Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

william016

william016
MITR New User



သူငယ်ချင်းအားလုံးမင်္ဂလာပါ။ နှစ်သစ်သင်္ကြန်မှာစပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အခုပြောပြချင်တာက Mozilla Firefox and Freedom software ကိုအသုံးပြု ပြီး ကျော်ခွနည်းလေးပါ။ ကျွန်တော့်အယင် post တင်ပြီးသားရှိခဲ့ယင်လည်းနားလည်ပေးပါ။

ဝါသနာပါလို့ကျော်ချင်ခွချင်သူများ(အထူးသဖြင့် ယောက်ျားလေးများ ကျွန်တော်အပါ အ၀င် ဟဲဟဲဟဲ-- )အဲမှားသွားလို့ --- user များ freedom software ကိုကြားဖူး၊သုံးဖူးကြမှာပါ။ တစ်ခါတစ်လေ ကျွန်တော် တို့ Internet သုံးတဲ့အခါ အဆင်မပြေတာလေးတွေရှိတယ်လေ။ တစ်ချို့ ဆိုဒ်တွေ(http://***) တိုက်ရိုက်သွားလို့မရတဲ့ အခါ အခုလို နည်းလမ်းများ ကိုသုံးပြီး ကျော်ခွသွားမှ လိုရာကိုရောက်မှာပေါ့။
ကျော်ခွနည်းတွေအများကြီးရှိတဲ့အထဲမှာ ကျွန်တော်အကြိုက်ဆုံး က freedom software ကိုသုံးရတာ အကြိုက်ဆုံးပါပဲ။ Web proxy (vtunnel,Bing proxy ,etc---) တွေက အကန့်အသတ်ရှိ တယ်။ ရတဲ့ အခါ ရတယ်။ မရတဲ့အခါမရဘူး။သိပ်စိတ်မရှည်ဘူးလေ။ Freedom က တော့ ရှယ်ပဲ။ကျော်ချင်တိုင်းကျော်ခွလို့်ရတယ်။ဒီလောက်ဆိုသဘောပေါက်ပေါ။့အခုကျွန်တော်ပြောချင်တာက freedom software နှင့် Mozilla Firefox ကိုတွဲစပ်အသုံးပြုပြီးကျော်ခွနည်းဖြစ်ပါတယ်။ အထူးသဖြင့် မသိသေးသူ သယ်ရင်း များအတွက်အထူးရည်ရွယ်ပါတယ်။ သိပြီးသူများလည်းပြန်မှတ်မိသွားတာပေါ့။ ကျွန်တော်သိထားတာ အားလုံးကို မျှဝေပေးလိုက်ပါတယ်။ လိုအပ်တာရှိယင် ဖြည့်စွက်တွေးပြီး နားလည် ပေးပါ။ ကျွန်တော်လည်း user တစ်ယောက်ပါ။ ကဲ စလိုက်ကြဆို့ ---

ပထမဆုံးလုပ်ရမှာက
(၁) freedom မှာ User name and password ပေးပြီး မှတ်ပုံတင်ရမယ် ။ မေးလ်ရှိယင်လွယ်ပါတယ်။

(၂) freedom ကပေးထားတဲ့ software ကို ဒေါင်းလုပ် လုပ်ရမယ်။ 12MB ပဲရှိပါတယ်။
Code:
http://www.your-freedom.net/
or
Code:
http://www.mediafire.com/yourfreedom

