Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Gtalk မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း လူအများကြီး နဲ့ စကားပြော နိုင်တဲ့  နည်းလမ်း



ကျနော် တို့ပြောနေတဲ့  Gtalk ဟာ ပုံမှန်အားဖြင့် စကားပြောမယ် ဆိုရင် ၂ယောက်သာပြောလို့ ရပါတယ်။ အခု ဒီ နည်း လမ်းလေးကတော့ ကျနော် တို့  အကောင့်ထဲမှာရှိသမျှ လူအားလုံး နဲ့ စကားပြောနိုင်၊ စာရိုက်နိုင် တဲ့နည်းပါ။တစ်ချိန်တည်း ၊ တစ်ပြိုင်တည်း မှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံ ၊ ဘယ်ဒေသကဖြစ်ဖြစ် ၊ ကိုယ့် အကောင့် ထဲမှာ ရှိတဲ့ သူတွေ အားလုံးနဲ့ ပါ။ဒီအတွက်ကျနော် နည်းလမ်း လေးတွေ ပေးပါမယ်။ ဂရုစိုက်ပြီး ဖတ်စေချင်ပါတယ်။

ပထမ ဦးဆုံး Gtalk မှာ ကျနော် တို့ ပုံမှန်Invite လုပ်တဲ့ နေရာ ၂ နေရာရှိပါတယ်။ ကြိုက်တဲ့ နေရာက Inviteလုပ်နိုင်ပါတယ်။ ရိုက်ရမယ့် စာသား ကတော့ [You must be registered and logged in to see this link.]ပဲဖြစ်ပါတယ်။ လုပ်ပြီးတာနဲ့  အဲဒီ အကောင့်လေးက ၀င်လာပါလိမ့်မယ်။နောက်ထပ်စာသား တစ်ခု ရိုက်ထည့် ပေးပါ။ conf ကို ရိုက်ထည့်ပေးပါ။်ပြီးတာနဲ့Google က အမျိုးသမီး တစ်ယောက်က ဖုန်းခေါ် ပါလိမ့်မယ်။ ကိုယ်က ဒီအကောင့်ရဲ့ Administrator ( ဒါမှမဟုတ် ) Master ဖြစ်သွားပါပြီ။ သူ ခေါ်တဲ့IncomingCall ကို ကိုင်လိုက်ပါ။ ပြီးတာနဲ့  Mouse က Scroll နဲ့ အပေါ်နားကိုပြန်ကြည့် ကြည့်ပါ။ ဥပမာ- ABCDK45KHFNARK ဆိုပြီး စသဖြင့်ကုဒ်လေးတွေ ကိုတွေ့ ရပါလိမ့်မယ်။ ဒါဆိုရင် အောင်မြင်သွားပါပြီ။ ဒီတော့ကျနော် တို့ အနည်းဆုံး စမ်းတဲ့  အနေနဲ့  လူ ( ၅ ) ယောက်နဲ့ တစ်ပြိုင်တည်းစကားပြောကြည့်ရအောင်။ ဒီနေရာမှာ တစ်ခု သတိထားရမှာ က ကိုယ်က ဒီ Serverကိုစထိုင်ထားတဲ့ အတွက် ကိုယ်က အရင် ၀င်ထားရပါလိမ့်မယ်။ပြီးမှကိုယ်ပြောချင်တဲ့ သူတွေ ကို ကုဒ်တွေ ပေးလိုက်ပါ။

