Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
Apple မှ အနာဂါတ်တွင် ပိုမိုသေးငယ်သော SIM card များထုတ်လုပ်ရန် ကြိုးစားသွားမည်
Apple မှ အနာဂါတ်တွင် ပိုမိုသေးငယ်သော SIM card များထုတ်လုပ်ရန် ကြိုးစားသွားမည် [Global news] SIM-cards
Apple မှ အနာဂါတ်တွင် ပိုမိုသေးငယ်သော မိုဘိုင်းလ် ပစ္စည်းများထုတ်လုပ်ရန် ရည်ရွယ်၍ လက်ရှိ iPhone 4၊ iPad နှင့် micro-SIM card များထက်သေးငယ်သော SIM card များကိုထုတ်လုပ်ရန် ကြိုးစားနေပြီဖြစ်ပါတယ်။

Reuters သတင်းမှ ဖော်ပြထားချက်များအရ network operator ကုမ္ပဏီတစ်ခုမှာApple ၏ SIM သေးမည့်အစီအစဉ်ကို အတည်ပြုပေးထားကြောင်းနှင့် အဆိုပါကုမ္ပဏီမှာ လည်း Apple ၏ အစီအစဉ်အားထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထပ်မံပြီး Apple မှ SIM card များကိုသေးစေရန်အတွက် ဥရောပ တယ်လီဖုန်း ဆိုင်ရာ အဆင့်သတ်မှတ်ရေးအဖွဲ ့ (European Telecommunications Standards Institute) အား လျှောက်ထားသွားမည်ဖြစ်သော်လည်း အဆိုပါ အစီအစဉ်မှာ ခန့်မှန်းခြေ ၁ နှစ်ခန့် ကြာမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ETSI တာဝန်ရှိသူတစ်ဦးမှ ၎င်းင်းတို့အနေဖြင့် ယခုအစီအစဉ်ဖြစ်ပေါ်လာစေရန် ကုမ္ပဏီ အများစု၏ ပါဝင်မှုအားလိုအပ်ကြောင်း၊ သို့မှသာလျှင် Apple ဖြစ်ချင်သော SIM card အသေးများ ထုတ်လုပ်ခြင်း အစီအစဉ်ကိုအလျှင်အမြန် အကောင်အထည်ဖော်သွားနိုင်မှာ ဖြစ်ကြောင်း Reuters သတင်းဌာနသို့ ပြောကြားထားပါတယ်။

အခြား Network Operator များမှတော့ အဆိုပါတင်ပြချက်အား မှတ်ချက်ပေးသွားရန် ငြင်းဆန်ထားသော်လည်း၊ မိုဘိုင်းလ်ဖုန်းထုတ်လုပ်ရေးကုမ္မပဏီ အများစုမှာတော့ ပိုမိုသေးငယ်သော SIM card များထုတ်လုပ်ခြင်းကို အားပေးထားပြီး ထိုကဲ့သို့ထုတ်လုပ်ခြင်းဖြင့် ပိုမိုခေတ်မီသော SIM card များ၊ ပိုမိုလှပသော မိုဘိုင်းလ် ပစ္စည်းများတွင်အသုံးပြုနိုင်ခြင်း၊ အကောင်းစား Handset များကိုထုတ်လုပ်သွားနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ယခုလ မတိုင်ခင်တွင်လည်း ကနေဒါနိုင်ငံရှိ Queen's University of Ontario မှ သုတေတနများပြုစုထားသော စာရွက်တစ်ရွက်အရွယ်အစားသာရှိသော mobile handset တစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စာရွက်ဖုန်းမှာ ဖုန်းခေါ်ဆိုခြင်း၊ သီချင်းနားထောင်နိုင်ခြင်း၊ စာဖတ်နိုင်ခြင်းနှင့် အခြားfunction ပေါင်းများစွာကိုလည်း လုပ်နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Source:myanmarictnews

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com