1 microsoft word ထဲက vb.net 15th April 2009, 3:14 pm
ζ. ζ. †
MITR Reader
ကျွန်တော်လည်းသိပ်မကြာခင်ကမှသိလာတာဗျ။ Microsoft Word ထဲမှာ vb.net ပရိုဂရမ်ရေးလို့ရတယ်။ word 2003 မှာလည်းရတယ်နော။ word 2007 မှမဟုတ်ဘူး ။ form ဆောက်လို့ရမရတော့မစမ်းရသေးဘူး။ ဒါပေမဲ့ coding ရေးလို့ရတယ်။ ပြီးတော့ message box တွေဘာတွေတော့ကျအောင်လုပ်လို့ရတယ်။ visual studio 2005 တို့ဘာတို့လိုတော့ function တွေသိပ်မပါဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ပရိုဂရမ်ကိုအရေးတကြီးပြင်စရာပေါ်လာရင် တော့ ကောက်ရိုးတစ်မျှင်စာလောက်တော့ အကူအညီရပါတယ်။ debugging လုပ်လို့ရတယ်လေ။ ကဲ ဘယ်လိုဖွင့်လဲ ပြောကြရအောင်။ ပထမဦးဆုံး word ကိုဖွင့်လိုက်ပါ။ ပြီးရင် tools အောက်မှာ macros ဆိုတာရှိတယ်။ အဲဒီ macros ထဲကနေ ပြီးတော့ ရေးလို့ရပါပြီ။ နောက် alt+F8 key နဲ့လည်း macro ခေါ်လို့ရတယ်။ ကဲ compiler ၀ယ်ဖို့အဆင်မပြေသေးတဲ့လူတွေ ခုမှ စမ်းကြည့်မယ့်လူတွေအတွက်ပေါ့ဗျာ။ ပျော်ရွှင်နိုင်ပါစေ။ ဘယ်လောက်ထိ လုပ်လို့ရလဲတော့ပြန်ပြီးဆွေးနွေးပေးပေါ့ဗျာ။