လဲတိုးတက်စေဖို့၊ အများသူငှာတွေလဲ အကျိုးရှိနိုင်စေဖို့ ဆော့ဖ်ဝဲလ်နှစ်ခုကို crack လုပ်ဖို့ ညွှန်းချင်ပါတယ်။ ဒီတစ်ခါ crack လုပ်ရာမှာတော့ ဘာစည်းကမ်းချက်၊ ဘာကန့်သတ်ချက်မှ မထားရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ serial ပဲရှာရှာ၊ keygen ပဲရေးရေး၊ patch ဖိုင်ပဲ ဖန်တီးတီး၊ loader ပဲရေးရေး ဆော့ဖ်ဝဲလ်ကို full version အနေနဲ့ ဘာကန့်သတ်ချက်မှမရှိဘဲ သုံးနိုင်ဖို့သာ အဓိကဖြစ်ပါတယ်။
အကြံပြုလိုတာတစ်ခုတော့ ရှိပါတယ်။ Crack လုပ်ထားပြီးသား exe ဖိုင်၊ patch ဖိုင်တွေဆီကနေ crack လုပ်နည်းကို ကူးမချဖို့ပဲဖြစ်ပါတယ်။ Website တွေကနေ share ပေးထားတဲ့ Keygen/ serial/ crack/ patch ဖိုင်တွေကနေ idea မယူကြဖို့ မေတ္တာရပ်ခံပါတယ်။ ဒါမှသာ သင့်ရဲ့ cracking စွမ်းရည် တိုးတက်လာမှာ ဖြစ်ပါတယ်။
အခုကျွန်တော် ညွှန်ပြမယ့် ဆော့ဖ်ဝဲလ်နှစ်ခုကတော့ FlyHelp ဆော့ဖ်ဝဲလ်နဲ့ Engineering Power Tools တို့ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလ်နှစ်ခုစလုံးကို ဘာ protector/packer နဲ့မှ protect/pack လုပ်ထားခြင်း မရှိပါဘူး။ ဒီဆော့ဖ်ဝဲလ်နှစ်ခုကို ရွေးချယ်ရတာကတော့ crack လုပ်ဖို့ စိတ်ဝင်စားစရာ ကောင်းမယ်ထင်လို့ပါ။
(၁) FlyHelp ကို [You must be registered and logged in to see this link.] မှာ download လုပ်ယူနိုင်ပါတယ်။ FlyHelp ကို html ကနေ chm ဖိုင်အဖြစ် ပြောင်းပေးရာမှာ အသုံးပြုပါတယ်။ လက်ရှိ version ကတော့ 6.7 ဖြစ်ပါတယ်။ သင့်အနေနဲ့ version 6.1 ကနေ 6.7 အထိ နှစ်သက်ရာ ဆော့ဖ်ဝဲလ်တစ်ခုခုကို crack လုပ်နိုင်ပါတယ်။
[You must be registered and logged in to see this image.]
(၂) Engineering Power Tools ကိုတော့ [You must be registered and logged in to see this link.] မှာ download လုပ်ယူနိုင်ပါတယ်။ သူကတော့ အင်ဂျင်နီယာပြသနာများ၊ သိပ္ပံပြသနာများ ဖြေရှင်းရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ပြသပါတယ်။ လက်ရှိ version ကတော့ 2.0.5 ဖြစ်ပါတယ်။ သူကတော့ ၂၀၀၅ကတည်းက နောက်ထပ် version ထပ်ထွက်လာခြင်း မရှိပါဘူး။ သင့်အနေနဲ့ version 2.0.2 ကနေ 2.0.5 အထိ နှစ်သက်ရာ version တစ်ခုခုကို PLUS edition ဖြစ်အောင် crack လုပ်ရမှာဖြစ်ပါတယ်။

Crack လုပ်ထားပြီးသား crack ဖိုင် (သို့) keygen ဖိုင် (သို့) loader ဖိုင် (သို့) patcher ဖိုင်ကို မူရင်းဆော့ဖ်ဝဲလ် installation ဖိုင်နဲ့ တွဲတင်ပေးစေလိုပါတယ်။ ဘယ်လို crack လုပ်လိုက်ကြောင်းကိုတော့ ကျူတိုရီရယ်ရေးပေးစရာ မလိုပါဘူး။ ဒီလိုရေးပေးလိုက်ရင် ဒီဆော့ဖ်ဝဲလ်တွေကို နောက်လူတွေ crack မလုပ်ကြတော့မှာ စိုးလို့ပါ။
(မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ Cracker အချင်းချင်း ရင်းနှင်းခင်မင်မှု တိုးပွားပါစေ။)