Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ဘီလူး

ဘီလူး
Reviewer



Reviewer
C++ ဆိုတာ Object-oriented programming မှာ basic ကျတဲ့ programming ဘာသာရပ်တစ်ခုပါ။ object-oriented ဆိုတာကတော့ အကြောင်းအရာတစ်ခုကို object အနေနဲ့  ကြည့်ရှူခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့် မော်တော်ကားတစ်စီးဆိုပါတော့.........။ဒီမော်တော်ကားကို C++ နဲ့  program တစ်ခုဆွဲမယ်ဆိုရင် မော်တော်ကားကို object တစ်ခူုအနေနဲ့ သတ်မှတ်လိုက်ပါတယ်။ အဲဒီ ကားဆိုတဲ့ object မှာ ဘာတွေပါနိုင်ပါသလဲ။....................... အဓိကအနေနဲ့ ကတော့ အင်ဂျင်ပါမယ်....... အဲ့ ဒီအင်ဂျင်ကို object oriented အနေနဲ့  class တစ်ခုရေးထားနိုင်ပါတယ်။သူ့ ရဲ့  အကျိုးကျေးဇူးကတော့ နောက်တစ်ခါ ကားတစ်စီးအတွက်ရေးတဲ့ အခါမှာ အင်ဂျင်ဆိုတဲ့ အပိုင်းရောက်လာရင် ရေးပြီးသား classes တွေကိုယူသုံးလို့ ရတာပါပဲ။ C++ ဟာ object oriented ဖြစ်တဲ့အတွက် object တစ်ခုအတွက် classes တွေ function တွေ ခွဲရေးလို့ ရပါတယ်။
အောက်မှာC++ ရဲ့  basic structure လေးကိုရေးလေးထားပါတယ်။

#include <iostream.h> // header file
#include <conio.h> //header file
void main () // main
{ // open
cout<< "Hello I am a begineer"; // output
cout << " Welcome Every body";
return 0; //return
} // close
အထက်ပါ program မှာ
#include <iostream.h> ဆိုတာက programming source မှာပါတဲ့  basic input/output function တစ်ခုပါ။ ဒီလို မျိုး function တွေ အများကြီးရှိပါသေးတယ်။
void main () ဆိုတာကတော့ program တစ်ပုဒ်စပြီးအလုပ်လုပ်တဲ့ နေရာပါ။ functions တွေဘယ်လောက်များများ။class တွေဘယ်လောက်ခွဲ ထားထား program တစ်ပုဒ်အလုပ်လုပ်ရင် main ကပဲစလုပ်ပါတယ်။ main ရဲ့ အရှေ့ က void ဆိုတာကတော့ return ပြန်မပြန်ကိုပြောတာပါ။ void ဆိုရင် return ပြန်ခြင်းမရှိပါဘူး။ return ပြန်တယ်မပြန်ဘူးဆိုတာက အကယ်လို့ class တွေ function တွေခွဲထားတယ်ဆိုပါက function တွေ class တွေမှာတွက်ချက်လို့ ရတဲ့တန်ဖိုးတွေကို main ဆီကိုပြန်ပို့ ခြင်းဖြစ်ပါတယ်။ main ကို ကြေညာပြီးရင် { ဖွင့်ပေးရပါတယ်။ဒါကဘာလဲဆိုတော့ main function ကိုဖွင့်ပြီလို့ ဆိုလိုပါတယ်။ အောက်က cout << "Hello I am a begineer"ဆိုတာက screen ပေါ် မှာ Hello I am a begineer"ဆိုတဲ့ စာလုံးကို ရိုက်ထုတ်တာပါ။ cout ဆိုတာ output အတွက်ဖြစ်ပြီး cin ဆိုတာကတော့ input အတွက်သုံးပါတယ်။ cout ကို << နဲ့ သုံးပြီး cin အတွက်ဆိုရင်တော့ >> ကိုသုံးပါတယ်။
အောက်က return 0 ဆိုတာကတော့ return မပြန်တာကိုပြောတာပါ။ program ရဲ့ အဆုံးမှာ main အတွက်} ပိတ်ပေးရပါတယ်။
ကျွန်တော်နောက်ထက်ထက်တင်ပေးပါအုံးမယ်။ ဆွေးနွေးစရာရှိရင် ဒီ topicအောက်မှာဆွေးနွေးနိုင်ပါတယ် ။

