Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
တရုတ်ပြည်မကြီးအတွက် ၎င်းတို့၏ ထောက်ပံ့ထားသော
ဝန်ဆောင်မှုများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံး Search
Engine ကုမ္ပဏီကြီး Googleက အတည်ပြု ပြောကြားလိုက်သည်။ ထို့ကြောင့်လည်း
ယခုအခါ တရုတ်ဘာသာဖြင့် Googleအား အသုံးပြုလိုက်သူများသည်
ဟောင်ကောင်အခြေစိုက် Serverကိုသာ လွှဲပြောင်းအသုံးပြုရတော့မည်ဖြစ်သည်။
မတ်လ(၂၃)ရက်နေ့က Googleသည် တရုတ်ပြည်မကြီးရှိ ၎င်းတို့၏ ရှာဖွေရေး
ဝန်ဆောင်မှုများ ရပ်ဆိုင်းပြီဟု ကမ္ဘာသိ ကြေညာခဲ့ပြီး သုတေသနနှင့်
ဖွံ့ဖြိုးရေး လုပ်ငန်းများကိုမူ ဆက်လက်ဆောင်ရွက်နေဦးမည်ဟု အတည်ပြုခဲ့သည်။တရုတ်ပြည်မကြီးမှ Google ထွက်ခွာပြီ [News] [Global News] Google_content
တရုတ်အစိုးရက Google.cnတွင် ဆင်ဆာပြုလုပ်ရန်
ဖိအားပေးမှုများ ပြုလုပ်ပြီးနောက် Googleနှင့် တရုတ်အစိုးရကြား တင်းမာမှုများ
စတင်ပေါ်ပေါက်လာခဲ့သည်။ တရုတ်က လပေါင်းများစွာ ပြဿနာရှိနေခဲ့ပြီးနောက်
Googleက ရွေးချယ်သွားသည့်လမ်းမှာ လုံးဝမှားယွင်းနေကြောင်း ဝေဖန်ခဲ့သည်။
Google၏ ဟောင်ကောင်အခြေစိုက် ၀က်ဘ်စာမျက်နှာတွင် “တရုတ်ဘာသာနဲ့ ရှာဖွေမှုတွေ
ပြုလုပ်ချင်သူတွေအတွက် ရိပ်မြုံသစ်လေးက ကြိုဆိုပါတယ်”ဟု တရုတ်ဘာသာဖြင့်
မတ်လ(၂၂)ရက်နေ့ကတည်းက ဖော်ပြထားခဲ့သည်။ Google၏ ဥပဒေဌာန အကြီးအကဲ
ဒေးဗစ်ဒရမ်မွန်းက “Googleရဲ့ Businessလုပ်ငန်းတွေကို တရုတ်ပြည်မှာ
ဆက်လုပ်နေတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖွံ့ဖြိုးရေးနဲ့ သုတေသန
စီမံကိန်းတွေကတော့ အရင်လိုပဲ ဆက်ရှိနေမှာပါ။ နောက်ပြီးတော့ ပြင်ဆင်မှုနဲ့
အရောင်းကိစ္စတွေကလည်း တရုတ်ပြည်မှာ ဆက်ပြီးလည်ပတ်နေပါဦးမယ်။ ဒါပေမယ့်
တရုတ်ဘာသာစကားနဲ့ Googleကို သုံးချင်တဲ့ တရုတ်ပြည်သူတွေအတွက် အရင်Linkအစား
Google.com.hkကို အစားထိုး သုံးသွားရတော့မှာပါ”ဟု ပြောဆိုသွားသည်။
Googleသည် ဇန်န၀ါရီလအတွင်းက အင်တာနက်မှတဆင့် ထိုးဖောက်တိုက်ခိုက်မှု
အကြိမ်(၂၀)မျှ ထိုကိစ္စများသည် တရုတ်Hackerများ၏ လက်ချက်ဖြစ်ကြောင်း
သတင်းများက ဖော်ပြခဲ့ပြီးနောက် Googleနှင့် တရုတ်တို့ကြား ဆက်ဆံရေးသည်
ပိုမိုဆိုးရွားလာခဲ့သည်။ အခြေအနေ အရပ်ရပ်ကြောင့် မိမိတို့၏ Google.cn၏
ရပ်တည်ရေးမှာ ပိုမိုခက်ခဲလာပြီး ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ရန်
မဖြစ်နိုင်တော့ဟု ဒရမ်မွန်းက ပြောကြားခဲ့သည်။ ယခုအခါ Google.cnကို
ဝင်ရောက်သည့်အခါ အလိုအလျောက်ပင် Google.com.hkသို့
ပြောင်းလဲချိတ်ဆက်ထားပြီဖြစ်သည်။ Googleသည် ကမ္ဘာအရပ်ရပ်တွင်
ဝန်ထမ်း(၂၀၀၀၀)ကျော် ခန့်ထားပြီး ယင်းတို့အနက် တရုတ်ပြည်တွင်
(၇၀၀)ခန့်ရှိကြောင်းလည်း သတင်းရရှိသည်။

