Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

lamin

lamin
MITR New User



အစ်ကိုတို့ရေကူညီကြပါအုံးခင်ဗျ
ကျွှန်တော်မှာလေmp4တစ်လုံးလက်ဆောင်းပေးလို့ရှိပါတယ်ခင်ဗျဒါပေမဲ့ပျက်လို့သွားပြင်တာလေပြင်ပြီတော့passwordတောင်းနေတယ်
ဘယ်လို့လုပ်ရမလည်းခင်ဗျကူညီပါနော်အမျိုးအစားကအိုင်ပေါ့ပါခင်ဗျ။သူကိုမေးတော့လည်းမမှတ်မိတော့ဘူးတဲ့မေ့သွားလို့တဲ့သူပေးထား
တဲ့password တွေကဂဏန်တွေကြီပါပဲးခင်ဗျဘာနဲ့လုပ်ရင်ရမလည်းမသိဘူးနော်ကူညီပေးနှိုင်းရင်ကူညီကြပါခင်မျာနာထောင်စရာမရှိလို့ပါနော်
ကျေးဇူးတင်စွာဖြင့်လမင်း

C0D3R

C0D3R
MITR Master



MITR Master
ကျွန်တော်တော့ ipod ဆိုရင်သုံးဖို့မပြောနဲ့

မြင်တောင်မမြင်ဘူးသေးဘူး

ဟီးး

သိတဲလူတွေဝင်ပြောကြလေ

ကျွန်တော်လည်းရှာကြည့်ပါဦးမယ်

http://www.myanmaritresource.info

§T

§T
MITR New User



ဟီဟိ..ကျွန်တော်ကတော့ ကို worker ပြောသလိုမျိုးပဲ..ဒါပေမယ့်.. အတုကိုမြင်ဖူးတယ်..ကိုင်လည်းကိုင်ကြည့်လိုက်ဖူးတယ်..ဟီး...တစ်ခြားသူတွေဖြေတတ်မှာပါ

3iton3

3iton3
MITR Reader



MITR Reader
format ချကြည့်ပါလား.. မရဘူးလား.. ဟီးးး Very Happy

lamin

lamin
MITR New User



ကြိုးစာကြည့်လိုက်ပါအုံးမယ်ခင်ဗျအစ်ကိုတို့ပြောသလို့
ကျေးဇူးတင်ပါသည်
လမင်း

ဘီလူး

ဘီလူး
Reviewer



Reviewer
mp4 က ipod ဆိုရင်တော့လွယ်ပါတယ်.........အောက်ကလင့်လေးတွေမှာ.......ပြောထားပါတယ်
အဆင်ပြေပါစေဗျာ.......မရရင်လည်းပြန်ပြောပါ
[You must be registered and logged in to see this link.]

Kyal Sin

Kyal Sin
MITR New User



lamin wrote:အစ်ကိုတို့ရေကူညီကြပါအုံးခင်ဗျ
ကျွှန်တော်မှာလေmp4တစ်လုံးလက်ဆောင်းပေးလို့ရှိပါတယ်ခင်ဗျဒါပေမဲ့ပျက်လို့သွားပြင်တာလေပြင်ပြီတော့passwordတောင်းနေတယ်
ဘယ်လို့လုပ်ရမလည်းခင်ဗျကူညီပါနော်အမျိုးအစားကအိုင်ပေါ့ပါခင်ဗျ။သူကိုမေးတော့လည်းမမှတ်မိတော့ဘူးတဲ့မေ့သွားလို့တဲ့သူပေးထား
တဲ့password တွေကဂဏန်တွေကြီပါပဲးခင်ဗျဘာနဲ့လုပ်ရင်ရမလည်းမသိဘူးနော်ကူညီပေးနှိုင်းရင်ကူညီကြပါခင်မျာနာထောင်စရာမရှိလို့ပါနော်
ကျေးဇူးတင်စွာဖြင့်လမင်း

မဝင်ပြောရရင် မနေနိုင်လို့ ဝင်ပြောကြည့်မယ်နော်....တကယ်လို့သာ Ipod passcode မေ့နေရင်၊

ဒီနည်းလေးနဲ့ လုပ်ကြည့်ပါလား..ပထမ အနေဲ့....Ipod cable ကျိုးထည့်ပြီးတော့ ကွန်မြူတာ နဲ့ ချိတ်လိုက်ပါ၊

ပြီးပါကွာ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မည်၊ အဲပုံပေါ်လာခြင်းက password တောင်းတာ ဖြစ်ပါတယ် passcode ထည့်ပေးမှသာလျှင် connect လုပ်မှာဖြစ်တယ်။

ဒါမဲ့ ပြသနာ မရှိပါဘူး step by step လုပ်သွားကြည့်လိုက်ပါ အဆင်ပြေမယ်လို့ မျှော်လင့်ပါမိပါတယ်။


[You must be registered and logged in to see this image.]

အဲလိုပေါ်လာပြီး ဆိုရင် ဒုတိယ ပုံထဲမှာ ဝိုင်းထားတဲ့ Power button ခလုပ်နဲ့ home button ခလုပ်နှစ်လုံးကို တယ်ပြိုင်ထဲ 10 စက္ကန့် နှိပ့်ထားပါ။

ပြီးပါက Ipod က black screen ဖြစ်သွားပါလိမ့်မယ်၊ 10 စက္ကန့်မပြည့်မချင်း အဲခလုပ် နှစ်ခုကို နှိပ့်ထားပါ မလွတ်လိုက်ပါနဲ့ခင်ညား။

black screen ဖြစ်သွားပြီး ဆိုရင် home button 10 စက္ကန့်လောက် နှိပ့်ထားပေးပါ၊ အဲဒါဆိုရင် Computer မှာ အောက်က ပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါသည်။


[You must be registered and logged in to see this image.]

အဲလိုပေါ်လာပြီး ဆိုရင် OK ကို နှပ့်ပေးပါ....ပြီးသွားရင် အောက်က ပုံအတိုင်း ဆက်ပေါ်လာပါမည်။

[You must be registered and logged in to see this image.]

restore ကို click လိုက်ပါ...ပြီးရင် restore and update ပေါ်လာပါလိမ့်မည်.. restore and update ကိုပဲ ဆက်နှိပ့်ပါ၊

ဒါဆိုရင် မိမိ ipod ကို restore လုပ်သွားပါလိမ့်မည်။ ခဏလေးတော့ စောင့်ပေးလိုက်ပါ ipod update လုပ်နေတာကို တွေ့မြင်ရလိမ့်မည်။ ပြီးတဲ့အထိ စောင့်လိုက်ပါ

ဒါဆိုရင်တော့ Ipod unlock ဖြစ်သွားပါလိမ့်မယ် အဆင်ပြေမယ့် နည်းလမ်းကို ရှင်းပြပေးတာပါ၊ ဝမ်းနည်းစရာ တစ်ခုက မိမိ စက်ထဲမှာ ရှိရှိသမျှတော့ ပျက်သွားပါလိမ့်မည်။

နဂိုက ဝယ်လာတဲ့ အသစ် အတိုင်း ပြန်ဖြစ်သွားပါမည်...ipod data မပျက်အောင် restore လုပ်တဲ့နည်းတော့ ကျွန်တော် မသိပါဝူး၊ သိတဲ့သူများ ဆက်ရေးပေးယိုက်ပါနော့်။

တစ်ခုပြောဖို့ မေ့နေတယ် restore လုပ်မယ်ဆိုရင် Itunes lastest version နဲ့ လုပ်ရပါမည်။




ခင်မင်လေးစားစွာဖြင့်၊
Kyal Sin

http://byoind.ning.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com