စပါမယ်။ ကျနော့် အကောင့် ထဲမှာ လူ ၈၀ ရှိတယ်ဆိုပါစို့ ။ ဒီလူ ၈၀ လုံးကိုခုနက ကျနော် ပြောတဲ့ Invite လုပ်တဲ့ အဆင့်အထိ လုပ်ခိုင်းလိုက်ပါ။ confဆိုတဲ့ စာသား ကို တော့ မရိုက်ခိုင်းပါနဲ့ ။ဘာဖြစ်လို့ လဲ ဆိုတော့ ဒီ ChatServer ကို ကျနော် က ထောင်ထားလို့ဖြစ်ပါတယ်။ သူတို့ အားလုံးလုပ်ပြီးသွားပြီ ဆိုရင် တော့ Administrator (or ) Master လုပ်တဲ့ သူက ခုနက Google က ပေးတဲ့  Codes လေးကို အားလုံးကိုပေးလိုက်ပါ။ သူတို့ ဝင်လာရမယ့်နည်းလမ်း ကလည်း ရှင်းပါတယ်။ စာသားရိုက်တဲ့နေရာမှာ - join/ yourcodes ဆိုတာရိုက်ထည့်ပေးပါ။ ပြန်ပြောပါမယ်။ ပထမဦးဆုံး join ကို အရင် ရိုက်ပါ။ပြီးရင် / ကို ရိုက်ပါ။ ပြီးရင် Space Barခံပါ။ ပြီးသွားရင်တော့ ခုန ကAdministrator (or) Master က ပေးတဲ့  Codesလေးကို Paste လိုက်ပါ။ ဒါဆိုရင်Server ထောင်ထားတဲ့ သူဆီမှာ စပြီးဖုန်းဝင်လာ ပါပြီ။ နောက်တစ်ယောက်လုပ်ပြီးသွားရင်လည်း ထပ်ဝင်လာပါပြီ။ဒီလိုနဲ့  အယောက် ၈၀ ၊ ၁၀၀ ၊ ၁၀၀၀စသဖြင့် တစ်ချိန်တည်း ၊ တစ်ပြိုင်တည်းစကားပြော နိုင်ပါပြီ။ Serverထောင်တဲ့သူ ( Administrator / Master )အနေဖြင့် ဒီ Codes လေးကိုမှတ်ထားရန် မလိုအပ်ပါဘူး။ Google က အမြဲတမ်းအသစ်ပေးနေပါတယ်။ကိုယ်ပြောချင် နေတဲ့ သူတွေ ကိုသာ ဒီကုဒ်လေး ပေးလိုက်ရင်အယောက် ၈၀ စလုံးအခန်း တစ်ခန်းမှာ စကားပြော နေကြသလို ဖြစ်သွားပါပြီ။အားလုံး ကြားနေရပါမယ်။တစ်ယောက်နဲ့ တစ်ယောက် လည်း အလွယ် တကူ မိတ်ဆက်စကားပြောနိုင် သွားကြ ပြီဖြစ်ပါတယ်။ ဘယ်သူမဆို Server ထောင်နိုင်ပါတယ်။

အဓိကရည်ရွယ်ချက် ကတော့ ၂ ချက်ရှိပါတယ်။စာမရိုက်ချင်တော့ တဲ့ အချိန် နဲ့ ပုဂ္ဂိုလ် ရေးရာ ဆွေးနွေး တိုင်ပင် စရာလူ ၄-၅ ယောက် ရှိလာ ပြီ ဆိုရင်တော့အရမ်း အသုံးတည့် တယ်လို့  ထင်ပါတယ်။မွေးရာပါ နားငြီး တတ်တယ် ဆိုရင်တော့မလုပ်စေချင်ပါဘူး။ နားငြီး တာကတော့အမှန်ပါပဲ။ ရင်တွေခုန်ပြီး စကားတွေပြောချင်နေလို့ ဖြစ်ပါတယ်။လူအများကြီးကို တစ်ချိန်တည်း ၊ တစ်ပြိုင်တည်းပြောရလို့ ဖြစ်ပါတယ်။အားလုံး ရဲ့ စကားသံတွေ ၊ ရယ်သံတွေ ၊ သီချင်းဆိုသံတွေစသဖြင့်ဆူညံမှုပေါင်း ၁၆၀၀၀ ကို ကြားရတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အသုံးတည့်မယ် လို့ ထင်တဲ့သူတွေ အတွက် အကျိုးရှိရင် ကျနော်တင်ပေးရကျိုးနပ်ပါပြီ။

THANKS TO ORIGINAL WRITER

From Forward mail.......