ကြိုက်ရာသွားဒေါင်းနိုင်ပါတယ်။ Mediafire မှာ .exe file ကိုရှာပြီးဒေါင်းပါ။

(3) Firefox ကို setting နဲနဲ ပြောင်းရပါမယ်။ ဒါဆိုယင်အားလုံးပြီးပြီပေါ့။

FEEEDOM မှာ REGISTERED လုပ်ပုံ ---
[You must be registered and logged in to see this link.] ကို သွားပါ။ Home page မှာ click her to register ကိုကလစ်နှိပ်ပြီး လိုအပ်တာကို ဖြည့်စွက်လိုက်ယင်ရပါတယ်။ freedom မှ confirm mail ပို့လာယင် active link ကို ကလစ်နှိပ်လိုက်ပါ။ မခက်ပါဘူး။မှတ်ထားရမှာက ကိုပေးလိုက်တဲ့မေးလ်က g-mailဆိုယင်ပိုကောင်းပါ တယ်။သူက မိနှစ်အနည်းငယ်အတွင်းမှာ ပြန်စာရောက်လာလို့ပါပဲ။ mpt,bagan mail---တို့ဆိုယင် နေ့တစ်ဝက် သို့ နာရီပိုင်းလောက်ကိုကြာတယ်။တစ်ခါတစ်လေလည်းမြန်ပါတယ်။ မှက်ချက်။ ။ ပေးထားတဲ့လိပ်စာကို သွားလို့ မရယင် web proxy တစ်တစ်ခုခုကို သုံးပြီး သွားပါ။ ဥပမာ [You must be registered and logged in to see this link.] or Google Search မှာ appspot proxy ရိုက်။ပေါ်လာသောဝင်းဒိုးမှာ ပထမ ဆုံး လင့် ကိုနှိပ်ပြီးသွား လည်းရတယ်။
Freedom Software ကို Install လုပ်ပုံ ----
ဒါင်းလုပ် လုပ်ပြီးသား freedom software ကို double click နှိပ်လိုက်ပါ။ language box ပေါ်လာယင် ကြိုက်ရာကိုရွေး ။ ဒါမှမဟုတ် English ကိုရွေးးပါ။ ပြီးယင်next-- next ဖြင့်သွားပါ။
welcome box ပေါ်လာယင် next ကိုနှိပ်ပါ။
proxy server box ပေါ်လာယင် next ကို နှိပ်ပါ။
select protocols box ပေါ်လာယင် HTTP AND HTTPS (၂) ခုမှလွဲ ပြီး ကျန်တာအမှန်ခြစ်များကိုဖြုတ် လိုက်ပါ။ ပြီးယင် next ကို နှိပ်ပါ။
Auto searching လုပ်ပါလိမ့်မယ်။ ကွန်နက်ရှင်မြန်ယင်မြန်မယ်။ကွန်နှေးယင်နှေးမယ်။
Found freedom server Box ပေါ်လာယင် ဇယားမှာ (pref) ကိုရှာပါ။ အများဆုံး 10.0 ဂဏန်းပါတဲ့လိုင်းကို select လုပ်ပါ။ next ကို နှိပ်ပါ။ ( ဥပမား 10.0, 9.9, 9.8,etc--- )
Configure freedom Account Box ပေါ်လာယင် စောစောက မှတ်ပုံတင်ထားတဲ့ user name and password ကို ဖြည့်လိုက်ပါ။ မိမိ၏ freedom account က active ဖြစ်ရပါမည်။
Congratuation! Box ပေါ်လာယင် save and exit ကိုနှိပ်လိုက်ပါ။
Freedom main window ပေါ်လာမည်။ညာဘက်မှာ တံခါးပိတ်နေတဲ့ logo ပုံကိုတွေ့ရမှာဖြစ်တယ်။
ဒါက connection မချိတ်ရသေးလို့ပါ။ ကွန်ချိတ်ချင်ယင် start connection ကို ကလစ်နှိပ်လိုက်ပါ။ ကွန်ချိတ်ယင် တံခါးပိတ်နေတဲ့ပုံက တံခါးပွင့်လာပါလိမ့်မယ်။ ဒါဆိုယင်သုံးလို့ရပါပြီး။ မသုံးချင်ယင် stop connection ကို ကလစ်နှိပ်လိုက်ပါ။
မှက်ချက်။ ။ Freedom ကို stop(disconnection ) လုပ်ပြီးယင် Firfox မှာ setting ပြန်ပြောင်းဖို့ မမေ့ပါနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန် internet သုံးတဲ့အခါ error လာပြလိမ့်မယ်။

Mozilla Firefox ကို setting ပြောင်းနည်း ---
အမှန်တကယ်တော့ freedom ကို install လုပ်ကတဲက auto setting ပြောင်းလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်းမကျော်ချင်ဘူးလေ။အဲ့ဒီအဆင့်ကိုကျော်ထားလိုက်တာပါ။ လိုအပ်မှပဲ ကျော်ခွချင် လို့ Manual ပြောင်းနည်းကိုပြောပြချင်ပါတယ်။
ပထမ firefox ကို ဖွင့်လိုက်ပါ။ Menu bar မှာ Tools ကိုနှိပ် Option ကိုနှိပ် Advanced ကိုနှိပ် Network ကိုနှိပ် Setting ကို ကလစ်နှိပ်လိုက်ပါ။ No proxy or Auto detect proxyကို ရွေးထားတာတွေ့ရလိမ့်မယ်။
Manual proxy configuration ကို ရွေးလိုက်ပါ။ HTTP Proxy ဆိုတဲ့ အကွက်မှာ 127.0.0.1 လို့ဖြည့် လိုက်ပါ။ Port မှာ 8080 ဖြည့်ပါ။ ပြီးယင် use this proxy server for all protocols ကို အမှန်ခြစ်လိုက်ပါ။ ပြီးယင် OK နှိုပ်လိုက်ပါ။
ဒါဆိုယင်အောင်မြင်စွာပြီးဆုံးသွားပါပြီး။

