Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Register DLL files in Windows Explorer Empty Register DLL files in Windows Explorer 14th July 2009, 5:29 pm

sHa92

sHa92
Founder



Founder
ကိုယ့်
Program မှာတွဲသုံးဖို့ Third party Dll file တွေကို Register
လုပ်ရန်အတွက် DOS Mode ကနေသွားသွားလုပ်နေရတာ တစ်ခါတစ်ခါ command
မေ့နေရင်တို့၊ နောက်က parameter မေ့နေရင်တို့ သိပ်အလုပ်မတွင်လှဘူးပေါ့ ..
ဒီတော့ DLL File လေးကို mouse နဲ့ Right click ခေါက် ၊ ပေါ်လာတဲ့ menu
မှာရွေးပြီး Register လုပ်လို့ရရင် ကောင်းမှာပေါ့ဗျာ၊

Registry မှာ နဲနဲ ပြင်ပေးလိုက်ယုံနဲ့ menu လေးပေါ်လာမယ်ဗျား … တဆင့်ခြင်းစီကတော့ ဒီလိုပါ.

လိုခြင်တာက Registry မှာဒီလို ဆောက်ခြင်တယ် .. ပထမဆုံး Run box ကနေ Regedt32 လို့ရိုက် Enter ခေါက် (သို့) OK ကို click ခေါက်ပါ။



[You must be registered and logged in to see this image.]





Registry Editor ပေါ်လာရင် HKEY_CLASSES_ROOT ကိုသွားပါ၊



[You must be registered and logged in to see this image.]

အဲဒီအောက်ကမှ
dllfile ဆိုတဲ့ sub key တစ်ခု တွေ့အောင်ရှာပါ၊ အဲဒီ dllfile ဆိုတဲ့ sub
key အောက်မှာ shell ဆိုတဲ့ sub key တစ်ခု ထပ်ဆောက်ပါမယ်၊ ရှိပြီးသားဆို
ဆောက်စရာမလိုပေါ့ဗျာ။ ဆောက်ရမယ်ဆိုရင်တော့ dllfile ဆိုတဲ့ sub key အပေါ်မှာ
right click ခေါက် -> menu ပေါ်လာရင် New -> Key လို့ရွေးပြီး
စာရိုက်စရာ လေးပေါ်လာရင် အဲဒီနေရာမှာ shell လို့ရိုက်လိုက်ပါ၊

[You must be registered and logged in to see this image.]



အဲဒီ shell sub key
အောက်မှာ Regsvr32 ဆိုတဲ့ sub key တစ်ခု ထပ်ဆောက်မယ်၊ ပြီးရင် Regsvr32
ဆိုတဲ့ sub key အောက်မှာ command ဆိုတဲ့ sub key ထပ်ဆောက်မယ်၊ အဲလိုဘဲ
shell ဆိုတဲ့ sub key အောက်မှာ UnRegsvr32 -> command ဆိုတဲ့ sub key
တွေ ဆက်ဆောက်မယ်။ အားလုံးပြီးသွားရင် ဒီလိုဖြစ်နေရမယ်ပေါ့နော် ..။



[You must be registered and logged in to see this image.]




အဲဒီအခါမှ Regsvr32 ->command ကိုရွေး ၊ ညာဘက်မှာ ပေါ်လာတဲ့ key value အပေါ်မှာ Right Click ခေါက် Modify ကိုရွေး


[You must be registered and logged in to see this image.]



ပြီးရင် ပေါ်လာတဲ့ Dialogue Box မှာ Value data text box မှာ “regsvr32.exe” %1 လို့ ရိုက်ပါ၊ OK နှိပ်ပါ။



[You must be registered and logged in to see this image.]



နေက်တစ်ခါမှာ
UnRegsvr32 ->command ကိုရွေး ၊ ညာဘက်မှာ ပေါ်လာတဲ့ key value အပေါ်မှာ
Right Click ခေါက် Modify ကိုရွေး ပြီးရင် ပေါ်လာတဲ့ Dialogue Box မှာ
Value data text box မှာ “regsvr32.exe” /u %1 လို့ ရိုက်ပါ၊ OK နှိပ်ပါ။



[You must be registered and logged in to see this image.]



ဒါဆိုအားလုံးလုပ်ပြီးသွားပါပြီ။
Registry ထဲကထွက်ပြီး Windows Explorer ထဲကိုဝင် ကိုယ် register
လုပ်ခြင်တဲ့ DLL ကိုရှာ Right click ခေါက်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း
အပေါ်ဆုံးမှာ Regsvr32 နဲ့ unregsvr32 ဆိုပြီး menu နှစ်ခု ပေါ်လာပါမည့်
အကြောင်း၊ Regsvr32 ကို နှိပ်လိုက်ရင် Registry မှာ register
လုပ်ပေးပြီးတော့ unregsvr32 ကိုနှိပ်ရင်တော့ unregister
လုပ်ပေးမှာဖြစ်ပါတယ်၊ အောင်မြင်ကြပါစေဗျာ။



[You must be registered and logged in to see this image.]


ကျနော် အလွန် ကြိုက်သည့်အတွက် Myanmar OpenXteam မှ ကူးယူတင်ပြပါသည်...

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum hosting | ©phpBB | Free forum support | Report an abuse | Forumotion.com