Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Linux cmd များ Empty Linux cmd များ 15th October 2009, 2:38 pm

blackrainbow

blackrainbow
MITR New User



ကျွန်တော်တို့ တွေ linux
ကို စတင်လေ့လာဖို့ လိုအပ်လာပြီလို့ထင်ပါတယ်။



ဘာလို့ဆို ခု run နေတဲံ
server တော်တော်များများက linux ဒါမှမဟုတ် unix platform ဖြစ်လာနေပါပြီ။



နောက်ပိုင်းမှာ windows ကို
တောင်ကျော်ဖြတ်သွားနိုင်မယ်လို့ထင်ရပါတယ်။



linux မှာ ရွေးချယ်စရာ
os version တွေလည်းအများကြီးပါ။ red hat, mandrake, yellow dog, debian, suse,
fedora, ubuntu စသည်ဖြင့်ပေါ့။



အဲဒီထဲမှာ မြန်မာမှာ အသုံးအများဆုံးက
ubuntu ဖြစ်မယ်ထင်တယ်။



linux ရဲ့ အားသာချက်တွေက



linux ရဲ့ source code တွေကို
ကိုယ်တိုင်လေ့လာနိုင်တယ်။



linux ကို ကိုယ့်ဘာသာ ပြုပြင်လို့ရတယ်။


ပြီးတော့ program
development ပိုင်းမှာလည်း ပိုမို လွယ်ကူစေပါတယ်။






ကျွန်တော်တို့ ပထမဆုံး
linux ရဲ့ basic commands တွေအကြောင်း လေ့လာရအောင်။



linux ရဲ့ commands တွေက
case sensitive ဖြစ်ပါတယ်။



အမှားမခံပါဘူး


ပြီးတော့ commands တိုင်းကို
"." နဲ့ စပါတယ်။



နောက် /, ?, *, - တွေအသုံးမပြုပါဘူး


spaces အစား underscore ကိုအသုံးပြုပါတယ်။





linux ရဲ့ file system က
hierarchical tree အဆင့်ဆင့်ခွဲဖြာတဲ့ ပုံစံနဲ့ တည်ဆောက်ထားပါတယ်။



ပြီးတော့ linux မှာ C:
D: E: ဆိုပြီး drive letter တွေ မရှိပါဘူး



နာမည်နဲ့ပဲ ခွဲခြားပါတယ်။





linux မှာ လည်း windows မှာလို command prompt နဲ့ function စုံလုပ်နိုင်ပါတယ်။


ကျွန်တော် သိသလောက်
commands တွေကတော့--



cp


cp file newfile


သူက copy လုပ်တာပါ file က
copy လုပ်မယ့် file ပါ newfile ကတော့ paste လုပ်မယ့်နေရာရဲ့ path ပါ



mv


mv file newfile


သူကတော့ move ပါ တစ်နည်းပြောရရင်
cut ပေါ့။



;P


mkdir


mkdir[directoryname]


ဒါကတော့ windows နဲ့တူတူပဲ
make directory/



rm


rm file


remove ဆိုတော့ ကျွန်တော်ထင်တာတော့
delete ထင်တာပဲ။ ကျွန်တော်စမ်းတာပျောက်တော့ပျောက်သွားတယ်။



trash ထဲရောက်သွားလား လုံးဝပျောက်သွားလားတော့
မမှတ်မိတော့ဘူး [You must be registered and logged in to see this image.]



find


find / -name *gnome* -print


ဒါကတော့မြင်တာနဲ့သိပါတယ်။
[You must be registered and logged in to see this image.]