တကယ်လို့ မကျော်၊မခွချင်တော့ဘူးဆိုယင် စောစောကအတိုင်း Menu bar မှ Tools-Option-Advanced-Network-Setting ကိုကလစ်နှိပ်ပါ။ No Proxy ကို ပြန်ရွေးလိုက်ပါ။ ဒါဆိုယင် မူလအတိုင်းပြန်ဖြစ်သွား ပါပြီး။ ကျော်ခွချင်တဲ့အချိန်ကျမှ manual proxy configuration ကိုပြန်ရွေးလိုက်ပါ။ ကဲဒါလောက်ဆိုယင် နားလည်လိမ့်မယ်လို့ ယူဆပါတယ်။

အဆင်မပြေတာရှိယင် ပြောပါ။ ကျွန်တော်သိသလောက် ပြောပြဖို့အဆင်သင့်ပါခင်ဗျာ။
သယ်ရင်းအားလုံး အခက်အခဲမရှိ စိတ်ရှိတိုင်းကျော်ခွနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။
William016
6.4.2011, Wed: 12:30PM



Last edited by william016 on 9th April 2011, 12:21 pm; edited 1 time in total

solakoko

solakoko
Moderator



Moderator
ွှကျေးဇူးဗျာ..
အဘတို့ ရွာသားတွေက အကျော်အခွဆို သိပ်စိတ်ဝင်စား.သိပ်ကြိုက်တာ..
မကျော်မခွပဲနဲ့  ခရီးရောက်မှာမဟုတ်ဘူး..
ဟိုပိတ်..ဒီဘန်းတွေများတယ်..ကျေးဇူး..

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ကျွန်တော့်စက်ကလေ Your Freedom ဆိုတာလေးကို clip ခေါက်လိုက်တာနဲ့ Blue Screen ကြီးပေါ်ပြီး restart ကျသွားတယ်ဗျာ...ဘာလို့လဲဖြေကြားပေးပါခင်ဗျ။ သုံးတဲ့ Window က Microsoft Window XP sp 2 ပါ

solakoko

solakoko
Moderator



Moderator
Freedom က Memory တအားယူပါတယ်
ဒါကြောင့်ကျတာလဲ ဖြစ်နိုင်သလို
Memory Card ကဖုံတွေ ကပ်တာများနေလို့လဲ ဖြစ်နိုင်ပါတယ်..
Memory Card ဖြုတ်ပြီး နဲနဲ cleaning လုပ်ပြီး ပြန်သုံးကြည့်ပါ..
Blue screen ထပ်ဖြစ်တုန်းဆို Freedom မသုံးပဲ တခြား freegate,Ultrasurf စတာတွေပြောင်းသုံးပါ..တယ်ဂျင်း..
8 လိုက်ဦးမယ်.. . c ya

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အကို ဒါပေမယ့် သားစက်ကဆင်ထားတာ ၃ ပတ်တောင်မရှိသေးဘူးဗျ။ ပြီးတော့လည်း DDR 3- 4GB ပါ။ ဖုတ်တော့ရှိဘူးဗျ။
ဟုတ် တခြားဘဲပြောင်းသုံးဖို့ ကြိုးစားကြည့်ပါ့မယ်။ ကျေးဇူးပါ။

william016

william016
MITR New User



အခုလိုအားပေးတဲ့အတွက်သယ်ရင်းအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
ညီလေးဆက်မော် ပြောသလို blue screen ဖြစ်သွားတယ်ဆိုတော့ အကိုအထင်ပြောရယင် ဖိုင်တစ်ဖိုင်ဖိုင်ပျောက်သွားတယ်ထင်တယ်။ missing file, corrupt file ဖြစ်သွားတာနေမယ်။ soft ware တစ်ခုခုနှင့် uninstall လုပ်ပြီး အစအဆုံး Reinstall ပြန်လုပ်ကြည့်ပါလာ။ နောက်တစ်ခုကတစ်ချို့ antivirus(ဥပမာkasper)တို့လို file Size ကြီးတာတွေ on ထားယင်လည်းသိပ်အဆင်မပြေဘူး ။ခဏပိတ်ထားလိုက်ကြည့်ပြီးမှ ဖွင့်ကြည့်ပေါ့။ နောက်ပြီး Register တွေမှန်မမှန် ကောင်းကောင်းအလုပ်လုပ်မလုပ် ပြန်စစ်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။