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အပေါ်က ပေးထားတဲ့ Google ရဲ့ service နဲ့ သက်ဆိုင်တဲ့ command အချို့ကို လည်း လေ့လာ ဖော်ပြပေးလိုက်ရပါတယ်

Code:
*====== AVAILABLE COMMANDS ======*
HELP - Display this message.
MYPAGE - Display URL to your personal account page.
WEBCALL - Display URL to your personal Web Call.
DICT word - Make a request to DICT.ORG for word definitions.
MSG to text - Send off-line message text to user to .
IM to text - Send Instant Message text to user to . Example: IM msn:billgates@hotmail.com Hello Billy!
VMLIST - Display content of your voice mail box.
VMPLAY id - Play voice mail message number id .
VMDEL id - Delete voice mail message number id
VMSEND user - Send voice mail to other gtalk user .
VMSET id - Set id as a default welcome message.
CONF - Create conference room for you. Room cookie will be sent back.
JOIN cookie - Join someone's else conference room using cookie .
COST phone - Display amount of credits charged for 1min unit while calling to phone . Example, to figure price for calling american 800 services type: COST 1-800
CREDITS - Go buy more credits.
CALL phone [via] - Make an outgoing voice call to telephone number phone which is represented in E.164 format. Example, to call Google type: CALL 1-650-253-0000 . You can also setup a registered service provider name in optional via parameter to place call throu.
CALL [You must be registered and logged in to see this link.] - Make an outgoing voice call to SIP phone [You must be registered and logged in to see this link.] . Example: CALL [You must be registered and logged in to see this link.] .
DTMF_TONES : Type in any string of digits or Asterisk or # sign while talking to send DTMF tones.
SMS phone_number text - Send text an SMS message to phone . Example: SMS +1-234-5678901 Hello, just testing
*============== END =============*

http://www.myanmaritresource.info

manawphyulay

manawphyulay
MITR Reader



MITR Reader
Thank to you are sharing.

http://www.manawphyu.net

C0D3R

C0D3R
MITR Master



MITR Master
ကျွန်တော်လည်းအင်တာနက်စသုံးခါစကအဲဒီနည်းလေးကိုစမ်းဖူးတယ်ဗျ

ဒါပေမယ့်မအောင်မြင်ခဲ့ပါဘူး


အခုလိုတင်ပေးလိုက်တာဆိုတော့ပြန်စမ်းဦးမယ်ဗျာ

နောက်တစ်ကြိမ်ပေါ့ဗျာ

http://www.myanmaritresource.info

နတ်မင်းသား

နတ်မင်းသား
MITR New User



အကို တို့ ရေ .. ဖြစ်နိုင် ရင် SMS ပို့ ပုံ ပို့ နည်းလေးတွေ သိချင်ပါတယ် [You must be registered and logged in to see this image.]



ကျေးဇူးပါ

aqua

aqua
MITR New User



thank u so much Syk0 ..

sHa92

sHa92
Founder



Founder
နတ်မင်းသား wrote:အကို တို့ ရေ .. ဖြစ်နိုင် ရင် SMS ပို့ ပုံ ပို့ နည်းလေးတွေ သိချင်ပါတယ် [You must be registered and logged in to see this image.]
ကျေးဇူးပါ


Sending SMS from Gmail







You can send SMS messages to your contacts’ mobile phones using Gmail Chat. To do so from Gmail:

  1. Enter your contact’s name in the ‘Search or invite friends’ box in Chat, and select Send SMS
    from the box of options that appears to the right of your contact’s
    name. Or, if you already have a Chat window open for this contact, just
    click Options, and select Send SMS.
  2. In
    the dialog box, enter a phone number in the ‘Send SMS messages to this
    number’ field. For now, this feature works only on United States phone
    numbers. If you're outside the US, you can still use it, but you won't
    see the SMS option in Chat until you enable it manually in the Chat
    settings page.
  3. Click Save.
  4. A Chat window appears. Just type your message as you would normally. When you hit Enter, the message will be sent to the phone number you entered.

If your contact replies, the text message response will appear as a
reply in Chat. These conversations are stored in your Chat history just
like regular chats (but keep in mind that you can’t go off the record
while communicating via SMS).
Note: depending on which mobile plans your contacts have, they may
be charged by their mobile providers for receiving text messages.
ကျနော် နေမကောင်းလို့ မြန်မာလို မပြန်ဘဲ ဒီအတိုင်းတင်ပေးလိုက်တယ်နော်.
မူရင်းလင်ခ့်ပါ >>> [You must be registered and logged in to see this link.]

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
အဲလိုပြောတာကအကြာကြီးပြောလို့ရလားဟင်

ကျွန်တော်စမ်းတာရတော့ရတယ်
လိုင်းကြောင့်လားမသိဘူး

ပြန်ကျသွားတယ်

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com