နောက်ထပ် linux ရဲ့
network command တွေပေါ့နော် နည်းနည်းချင်းမြင့်သွားတာပေါ့ [You must be registered and logged in to see this image.]



arp


arp hostname


သူ့ကို ethernet
connectivity နဲ့ ipaddress ကို ချက်ကင်လိုက်ဖို့ အသုံးပြုတယ် ။ ipconfig လိုပါပဲ။






ifconfig


သူကကျတော့ network cardတွေ
interfaces တွေကို configure နဲ့ checking လုပ်ပေးပါတယ်။






netstat


သူကျတော့ network socket
တွေနဲ့ network connection အခြေအနေကို list နဲ့တစ်ကွပြပါတယ်။






nslookup


server ရဲ့ domain name နဲ့
ip အချက်အလက်တွေအကုန်လုံးကို ပြသပါလိမ့်မယ်။






ping


[You must be registered and logged in to see this image.]


ဒါတော့ပြောတော့ဘူးနော်။





ps


server ကလုပ်ရတဲ့
process တွေအားလုံးကို list ထုတ်ပေးပါတယ်



ကျွန်တော်စမ်းကြည့်တာတော့
[You must be registered and logged in to see this image.]



ကိုယ့်အိမ်မှာ မို့လားသိဘူး
။ နှစ်ခုပဲတက်တယ်။






route


ဒါက routing table ကို
list နဲ့ပြတာ။ ဒါလည်း အိမ်မှာ ကော်နက်ရှင်မရှိတော့ စမ်းရသေးဘူး






shred


ဒါက windows မှာတော့
wipe ပေါ့ဗျာ ။ ရိုးရိုး delete ထက်စာရင် ပိုပြီးတော့ secure ဖြစ်ပါတယ်။






traceroute


local server ဒါမှမဟုတ်
remote server ရဲ့ လက်ရှိလုပ်ဆောင်နေတဲံ networking routing ကို trace လိုက်နိုင်ပါတယ်။
ဒါလည်း စမ်းရသေးဘူး။






နောက်တစ်ခု command တွေအကြောင်းပြီးတော့


linux ရဲ့ တည်ဆောက်ပုံလေး
ကြည့်လိုက်ရအောင်။






linux ရဲ့ file system အောက်မှာ_


bin binary file တွေကို စုစည်းထားတာပါ။


sbin system birnary files ဒီဖိုဒါကတော့
admin တွေပဲ အသုံးပြုနိုင်တဲ့ excutable တွေကို သိမ်းဆည်းထားပါတယ်



etc configuration လုပ်သမျှ အကြောင်းအရာတွေလိုအပ်သမျှတွေကို
သိမ်းဆည်းပေးပါတယ်။



include အဲဒီကောင်ကို usr ရဲ့ အောက်မှာ ခွဲပြီးတော့
သိမ်းထားပါတယ်။ သူ့ထဲမှာ install လုပ်ထားတဲ့ software တွေနဲ့ သက်ဆိုင်တာတွေ .h
format နဲ့ သိမ်းထားတာတွေ့ရတယ် ။ winodows
အောက်က program files လိုထင်တယ် online မှာရှာကြည့်တာတာ့ရှင်းတယ် include --
include files တဲ့ [You must be registered and logged in to see this image.] အနော်ပဲ မှားတာလားသိဘူ။



lib ဒါက library file တွေကို သိမ်းတာ။


src source file တွေသိမ်းပါတယ် ။
windows ရဲ့ system 32 လိုပါပဲ။



doc အဲဒါကတော့ documents တွေ သိမ်းတာပါ။
my documents လိုပေါ့



man ဒါက manual file တွေကို သိမ်းတာပါ။ အဲဒီ
man folder ကို ရှာတာလည်းနှံနေပြီ ဘယ်မှာမှမတွေ့ဘူး တွေ့တဲ့လူရှိရင် တစ်ချက်လောက်ကြည့်ပေးပါဗျာ
ဘာတွေ ကို သိမ်းပြီးတော့ ဘာအလုပ်လုပ်လဲဆိုတာ။
[You must be registered and logged in to see this image.] အဲ တစ်ခုတော့ရှိတယ် terminal မှာ man command ကနေတစ်ဆင့် ဝင်လို့တော့ရတယ်။



share သူက shared လုပ်ထားတဲ့ file တွေသိမ်းတာ။





linux မှာ program တွေ
compile လုပ်ပုံကိုလေ့ လာရအောင်။



linux မှာ gcc ဆိုတာ
command base compiler တစ်ခုပါပဲ။



သူက c, c++ နဲ့ fortran
code တွေကို compile ရော execute ရောလုပ်နိုင်ပါတယ်။



linux installation တော်တော်များများမှာ
gcc compiler က default အနေနဲ့ ထည့်ပေးတတ်ကြပါတယ်။



