Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Google Talk Shell V1.2.1 [Article]

Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator

Google Talk Shell V1.2.1

ဒီအကြောင်းအရာလေးကလည်းကြာပါပြီ ။ လူသိနည်းသေးတယ်လို့ ကျနော်ထင်တယ်လေ။

ဒါကြောင့် ကျနော်က မသိသေးတဲ့သူတွေ သိအောင်နဲ့သုံးလို့အဆင်ပြေအောင် ပြောပြလိုက်ပါတယ်။

တစ်ချို့၊ ဂျီတော့(ကိုယ်နဲ့Chatting )ပြောနေတဲ့သူတွေရဲ့ပုံလေးတွေ တစ်ပုံပြီးတစ်ပုံပြောင်းသွားတာတို့

သီချင်းနာမည်တွေ တစ်ပုဒ်ပြီးတစ်ပုဒ်ပြောင်းသွားတာတွေကို သတိများထားမိမလားမသိဘူး။

အဲ့ဒါက Auto လုပ်ပေးထားတာပါ ။

ကဲ..အောက်မှာရေးထားတဲ့ Features တွေကို ဖတ်ကြည့်ရင်း ဘာတွေအသုံးတည့်လဲဆိုတာတွေ့ပါလိမ့်မယ်.

ပုံလေးနဲ့တကွ ကျနော်ဖော်ပြလိုက်ပါတယ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပုံ (၁)
[You must be registered and logged in to see this image.]


ပုံ (၂)

[You must be registered and logged in to see this image.]



Google talk (G-talk) မှာ Add on အဖြစ် Google Talk Shell(Gtalk Shell) ကို အသုံးပြုခြင်းဖြစ်ပါတယ်၊။

အောက်မှာရေးပြထားတာက G-talk Shell ရဲ့ Features: တွေဖြစ်ပါတယ်။



Features : 1 . Avator

Gtalk Shell > Avatar > Setting > ကိုသွားလိုက်ပါ

အဲ့ဒါဆို G talk Shell Setting ပေါ်လာပါမယ် ။ အခုမြင်နေရတဲ့ပုံမှာဆိုရင် ကျနော်က Avatar မှာ ကိုယ်ကြိုက်တဲ့ပုံတွေကို Add နေရာမှာနှိပ်ပြီး ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ပြီးရင်တော့ ပုံတွေကို ဘယ်ဘက်အခြမ်းမှာ ပုံပါအတိုင်းမြင်နေရပါမယ်။ အဲ့လိုရွေးလိုက်ခြင်းအားဖြင့်
ကိုယ့်ရဲ့ပုံတွေက တစ်ပုံပြိးတစ်ပုံ Auto ပြောင်းနေပါလိမ့်မယ်။ (ပုံ-၃) ကိုကြည့်ပါ။


ပုံ (၃)

[You must be registered and logged in to see this image.]




Features :2. Anti boss Hot Key. (Hide/show gtalk window with a hotkey)

Short-cut key သုံးပြီး G talk Shell ကို Desktop ပေါ်ကနေ ပေါ်လိုက်/ ဖျောက်လိုက်လုပ်တာပါ။

ဖျောက်ချင် တယ်ဆိုရင် Ctrl + Alt + Q တွဲပြီးနှိပ်ပေးပါ။

ပေါ်ချင်တယ်ဆိုရင် Ctrl + Alt + W တွဲပြီးနှိပ်ပေးပါ။ ( ဒါဆိုဘယ်အလုပ်မှာပဲဖြစ်ဖြစ် အလုပ်ချိန်အတွင်း ဂျီတော့ ပြောနေမှန်း ဘယ်သူမှမသိတော့ဘူး )စကားအဖြစ်ပြောတာပါဗျာ…



Features :3. Auto hide

ဒါကတော့ G-talk Shell ကို ကိုယ်မသုံးတော့တဲ့အချိန်ကြရင် အလိုအလျောက် Hide လုပ်ပေးတာပါ။ အဲ့ဒီမှာ

Auto Hide (အမှန်ခြစ်ပေးထားမယ်ဆိုရင် Auto Hide လုပ်ပေးပါမယ်)

Hide taskbar simultaneously ( အမှန်ခြစ်ပေးမယ်ဆိုရင် Taskbar မှာ Hide လုပ်ပေးပါယ်)

Revival Hotkey Ctrl + Alt + W (ပျောက်လို့ပြန်ခေါ်ချင်ရင် ဖော်ပြထားသော Key ကို တွဲပြိးနှိပ်ပေးရုံပါပဲ)



Features :4. Google talk always on top of desktop



Features :5
ဒီအချက်ကတော့ G talk Shell ကို တစ်ခုမက ဖွင့်ချင်တယ်ဆိုရင် nomutex mode ကိုပြောင်းပေးပြီးသုံးနိုင်ပါတယ်ဗျာ

(တကယ်လို့ nomutex ပြောင်းတာ မသိရင် ကျနော်ပြန်ပြောပြပါမယ်)



သုံးမယ်ဆိုရင်တော့ အောက်မှာဒေါင်းလိုက်ပါဗျာ

Download Link: Installation Version Google Talk Shell V1.2.1

Code:
http://www.crazymsn.net/gtalkshell/download/gtalkshell.exe



ကျနော်ပြောတာမအားမရလို့ မူရင်းလင့်ကိုသွားကြည့်ချင်သူများအတွက် အောက်မှာဖော်ပြပေးထားပါတယ်

မူရင်းလင့်

Code:
http://www.crazymsn.net/gtalkshell/



မရှင်းတာရှိရင်လည်း ပြန်လည်မေးမြန်းနိုင်ပါတယ်။

အားလုံးသော အသင်းဝင်များးအားလုံးကို

ခင်မင်စွာဖြင့်

http://alinkarnya.blogspot.com/
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com