ဘီလူး

ဘီလူး
Reviewer



Reviewer
နောက်ထပ်ဆွေးနွေးရမှာကတော့ C++ မှာပါတဲ့Data type တွေပါပဲ။ Data Type ဆိုတာကတော့ C++ မှာ input တွေ output တွေ လုပ်တဲ့အခါမှာသုံးတဲ့sizeသတ်မှတ်ချက်တွေပါ။လောလောဆယ်တော့ ကျွန်တော်က data type တွေရဲ့  name တွေကိုပြောပြပါ့မယ်။ နောက်မှပဲသူတို့ ရဲ့ size တွေကိုပြောပြပါ့မယ်။ အရင်ဆုံး data type ထဲ မှာအကြီးဆုံးက long double ပါ ၊သူကတော့ integer လို့ ခေါ်တဲ့ကိန်းဂဏန်းတွေကိုပဲလက်ခံပါတယ်
သူ့ရဲ့ အောက်မှာတော့ double ဆိုတာရှိပါမယ်။သူကတော့လည်း integer ကိုပဲလက်ခံပါတယ်။သူ့ အောက်ကတော့ float ပါ၊ကတော့ ဒသမကိန်းတွေကိုလည်းလက်ခံပါတယ်၊integer ကတော့ဒသမကိန်း ကိုလက်မခံပါဘူး။ ဒီနောက်မှာတော့အသုံးအများဆုံးဖြစ်တဲ့ integer ဖြစ်ပါတယ်။ data type ကိုကြေညာတဲ့အခါမှာတော့ အတိုကောက် int လို့ ကြေညာပါတယ်။



ဥပမာလေးတွေကြည့်ရအောင်...................
#include
void main() {
double a;
int b;
float c;
long double d;
cout<< "Enter the number over 6 digit";
cin>>a;
cout<<" Enter an integer";
cin>>b;
cout<<"Enter the number with decimal number";
cin>>c;
cout<< "Enter The number over 9 digit";
cin>> d;
}
ဒါက example ပါ။ နောက်ထပ်ပိုစ့်တွေကိုသိပ်မကြာခင်တင်ပေးပါ့မယ်။Very Happy Very Happy Very Happy

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
ဒါဆိုရင်တစ်ခုလောက်ဖြေပေးနော်..C++ လည်း OOP concept ဘဲ၊ Java လည်း OOP ကိုသုံးတယ်
ဘာဖြစ်လို့ C++ ထက် Java ကပိုပြီး OOP ပိုင်းမှာပိုကောင်းတာလည်းခင်ဗျာ

http://ucsycyber.ning.com

sHa92

sHa92
Founder



Founder
ကျနော် ဖြေကြည့်မယ်နော်
ကျနော် C++ ကို မလေ့လာဖူးပါဘူး
ဒါပေမယ့် Java ကိုတော့ သင်ဖူးပါတယ်
ကျနော့်အထင်တော့ C++ ထက် Java က GUI လုပ်လို့ ကောင်းပါတယ်
ပြီးတော့ Web ပိုင်းမှာလည်း အများကြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးရေးလို့ရတယ်လို့ထင်ပါတယ်
နောက်ပြီး J2ME ဆိုရင် mobile ဘက် အထိ ထိုးဖောက်နိုင်လို့ ပိုပြီးတော့ နာမည် ကြီးရတယ်လို့ထင်ပါတယ်
ပြီးတော့ Java က အလကားရပါတယ်.......
ကျနော့် အထင်ပြောတာနော် ကျနော် က ဘာမှ သိတာဟုတ်ဘူး



Last edited by $ƴǩǾ on 22nd June 2009, 1:41 am; edited 1 time in total

http://www.myanmaritresource.info

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
ညီ..မဟုတ်သေးတာတော့သေချာတယ်..ဘာဘဲဖြစ်ဖြစ်.ရဲရဲဝင့်ဝင့်ဝင်ဖြေတာကိုကျေးဇူးတင်ပါတယ်

http://ucsycyber.ning.com

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
နောက်ပြီး C++ ရဲ့ socket , Template ပိုင်းကိုသေသေချာချာရှင်းပြနိုင်တဲ့လူရှိရင်ကောင်းမယ်ဗျာ..
ကျွန်တော်ကနည်းနည်းဘဲရလို့..နောက် E-Books တွေရှိရင်လည်းတင်ပေးကြပါနော်

http://ucsycyber.ning.com

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
အော်..ညီ..ကလည်းဒါရှက်စရာမဟုတ်ဘူး...အစ်ကိုတစ်ခုပြောပြမယ်..နော်ဘက်စုံတော်တဲ့လူဆိုတာရှား
ပါတယ်၊..မသိရင်မသိဘူးလို့ဝင်ခံတာကကိုယ်အတွက်အများကြီးအကြိုရှိတယ်...