ဒါမှမဟုတ်လည်း
[You must be registered and logged in to see this link.] မှာ download လုပ်နိုင်ပါတယ်။



linux hacking tools တွေတော်တော်များများက
c နဲ့ ရေူးကြတာများတယ်။



ကျွန်တော် တို့ linux
hacking tools တွေဒေါင်းလုပ်လုပ်လိုက်ရင် c++ source code တွေပဲ ချပေးတာ တွေ့ရတတ်တယ်။



အဲလိုမျိုးတွေကျတော့ ကျွန်တော်တို့
compile ပြန်လုပ်ပေးရတယ်။






အကယ်၍ ဗျာ ကျွန်တော်တို့
ဒေါင်းလိုက်တဲ့ tools က ဒီလိုမျိုး c++ code ဖြစ်နေတယ်ဆိုပါစို့



#include



int main ()


{


std::cout<< "hello,world!\n"


return 0;


}


အဲဒါကိုပြန်ပြီးတော့
compile လုပ်ရပါတယ်။



gcc -Wall hello.c -o hello





ပြီးရင်တော့ run ရုံပါပဲ


./hello





နောက် တစ်ခုကြုံရတာရှိသေးတယ်


make နဲ့ configure ပေါ့ဗျာ
။ install လုပ်ရင် ကြုံရတတ်ပါတယ်။



တစ်ခါတစ်လေကျတော့ အချို့
program တွေရဲ့ compile command တွေက ရှည်လျားလွန်းနေတတ်ပါတယ်



အဲလိုမျိုးတွေမှာ
makefile ကို အသုံးပြုရပါတယ်။



ဥပမာဗျာ ကျွန်တော်တို့ ဆီမှာ
face.cpp လိုမျိုး graphic program တစ်ခုရှိတယ်ဆိုပါစို့။ သူ့ရဲ့ compile command
က



g++ -o face face.cpp -L/usr/x11R6/lib -lm -lx11 -lgd -lg2


အဲဒီ compile command တွေက
program ပေါ်မူတည်ပြီးကွဲနိုင်ပါတယ် ။ အဲဒါတော့် readme နဲ့ install မှာပါပါတယ်။
install မလုပ်ခင် သေချာဖတ်ဖို့တော့လိုတယ်။ [You must be registered and logged in to see this image.]






အဲဒီ program ကို make
command သုံးမယ်



make file လုပ်မယ်ပေါ့ဗျာ


အဲဒါဆိုရင်


face: face.cpp g++ -o face face.cpp -L/usr/x11r6/lib -lm
-lx11-lgd -lg2






အဲဒလို လုပ်ပြီးသွားပြီဆိုရင်
comppile လုပ်ရုံပါပဲ



compile ကျလွယ်သွားပါပြီ


make ဒါမှမဟုတ်


make face


အဲဒါလေး ရိုက်ရုံပါပဲ။





အများအားဖြင့် install လုပ်တော့မယ်ဆိုရင်
အပိုင်း ၄ ပိုင်း ပါတတ်ပါတယ်။



configure


make


make install


make clean


configure ကတစ်ခါတစ်လေမှလိုအပ်ပါတယ်


အများအားဖြင့်တော့
checking စစ်တဲ့အပိုင်းပါ package တွေစုံမစုံပေါ့။



make ကတော့ စောနက ကျွန်တော်ရှင်းပြီးသွားပါပြီ


compile လုပ်စရာတစ်ခုထက်ပိုရင်
link ချိတ်ဖို့ အတွက် make ကို သုံးပါတယ်။



make install ကျတော့
compile လုပ်ပြီးသား binaryဖိုင်ကို /usr/local/bin ထဲက sub folder တစ်ခု မှာ သိမ်းလိုက်တာပါ။
ပြောရရင် install အဆင့်ပါပဲ။



make clean အဲဒါကတော့
compile နဲ့ link လုပ်ရမှာ ထွက်ပေါ်လာတဲ့ ယာယီ ဖိုင်တွေကို ရှင်းလိုက်တာပါ။






