1 ဖိတ်ခေါ်ပါရစေ 27th October 2009, 1:43 pm
princeakarit
MITR New User
ကျနော်တို့ အွန်လိုင်းမှာ တွေ့ရတဲ့ ဘော်ဘော်တွေ (အထူးသဖြင့် MZ မှာ ခင်မင်ရင်းနှီးခဲ့သူအများစု) စုပြီး အွန်လိုင်း မိတ်ဆွေများရဲ့ စုပေါင်းကူညီ လှူဒါန်းကြဖို့ စိတ်ကူးတွေ စုစည်းမိကြခဲ့တယ်.....
ဒီလိုနဲ့ Group လေးတစ်ခု ဖြစ်လာဖို့ တိုင်ပင်ကြတယ်လေ...လောလောဆယ်တော့ google မှာဘဲ ဂရုလုပ်ထားတုန်းရှိပါသေးတယ်...
စိတ်ပါဝင်စားတဲ့ ဒီဖိုရမ်မှ မိတ်ဆွေများလည်း တစ်တပ်တစ်အား ပါဝင်နိုင်အောင် ဖိတ်ခေါ်လိုက်ပါရစေ...
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (October 25, 2009) က ကျနော်တို့ ပြည်သု့ရင်ပြင်မှာ တွေ့ဆုံခဲ့ကြတယ်...
အများစုက အွန်လိုင်းကနေ ခင်မင်ရင်းနှီးကြပြီး အွန်လိုင်းမှာဘဲ
အနေများတတ်ကြတာကြောင့် အွန်လိုင်းဆုံမှတ်အဖြစ် ကိုယ်ပိုင်ဒိုမိန်နိမ်း၊
ကိုယ်ပိုင် ဟိုစတင် နဲ့ ဖိုရမ်တစ်ခု တည်ဆောက်ကြဖို့
ဆုံးဖြတ်လိုက်ကြပါတယ်...
ကျနော်တို အဓိက ရည်ရွယ်တာကဗျာ...IT နည်းပညာ အားနည်းနေတဲ့ (သို့)
သက်ရောက်မှုမရှိသေးတဲ့ နေရာဒေသတွေ၊ လူတွေ ကို IT ဆိုတာဘာလည်း ဆိုတာက
အစပြုပြီး ကျနော်တို့ တတ်သလောက် နိုင်သရွေ့ အားနဲ့ စုပေါင်းကူညီပေးဖို့
ရည်ရွယ်ကြပါတယ်...ဒီကြားထဲ အခါအားလျှော်စွာ စုပေါင်းသွေးလှူဒါန်းခြင်း၊
ပရဟိတကျောင်းများသို့ အဟာရအလှူပြုလုပ်ခြင်း၊ ဆင်းရဲချို့တဲ့သော
ဘုန်းကြီးကျောင်များ၊ ဘုရာကျောင်းများ၊ စာသင်ကျောင်းများ၊
စာကြည့်တိုက်များ သို့ မိမိတိုနိုင်သလောက်ဝန် ခွန်အားနဲ့ လှူဒါန်း
ကူညီကြဖိုပါ...လူမျိုးမရွေး ဘာသာမရွေးပါဝင်နိုင်အောင်လည်း ကျနော်တို့ စီစဉ်ထားပါတယ်...ဘယ်ဘာသာမို့ ဘယ်လူမျိုးမို့ဆိုတာတွေ မရှိအောင် သေသေချာချာ ကျပ်မက်ပြီး ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်....
ဤသို့ဆိုသောကြောင့် myanmar it resource တွင်ဝင်ရောက်ကြည့်ရှုနေကြသော ကူညီစိတ်ရင်းရှိကြသောသူများကို ကျနော်တို့ အဖွဲ့လေးမှ ဖိတ်ခေါ်လိုက်ပါရစေ....
တလက်စတည်း ဖိတ်ခေါ်ချင်တာက လာမည် နိုဝင်ဘာလ 3 ရက်နေ့မှာ ဇီဝိတ ဒါန
သွေးလှူဒါန်းပြီး ဒီအဖွဲ့လေးကို အသိအမှတ်ပြု ဖွဲ့စည်းထူထောင်ဖို့ကို myanmar it resource မိတ်ဆွေများအား လေးစားစွာ ဖိတ်ကြားလိုက်ပါတယ်...
ကျနော်တို့ စုစည်းထားတဲ့ အဖွဲ့လေးကို ပါဝင်လှုပ်ရှားဆောင်ရွက်မည်ဆိုလျှင်တော့ [You must be registered and logged in to see this link.] ကနေလာရောက်လေ့လာ ပြီး မန်ဘာအဖြစ်ပါဝင်ဆောင်ရွက်နိုင်ပါတယ်...ကျနော်တို့ ဖိုရမ်ကိစ္စကိုလည်း အားခြင်းဆောင်ရွက်သွားမှာပါ...