Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

bluehack

bluehack
Moderator



Moderator
၂၀၁၁ ခုနှစ်တွင် ပြုလုပ်မည့် BarCamp Yangon အတွက် လိုဂို ပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ လိုဂိုပြိုင်ပွဲ အတွက် မည်သူမဆို အများဆုံး လိုဂို ဒီဇိုင်း ၄ ခုထိ ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်။ လိုဂို အတွက် နှစ်သက်ရာ drawing program ကို အသုံးပြုနိုင်ပြီး Resoultion 300DPI ရှိရမည်ဖြစ်ပြီး ဖိုင်မှာ layer ပေါင်းမထားသောဖိုင် (ဥပမာ .psd) ဖိုင်မျိုးဖြစ်ရပါမည်။ လိုဂိုများကို admin@barcampyangon.org သို့ September 18 ရက်မတိုင်မှီ ပေးပို့ရမည် ဖြစ်ပါသည်။ ပြိုင်ပွဲအတွက် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Logo File အတွက် 300 DPI ဖြင့်ရေးဆွဲရပါမည်။ ကြိုက်နှစ်သက်ရာ Drawing Program (Photoshop, Illustrator or Corel Draw) ကို အသုံးနိုင်ပါသည်။

Logo File အမျိုးအစားသည် layered file (Layer ပေါင်းမထားသောဖိုင်) ဖြစ်ရပါမည်။

Logo Design သည် ရန်ကုန်မြို့ကို ကိုယ်စားပြုနိုင်ပြီး မူရင်း BarCamp logo ကိုလည်း ကိုယ်စားပြု ရေးဆွဲရပါမည်။

ပြိုင်ပွဲတွင် ဆုရရှိသော လိုဂို ကို BarCamp Yangon နှင့်သက်ဆိုင်သော ပစ္စည်းများ၊ ဗီနိုင်များ၊ letterhead များ စသည်ဖြင့် အသုံးပြုသွားမည် ဖြစ်ပြီး logo သည် BarCamp Yangon မူပိုင်ဖြစ်ပါမည်။

ပြိုင်ပွဲတွင် ရွေးချယ်ခံရသော လိုဂိုသည် မူရင်း ရေးဆွဲသူထံမှ Barcamp Yangon ဆို့ တရားဝင် မူပိုင် အဖြစ် အသုံးပြုရန် လွှဲပြောင်းပေးအပ်ရန် လိုအပ်ပြီး ထို လိုဂို အသုံးပြုနေသမျှ Barcamp Yangon မှ ပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပါသည်။ ရေးဆွဲသူ၏ ကြိုးစား အားထုတ်မှုအားအသိအမှတ်ပြုသည့်အနေဖြင့် Barcamp Yangon မှ မှတ်တမ်းတင်ဂုဏ်ပြုထားမည်ဖြစ်ကာ အသုံးပြုသမျှ ကာလပတ်လုံး အသုံးပြုပြီး ကာလတွင်ပါ Barcamp Yangon သမိုင်းတွင် ထင်ရှားနေမည်ဖြစ်ပါသည်။

မူရင်းအတိုင်းဖေါ်ပြလိုက်ရပါသည်။

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com