http://ucsycyber.ning.com

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့
မှတ်သားထားပါ့မယ်ဗျာ

http://www.myanmaritresource.info

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
computer လောကမှာကိုယ်မတတ်ရင်မတတ်ဘူးလို့ပွင့်ပွင့်လင်းလင်းသာပြောအဲဒါရှက်စရာမဟုတ်ဘူး
တကယ်မတတ်ဘဲနဲ့တတ်ချင်ရောင်ဆောင်တာကသာရှက်စရာပါ

http://ucsycyber.ning.com

ဘီလူး

ဘီလူး
Reviewer



Reviewer
C++ ကလည်း OOP concept မဟုတ်ပါဘူး.........Java ကိုလည်း OOP concept မဟုတ်ပါဘူး ခင်ဗျာ...... ရေးသားတဲ့ Programmer ပေါ်မှာပဲမူတည်ပါတယ်..... အကယ်လို့  Java ပဲဖြစ်ဖြစ် C++ ပဲဖြစ်ဖြစ်......OOP မပါပဲရေးလို့ ရပါတယ်.....ဘာကွာလဲဆိုတော့ နောက်ထပ်တစ်ခါသုံးလို့ မရဘူးဖြစ် တာပါပဲ...........Java နဲ့  C++ က Java ကဘာလို့ ပိုကောင်းလဲဆို တော့.......... နောက်မှထွက်လို့ ဖြစ်ပါတယ်.......Java ဟာ C++ နောက်မှပေါ်လာတဲ့အတွက်....function ပိုစုံတာရယ်........နောက်တစ်ခုက C++ ဟာ booland မှာပဲ run လို့ ရပြီး......Java ကတော့ plat form မရွေးတာပါပဲ........
ဒီလောက်ဆို ရင်ကြေနပ်မယ်လို့ ထင်ပါတယ်........

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
အင်းကောင်းပါတယ်.....မဆိုးပါဘူး..သားသားမပြောတော့ဘူးနော်

http://ucsycyber.ning.com

syntax

syntax
MITR New User



တစ်မျိုးကြီးဘဲနော်.. ဘီလူးရေးတာ..C++ က OOP မဟုတ်ဘူးတဲ့လား..ခွိခွိ..

ဘီလူး

ဘီလူး
Reviewer



Reviewer
OOp ဆိုတာ Concept တစ်ခုပါ.........ရေုးသားတဲ့ programmer အပေါ်မှာမူတည်ပြီးတော့ oop
concept ကိုသုံးမသုံးပဲမူတည်ပါတယ်.............အကယ်လို့ oop ကိုမသုံးပဲရေးလဲရပါတယ်......မသုံးရင်တော့နောက်တစ်ခါပြန်သုံးလို့ မရဘူးပေါ့.........ဒါကသာအဓိကပါ................Very Happy Very Happy Very Happy

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
ဟုတ်တော့ဟုတ်ပါတယ်...မဆိုးဘူး C++ တော်တော်လေ့လာထားတယ်ထင်တယ်..ကျေးဇူးဘဲဗျာ

http://ucsycyber.ning.com

syntax

syntax
MITR New User



ဒါဆိုရင် Class တွေက ဘယ်နေရာမှာဘယ်လိုသုံးတာလဲ ဟင်။ Object ကရောဘာအတွက်လဲဟင်။မသိလို့ ပါ။ရှင်းပေးပါဦး ဘီလူးရေ။ကျေးဇူးနော်။