ခု ပြောမှာက linux
hacking tool တွေပါ



ကျွန်တော်သိသလောက်ပေါ့နော်။



out of date လည်းဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။


ကျွန်တော်က hacking ပိုင်းမဟုတ်တော့
သိပ်မသိဘူး။



nmap


အဲဒါက host နဲ့ host မှာ
run နေတဲ့ service တွေကို check နိုင်ပါတယ်






nessus


/-tt@Ck3r ပဲဖြစ်ဖြစ်
defender ပဲဖြစ်ဖြစ် လိုအပ်တဲ့ software လေးပါ။



vulnerability ရှာတဲ့ ဟာလေးပေါ့
တော်တော်လေး အသုံးဝင်ပါတယ်။



သူက user တွေကို target ရဲ့
system နဲ့ ချိတ်ပေးပြီးတော့ configuration errors, default configration setting တွေလိုမျိုး
vulnerabilities တွေကို ဖော်ထုတ်ပေးပါတယ်။






နောက် port scanner
detection



ကျွန်တော်သိသလောက်တော့ နှစ်ခုရှိတယ်။


scanlogd(http://www.openwall.com/scanlogd)
tcp port scan ဖတ်တာကို logs နဲ့ သိမ်းပြီးတော့
alert လုပ်ပါတယ်။ ဒါပေမယ့် သိရုံပဲနော် prevent မလုပ်ပေးပါဘူး။



psionic port
sentry(http://www.psionic.com/products/portsentry)



port scan ဖတ်တာကို
detect သိနိုင်ပါတယ်။ သူက /-tt@Ck3r နဲ့ host ကြားမှာ block လုပ်နိုင်တယ်။ routing ကို
drop လုပ်နိုင်သလို firewall နဲ့ လည်းပိတ်ပေးပါတယ် ။






linux password cracking


xcrack က dictionary မှာရှိရှိသမျှ
password တွေကိုရှာပေးပါတယ်။



တစ်ခုပဲ user ဆီမှာ .dic
dictionary ဖိုင်တော့ရှိရမှာပေါ့



နောက်တစ်ခုက John the
Ripper နာမည်ကတော့ အလန်းကြီးပဲ။ [You must be registered and logged in to see this image.]






နောက်တစ်ခုက netcat


သူကိုတော့ မစမ်းရသေးဘူး ကြော်ငြာကတော့
တော်တော် လန်းပါတယ်။ ကြော်ငြာမှာ ဘယ်လိုရေးထားသလဲဆို



it can create almost
any kind of connection you would need and has several interesting buit in
capabilities






နောက် tcpdump


network monitoring နဲ့
pint attack ကို detect လုပ်ဖို့ လိုအပ်တဲ့ tool လေးတစ်ခုပါ။






နောက်ထပ် alert လုပ်တဲ့
software တွေကတော့



snort


saint


wireshark သူကတော့
network traffic analyzer ပါ



abacus port sentry


ိdsniff collection သူက
password နဲ့ information ကို sniff လုပ်ရမှာ တော်တော်အသုံးဝင်တဲ့ tools လေးပါ



target ရဲ့ firewall
setting ကို သိချင်ရင်တော့ hping2 နဲ့ စမ်းနိုင်ပါတယ်



sniffit


nemesis


LSOF(LiSt Open Files)


IPTraf


LIDS


Hunt ဒါက hijacking tool

အရမ်းသိလိုဟုတ်ပါဘူး စာဖတ်ပြီး ရေးထားတာ ...
မှားရင်လဲ ပြောကြဦးနော်........

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com