Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ယနေ့ ၂၁ ရာစု ပညာခေတ်ကြီးထဲဝယ် သတင်းအချက်အလက် နည်းပညာ သည်သာမက၊ အသိပညာ နဲ့ ကွန်ယက် တည်ဆောက်မှု က လူသား အားလုံးအတွက် တန်းတူ အသိပညာ နဲ့ အခွင့်အလမ်းတွေ တိုးတက်စေ မှာဖြစ်ပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ Barcamp, Educamp, HealthCamp စတာတွေဟာ User Generated (un-conference ) တွေအဖြစ် ပေါ်ထွက်လာပြီး လူတိုင်းလူတိုင်းမှာ မိမိတို့ အသိကို မျှဝေ တိုးတက် စေရေးဖြစ်စဉ်ကို သွင်သွင်ကြီး၊ အသုံးချလာ သည်မှာ ယနေ့ မြန်မာနိုင်ငံ တွင်ပင် ဘားကမ့် ရန်ကုန် နှင့် ဘားကမ့် မန္တလေး စသည်ဖြင့် အောင်အောင်မြင်မြင် ပေါ်ထွက်လာနေပါတယ်။

ကျွန်တော်တို့ရဲ့ ClassCamp ဟာ Barcamp ပုံစံငယ်လေး တစ်ခုဖြစ်ပြီး၊
မြန်မာ ကျောင်းသား ကျောင်းသူများ အတွင်း၊ အသိပညာ အတက်ပညာ နှင့် လူမှု့ဘ၀ အနာဂတ်တွေကို၊ အတွေးအမြင်ဖလှည် နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ စတင်လိုက်တာဖြစ်ပါတယ်။

ကျွန်တော်တို့ ကျောင်းသာ ကျောင်းသူတွေဟာ အနာဂတ် ဆိုတာကို မိမိတို့ ကြီးပြင်းလာတဲ့ အသိုင်းအ၀ိုင်း မတူညီတဲ့ အခြေခံတွေအပေါ်မှာ မတူညီတဲ့ အနာဂတ် တွေ ရှိနေနိုင်ပြီး၊ ၄င်း အနာဂတ် အသိအမြင်ကို ဖလှည်ချင်းဖြင့်၊ ပိုမို တိုးတက်နဲ့ အနာဂတ် လမ်းကြောင်းတွေကို ဒီ ClassCamp ကနေ ပေးစွမ်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စတင်လိုက်ပါတယ်

ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ဟာ မြန်မာ့မျိုးဆက်သစ် ကျောင်းသားလူငယ်များရဲ့ အတွေးအခေါ်များကို ပူးပေါင်းမြှင့်တင်ပြီး၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်လူ့ဘောင် ဖန်တီးနိုင်ရေးဘဲ ဖြစ်ပါတယ်...

ပထမဆုံး ClassCamp ကို WYTU IT B.Tech First Year အခန်းမှာ စတင်ကျင်းပဖြစ်ခဲ့ပြီး၊ အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်... ကျွန်တော်တို့အနေနဲ့ တစ်ကျောင်းထဲ၊ တစ်ခန်းထဲ၊ တစ်မေဂျာထဲမှာ ရှိနေမယ့် ဆွေးနွေးမှုပုံစံမျိုးကို လိုချင်တာမဟုတ်ဘဲ၊ ကျောင်းပေါင်းစုံ၊ အခန်းပေါင်းစုံ၊ လူပေါင်းစုံက၊ နေရာပေါင်းစုံမှာ ဆွေးနွေးနေမယ့် ပညာမျှဝေပွဲကြီးတစ်ခုအထိ ရည်မှန်းထားတာဖြစ်ပါတယ်။ သင်တို့အနေနဲ့ ယခင်ကတည်းက ကျွန်တော်တို့ကဲ့သို့ လုပ်လိုစိတ် ရှိကောင်းရှိခဲ့နိုင်ပြီး၊ အကောင်အထည်မဖော်နိုင်သေးတာဖြစ်နိုင်ပါတယ်။ ယခုအချိန်အခါမှာ ကျွန်တော်တို့က စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်တဲ့အတွက် သင်တို့အနေနဲ့ သင်တို့လုပ်ချင်ခဲ့တဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ လမ်းစရှိနေပါပြီ။

တကယ်ပါ... ငွေ အရင်းအနှီး ဘာမှမရှိဘဲ၊ စိတ်အားထက်သန်မှု တစ်ခုကိုအရင်းတည်ကာ၊ ထိုသို့သော ClassCamp တစ်ခုကို အစပြုနိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ၊ သင်တို့ ဘာကိုစောင့်နေဦးမှာလဲ။

သင်တို့ဘက်မှာ ဦးဆောင်မယ့်သူရှာပြီး၊ ကျွန်ုပ်တို့နဲ့အတူ အခုဘဲ ဆက်သွယ်လိုက်ပါ၊လိုအပ်တဲ့အကူအညီပေးဖို့ အသင့်ပါဘဲ၊ အတူတူဖေးမကူညီသွားကြပြီး၊ မြန်မာနိုင်ငံပညာရေးအဆင့်အတန်း ကိုယ်တိုင်မြှင့်တင်သွားကြတာပေါ့ဗျာ။

ဆက်သွယ်ချင်သည့်သူများအနေနဲ့ Facebook Page ကနေ ပူးပေါင်းဆက်သွယ်ကြပါ...
[You must be registered and logged in to see this link.]

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com