C0D3R

C0D3R
MITR Master



MITR Master
c++ software ကို offline run လို့ရတဲ့ဟာမျိုးတင်ပေးပါလားခင်ဗျာ
ကျွန်တော်တို့ကျောင်းတုန်းကတော့လုပ်ဘူးတယ်
ဒါပေမယ့်လက်တွေ့မရှိခဲ့ဘူး
အပြင်ရောက်မှအသုံးချရမှန်းသိခဲ့တာပါ

http://www.myanmaritresource.info

CrustyDi@per

CrustyDi@per
MITR Reader



MITR Reader
အစ်ကိုပြောတာကိုနည်းနည်းရှင်းအောင်ရေးပေးပါလားခင်ဗျာ

http://ucsycyber.ning.com

ဘီလူး

ဘီလူး
Reviewer



Reviewer
ကျွန်တော်တို့ C++ မှာ class ကိုဘယ်လိုသုံးတာလဲ..... object ကကောဘာအတွက်လဲလို့ မေးတဲ့ ကို syntax ရေ........
ဒါကိုရှင်းပြရမယ်ဆိုရင်အစ်ကို......ကားတစ်စီးကိုမျက်စိထဲမြင်ကြည့်ပါ.......ကားမှာအပြင်ပန်းပါတွေပါလဲ
.......ကားရဲ့ အမျိုးအစားပါမယ်...........ကားရဲ့ body ပုံစံပါမယ်.....engine နံပါတ်ဘယ်လောက်လဲဆိုတာရှိမယ်....စသည်ဖြင့်ပေါ့ဗျာ.....အဲဒါကို C++ နဲ့  car အကြောင်း program ဆွဲမယ်ဆိုပါတော့ဗျာ.......ဒီလို အချိန်ဆိုရင်.......object တွေ class တွေမသုံးဘူးဆိုပါတော့ .......အစ်ကိုအကုန်လုံးကို အစအဆုံးရေးပြီးပြီထားပါတော့....နောက်ထပ်ကား တစ်စီးထပ်ရေးရအုံးမယ်....ဆိုရင်ခုဏဟာတွေအကုန်လုံးကို.....အစအဆုံးပြန်ရေးရတော့မယ်.......
ဒါကိုကာကွယ်နိုင်ဖို့ အတွက် C++ မှာ......object တွေနဲ့  class တွေခွဲနိုင်ဖို့ လုပ်ထားပါတယ်...
ဘယ်လိုတုန်းဆိုရင်..........ကိုယ်လိုချင်တဲ့object အတွက် class တစ်ခုဆောက်ပြီးပြီဆိုရင်...... နောက်တစ်ခါပုံစံတူ object တစ်ခုလာပြီဆိုရင်...ခုန class ကိုပြန်ယူနိုင်တာပါပဲ.........
ဒါကိုပဲ object oriented programming လို့ ခေါ်တာပါ...........
ကျွန်တော်လဲလေ့လာဆဲမို့ .........မှားတာရှိရင်လည်းခွင့်လွတ်ပေးပါ.......................

C0D3R

C0D3R
MITR Master



MITR Master
c++ run ဖို့ Turbo C complier ကိုဘယ်မှာဒေါင်းရမလဲဟင်

http://www.myanmaritresource.info

K0ht3t

K0ht3t
Moderator



Moderator
Code:
http://www.brothersoft.com/turbo-c-download-182798.html

http://www.top4download.com/turbo-c-/aklqwuba.html

http://ifile.it/p705els
အပေါ် က နေရာလေး တွေ မှာ down လို့ရမယ်ဗျာ .. စမ်းကြည့်ပါဦး .. မရဘူး ဆိုရင်လည်း ပြောပါဦး ..