Last edited by william016 on 9th April 2011, 12:16 pm; edited 1 time in total

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ကျွန်တော်စမ်းတာတော့ ၃ ခေါက်ရှိပြီ ခဏ ခဏကိုကျနေတယ် သုံးထားတာက Kasper Internet Security ပါ။ ပိတ်ပြီးလုပ်တာလဲမရဘူး အကိုရ။ အဲ Register ကောင်းမကောင်းမစစ်တတ်ဘူး ဘယ်လိုစစ်တာလဲအကို ? နောက်ပြီး ဒီလိုမျိုးကို တစ်ခါဖြစ်ဖုးတယ် Babylon တင်တုန်းကလဲဒီလိုဘဲ Install လူပ်ပြီးတာနဲ့ ဖွင့်လိုက်ရင် Blue Screen ဖြစ်သွားတယ် ခုတစ်ခေါက်လိုမျိုးဘဲဗျ။ ကြည့်ရတာ ဒါလေးသူံးဖို့ ကံမစပ်ဘူးထင်တယ်။ ကျန်တာလေးတွေရှိရင်ပြောပြပါအုန်း ကိုwilliam(Thank A Lot)
Exclamation drunken

8Mozilla Firefox  and Freedom software  ကိုအသုံးပြု ပြီး ကျော်ခွနည်း  Empty Registry Mechanic 8.0.0.906.exe + Key 9th April 2011, 12:11 pm

william016

william016
MITR New User



ညီလေး စိတ်မကောင်းပါဘူးကွ။ အကိုအထင် မလွဲဘူးဆိုယင် software ငြိနေပြီးထင်တယ်။အဲ့လိုဖြစ်ယင် စက်ကရပ်ယင်ရပ်။မရပ်ယင် restart ကျသွားတယ်။ အကိုလည်းအဲ့လိုဖြစ်ဘူးပါတယ်။တကယ်လို့သုံးချင်တယ်ဆိုယင် ညီလေးရဲ့ စက်ကို အစအဆုံး reinstall ပြန်လုပ်ရလိမ့်မယ်။ register စစ်ချင်တယ်ဆိုယင် အကိုမှာ Registry Mechanic 8.0.0.906.exe file တော့ရှိတယ်။လိုချင်ယင် အောက်ကပေးထားတဲ့လင့်မှာ သွားဒေါင်းလိုက်ညီလေ။ key ပါထည့်ပေးထားတယ်။ အတော်လေးကောင်းပါတယ် ။ အကိုကြိုက်တဲ့ software တစ်ခုပါ။
install လုပ်ပုံက--
1- exe file ကို double click နှိပ်လိုက်ပါ။
2- box တစ်ခုပေါ်လာလိမ့်မည်။ ပေါ်လာသော box မှာ name and key တွေ့လိမ့်မည်။ copy လုပ်ထားလိုက်ပါ။ တကယ်လို့ မတွေ့ရယင် searial back ကို ကလစ်နှိပ်လိုက်ပါ။
3- Registry Mechanic 8.0.0.906 Install ဆိုတဲ့ စာတမ်းကို ကလစ်နှိပ်လိုက်ပါ။
name and key လာတောင်းယင်စောစောက copyလုပ်ထားတာကို paste လုပ်လိုက်ပေါ့။
ဒါဆို အားလုံး ok သွားပါပြီး။
4- Main window ပေါ်လာယင် register စစ်လို့ရပါပြီး ။

here link :
Code:
http://www.4shared.com/file/Vr5Ikep7/Registry_Mechanic_800906.html

သယ်ရင်းအားလုံးအဆင်ပြေပါစေဗျာ။
william

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
Download ဆွဲပြီးပေါ်လာတာကို clip လုပ်တော့
Windows cannot access the specified device, path, or file. You may not have the appropriate permissions to access the item.
ဒီလိုပေါ်ပါတယ်။
KIS ကိုပိတ်ပြီး run တော့ ဒီလိုပေါ်ပါသည်
The central directory was not found in the archive(or you were trying to open not the last disk of a multi-disk archive)
ဒါနဲ့ Window က XP နော် အကို....မရပြန်ဘူး
Question Suspect Evil or Very Mad

william016

william016
MITR New User



Sorry ပါညီလေး ။အကိုမအားတာရယ်၊ သင်္ကြန်ပိတ်ရက်တွေရယ်ကြောင့် အကြောင်းပြန်တာ နောက် ကျသွားတယ်။
ညီလေး မင်း နှင့် အကို က ကံမပါဘူးထင်တယ်။ ပေးကာပေး၏မရဖြစ်နေပြီး။ ဒါလည်းဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့် ကွန်ပြူတာ နှင့် ကိုယ်အသုံးပြုမည့် software အဆင်မပြေတာတွေရှိတတ်ပါတယ်။ ကဲ နောက်တစ်ခုထပ်ပေးလိုက်မယ်။ Advanced System Care V 3.7.3.737
ပါ။ အောက်က ပေးထားတဲ့ လင့် မှာ သွားဖတ်လိုက်ပါညီလေး။ အကို Download Zone မှာ အကို Post တင်ထားတာပါ။
့Here Link :
Code:
http://www.myanmaritresource.info/t4066-how-to-install-pro-version-of-advanced-system-care-v373737key#20215

ညီလေးအဆင်ပြေပါစေကွာ။

william016

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com