Ref:
Code:
http://english.aljazeera.net/news/asia-pacific/2010/03/2010322193534966281.html
http://www.channelnewsasia.com/stories/technologynews/view/1045276/1/.html

Ref:Myanmar network



Last edited by solakoko on 26th April 2010, 7:11 pm; edited 1 time in total

xtrm

xtrm
VIP Member



VIP Member
ဒီ သတင်းရဲ့ နောက်ဆက်တွဲလေးတွေပါ။ ကျနော့လို့ China သတင်းစိတ်ဝင်စားတယ့်လူရှိရင် သိချင်မလားလို့ Very Happy

Google ထွက်ခွါအပြီး နောက်ထပ် China ကနေ ထွက်ခွါတယ့် US Company က GoDaddy ပါ။ China country domain (.cn) တွေကို နောက်ထပ် မရောင်းတော့ဘူးလို့ ဆိုပါတယ်။ ပုံမှန်က country domain တွေရောင်းရင် လွတ်လပ်စွာရောင်းလို့မရပါဘူး။ အဲနိုင်ငံရဲ့ သက်မှတ်ချက်တွေ ပေါ်မှာမူတည်ပါတယ်။ အခု China က .cn domain register လုပ်ရင် register လုပ်တယ့်လူရဲ့ ဓာတ်ပုံအပါအဝင် personal information တွေအများကြီး ပေးရပါတယ်။ China gov ရဲ့ Agent ဖြစ်မှန်းမသိ ဖြစ်နေတာကို လက်မခံနိုင်ဘူး ဆိုတယ့် အကြောင်းပြချက်နဲ့ GoDaddy က china domain ထပ်မရောင်းတော့ဘူးလို့ တရားဝင်ကြေညာပါတယ်။

Google ရဲ့ ဆုံးဖြတ်ချက်ကို China local company တွေက တုန့်ပြန်မှုတွေရှိပါတယ်။ အခု China ရဲ့ ဒုတိယ အကြီးဆုံး mobile company ဖြစ်တယ့် Unicorn က သူတို့ရဲ့ Andriod mobile အသစ်တွေမှာ Google search မသုံးတော့ဘူးလို့ ဆိုပါတယ်။ China Mainland က Google ကို သုံးရင် mobile service တော်တော်များများ ပိတ်ထားပါတယ်။ Blogger, youtube အပါအဝင် အချို့ google docs ကိုတောင် mobile service သုံးလို့မရဘူးလို့ google news တွေ့လိုက်တယ်။

China မှာ Google က အဓိက search engine တော့မဟုတ်ဖူး။ ကျနော့ရဲ့ လုပ်ဖော်ကိုင်ဖက် ကတော့ သူတို့က Baidu ကိုပိုအသုံးများတယ်လို့ပြောတယ်။

ပိစိလေး

ပိစိလေး
MITR Reader



MITR Reader
ပွဲကတော့ ကြည့်ကောင်းပြီ.. Smile

http://forum.mmitd.com/pixielay

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com