Last edited by kohtet on 16th December 2009, 12:00 am; edited 1 time in total

Law Shay

Law Shay
VIP Member



VIP Member
ဘီလူး wrote:နောက်ထပ်ဆွေးနွေးရမှာကတော့ C++ မှာပါတဲ့Data type တွေပါပဲ။ Data Type ဆိုတာကတော့ C++ မှာ input တွေ output တွေ လုပ်တဲ့အခါမှာသုံးတဲ့sizeသတ်မှတ်ချက်တွေပါ။လောလောဆယ်တော့ ကျွန်တော်က data type တွေရဲ့  name တွေကိုပြောပြပါ့မယ်။ နောက်မှပဲသူတို့ ရဲ့ size တွေကိုပြောပြပါ့မယ်။ အရင်ဆုံး data type ထဲ မှာအကြီးဆုံးက long double ပါ ၊သူကတော့ integer လို့ ခေါ်တဲ့ကိန်းဂဏန်းတွေကိုပဲလက်ခံပါတယ်
သူ့ရဲ့ အောက်မှာတော့ double ဆိုတာရှိပါမယ်။သူကတော့လည်း integer ကိုပဲလက်ခံပါတယ်။သူ့ အောက်ကတော့ float ပါ၊ကတော့ ဒသမကိန်းတွေကိုလည်းလက်ခံပါတယ်၊integer ကတော့ဒသမကိန်း ကိုလက်မခံပါဘူး။ ဒီနောက်မှာတော့အသုံးအများဆုံးဖြစ်တဲ့ integer ဖြစ်ပါတယ်။ data type ကိုကြေညာတဲ့အခါမှာတော့ အတိုကောက် int လို့ ကြေညာပါတယ်။


Very Happy Very Happy Very Happy

With all due respects, I think double is "Double Precision Floating Point Number" in C++.

It is not an int(eger).

Law Shay

Law Shay
VIP Member



VIP Member
CrustyDi@per wrote:ဒါဆိုရင်တစ်ခုလောက်ဖြေပေးနော်..C++ လည်း OOP concept ဘဲ၊ Java လည်း OOP ကိုသုံးတယ်
ဘာဖြစ်လို့ C++ ထက် Java ကပိုပြီး OOP ပိုင်းမှာပိုကောင်းတာလည်းခင်ဗျာ

ဒီမေးခွန်းကိုဖြေဖို့ရာ ... အသုံးချနယ်ပယ်ပေါ်မှာ မူတည်ပါမယ်။

သာမာန် ဒေတာ အသွင်းအထုတ်လောက်လုပ်မယ်ဆိုရင် ၂ ခုလုံးရဲ့ စွမ်းဆောင်ရည် သိပ်ကွာမှာ မဟုတ်ပါဘူး။

သိကြတဲ့အတိုင်း java မှာ စက်မရှိပါဘူး။ virtual machine (VM) ပဲ ရှိပါတယ်။ C/C++ ကတော့ တိုက်ရိုက် implement လုပ်တဲ့ စက်တွေ ရှိပါတယ်။ ခပ်မြင့်မြင့်ပြောရရင် Java is interpreted and C/C++ is compiled ပေါ့။

နေရာတော်တော်များများမှာ C/C++ က C#/Java တို့ ထက် စွမ်းဆောင်ရည် အပြတ်အသတ်ကွာပါတယ်။

C/C++ ရဲ့ အားနည်းချက်တွေကတော့ Strong Typing Language မဟုတ်တာ (Type Cast ကို လွတ်လွတ်လပ်လပ် ပေးလုပ်တာ)။

Garbage Collection မပါလို့ သတိမထားပဲ ရေးရင် မှတ်ဥာဏ်တွေ ယိုတတ်တာ (Leaking memory)။

စက်ပြောင်းရင် ပြန်ပြန် compile လုပ်ရတာ (ဒီကြားထဲ Borland နဲ့ Microsoft ရဲ့ ကိုယ်ပိုင် Library တွေက တမှောင့်)။

တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ကြောက်မယ်ဆိုရင်တော့ ဂျာဗားက ဆရာကြီးပေါ့။ ဟုတ်ဘူးလား။

စွမ်းဆောင်ရည်ကတော့ အပြတ်အသတ်ပဲ ကွာပါတယ်။

ဒါပေမဲ့ တချို့ ဖုန်းကုမ္ပဏီတွေက JAM ကို ထုတ်ပါတယ်။ (JAM = Java Actual Machine) အဲဒါနဲ့ဆိုရင်တော့ Java ဟာ စွမ်းဆောင်ရည် အတော်ကောင်းပါတယ်။ JIT compiler နဲ့လဲ စွမ်းဆောင်ရည် တက်အောင် လုပ်လို့ ရပါတယ်။ သို့သော် သို့သော် C/C++ ကို မမီသေးပါခင်ဗျား

အခု C/C++ 09 standard မှာ hash_map, hash_set ပါလာပါပြီ။ random number generator ကိုလဲ အဆင့်မြှင့်ထားပါတယ်လို့ သိရပါတယ်။ တခြား တိုးတက်မှုတွေလဲ ရှိသေးတယ်ဗျ။

Law Shay

Law Shay
VIP Member



VIP Member
$ƴǩǾ wrote:
ကျနော့်အထင်တော့ C++ ထက် Java က GUI လုပ်လို့ ကောင်းပါတယ်
ပြီးတော့ Web ပိုင်းမှာလည်း အများကြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးရေးလို့ရတယ်လို့ထင်ပါတယ်

GUI လုပ်ဖို့ Linux မှာ QB နဲ့ KDE ၊ Windows မှာ Visual C++ ရှိပါတယ်။

CGI ဆိုတာ C Library တွေကို Web page တွေကနေ လှမ်းခေါ်သုံးတာ။

Embedded Software အများစုကို C/C++ နဲ့ ရေးတာပါ။

Law Shay

Law Shay
VIP Member



VIP Member
CrustyDi@per wrote:နောက်ပြီး C++ ရဲ့ socket , Template ပိုင်းကိုသေသေချာချာရှင်းပြနိုင်တဲ့လူရှိရင်ကောင်းမယ်ဗျာ..
ကျွန်တော်ကနည်းနည်းဘဲရလို့..နောက် E-Books တွေရှိရင်လည်းတင်ပေးကြပါနော်

ခဏတော့စောင့်။ အဲဒါ ကိုယ်ရတယ်။ ၀င်ရှင်းပေးမယ်။ MZ မှာလဲ ရေးပေးမယ်လို့ ၀န်ခံထားတယ်။ ခုထိ မအားသေးလို့။

Law Shay

Law Shay
VIP Member



VIP Member
ဘီလူး wrote:C++ ကလည်း OOP concept မဟုတ်ပါဘူး.........Java ကိုလည်း OOP concept မဟုတ်ပါဘူး ခင်ဗျာ...... ရေးသားတဲ့ Programmer ပေါ်မှာပဲမူတည်ပါတယ်..... အကယ်လို့  Java ပဲဖြစ်ဖြစ် C++ ပဲဖြစ်ဖြစ်......OOP မပါပဲရေးလို့ ရပါတယ်.....ဘာကွာလဲဆိုတော့ နောက်ထပ်တစ်ခါသုံးလို့ မရဘူးဖြစ် တာပါပဲ...........Java နဲ့  C++ က Java ကဘာလို့ ပိုကောင်းလဲဆို တော့.......... နောက်မှထွက်လို့ ဖြစ်ပါတယ်.......Java ဟာ C++ နောက်မှပေါ်လာတဲ့အတွက်....function ပိုစုံတာရယ်........နောက်တစ်ခုက C++ ဟာ booland မှာပဲ run လို့ ရပြီး......Java ကတော့ plat form မရွေးတာပါပဲ........
ဒီလောက်ဆို ရင်ကြေနပ်မယ်လို့ ထင်ပါတယ်........

Again, with respect, but ...

Borland is a company that commercialize its C/C++ compiler (like Microsoft currently selling Visual Studio products).

C/C++ can be run on most machines (esp if you stick to ANSI C/C++ standard and standard template libraries - STL - of course) including (but not limited to) :

1. Windows computers
2. Unix/Linux based computers
3. Many embedded hardwares, SoC (Systems on a Chip) and ARM microprocessors (ARM is dominant in embedded computer industry)
4. Web back-end (using CGI)

ogre

ogre
Moderator



Moderator
[You must be registered and logged in to see this link.] @ပြောတာမှန်ပါတယ် ogre ကမတက်သေးလို့ လေ့ လာဆဲမို့  tutorial လေးတွေ ရေးပေးစေခြင်ပါတယ်။ ကျေးဇူးပြုပြီးအားရင် c++ tutorial လေးတွေတင်ပေးပါလားဗျာ။

http://www.myanmarhelper.co.cc

Law Shay

Law Shay
VIP Member



VIP Member
ဖြစ်တတ်တဲ့ အမှားလေးများထဲက တစ်ခု
Code:
int* creator(int value){    int* answer = new int;    *answer = value;    return answer;}void main(void){    int i;    i = 5;    cout << *(creator(i));}
မကြာခဏဆိုသလိုပဲ ကျွန်တော်တို့ဟာ object တစ်ခုကို dynamically ဖန်တီးရတတ်ပါတယ်။ အဲဒီလို ဖန်တီးရတာ များလာတဲ့ အခါ object ကို ဖန်တီး၊ ဖန်တီးတဲ့ object ရဲ့ address ကို return ပြန်တဲ့ function ကို ရေးရေးမိတတ်ပါတယ်။ (object တစ်ခုလုံးကို return ပြန်ရင် default copy constructor နဲ့ ကူးပြီး ပြန်ပြန်ပို့လို့ Complexity ၂ ဆ ပိုကြာပါတယ်။ Instantiate လုပ်တာက တစ်ခါ၊ ကူးတာက တစ်ခါ) အဲဒီ function ရဲ့ အဓိက ပြဿနာကတော့ function ထဲမှာ create လုပ်လိုက်တဲ့ object တွေကို function ကို ခေါ်တဲ့ caller က သုံးပြီးရင် ဖျက်ပေးရတာပါပဲ။တခါတလေမှာ အလျင်လိုနေတဲ့ အတွက် အပေါ်က ပြထားသလို တန်းပြီး တခြား function (ဥပမာမှာ cout) ထဲကို return value တန်းထည့်မိတတ်ပါတယ်။ ဒါဆို အဲဒီ object ကို ပြန်ဖျက်ဖို့ pointer မရှိတော့တဲ့အတွက် memory leakage ဖြစ်ပေါ်တတ်ပါတယ်။ ကြီးတဲ့ program တွေမှာ ကြီးစွာသော ပြဿနာ ဖြစ်စေပါတယ်။ရေးထုံး အမှန်က ဒီလိုရယ်ပါ။
Code:
int* creator(int value){    int* answer = new int;    *answer = value;    return answer;}void main(void){    int i;    int *ip;    i = 5;    ip = creator(i);    cout << *ip;    delete ip;}

Law Shay

Law Shay
VIP Member



VIP Member
syntax wrote:ဒါဆိုရင် Class တွေက ဘယ်နေရာမှာဘယ်လိုသုံးတာလဲ ဟင်။ Object ကရောဘာအတွက်လဲဟင်။မသိလို့ ပါ။ရှင်းပေးပါဦး ဘီလူးရေ။ကျေးဇူးနော်။
Class ဆိုတာ Data တွေ စုထားတဲ့ Struct နဲ့ တူတူပါပဲ။ Class မှာ ဘာတွေ ပိုလာလဲဆိုတော့ စောစောက Data တွေကို Manipulate လုပ်တဲ့ Function တွေပါ တပါတည်း ပေါင်းထည့်ပေးထားလေ့ ရှိတယ်။ ဒီလိုပြောလို့ Struct မှာရော ပေါင်းထည့်ပေးလို့ မရဘူးလားဆိုရင် technically ပြောရရင် ရပါတယ်။ (C မှာကတော့ function pointer နဲ့ ပေးတယ်။ C ရဲ့ Struct မှာ Private နဲ့ Protected မပါလို့ OOP concept တစ်ခုဖြစ်တဲ့ Data Encapsulation/Hiding မရဘူး) C++ မှာ Struct နဲ့ Class  ကို တမျိုးတည်း သတ်မှတ်တယ်။ Struct ရဲ့ Default access specifier က public, Class ရဲ့ Default access specifier က private ဖြစ်တာကလွဲပြီး C++ မှာ struct နဲ့ class က interchangeable ဖြစ်တယ်။Object ဆိုတာကတော့ Class ကို instantiate လုပ်ထားတဲ့ဟာပါ။ class c { ဘာညာ ဘာညာ }; ဆိုပြီး ကြေညာပြီးတော့ c myC; ဆိုပြီး ယူလိုက်ရင် c က class ပါ။ myC က Object ပါ။ myC ကို instance လို့လဲ ခေါ်ကြပါသေးတယ်။ 

ko htet

ko htet
MITR Reader



MITR Reader
ကိုထက် ရေ..
ifile က File ရှာမတွေ့ဘူးပြနေတယ်ဗျ

http://deviljim.multiply.com

mars

mars
Moderator



Moderator
Turbo C ဆိုတာလေးပြန်တောင်းထားတာတွေ့လို့ ကျနော်ပြန်တင်ပေးထားတယ်... အဆင်မပြေတာရှိရင်လည်းပြောပါဗျာ...
Code:
 http://ifile.it/jylpqug/Turbo%20C.zip

http://sidnaing.co.cc/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com