Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

bluehack

bluehack
Moderator



Moderator
အခုတလော ကျွန်တော်ဆိုက်တွေကိုလိုက်ကြည့်မိတဲ့အခါမှာ Unicode
ကိုပြောင်းလဲအသုံးပြုနေတာကိုတွေ့ရှိရပါတယ်။ ကျွန်တော်ကလဲ ရန်ကုန်
နဲ့ဝေးတဲ့နေရာကိုရောက်နေတာဆိုတော့ ရန်ကုန်မှာဖြစ်ပျက်တဲ့သတင်းတွေ
ကိုသေချာမသိရတာတော့အမှန်ပါပဲ။ Unicode ပြောင်းသုံးဖို့တိုက်တွန်းလို့လား
ဒါမှမဟုတ် ကိုယ့်ဆန္ဒနဲ့ကိုယ်ပြောင်းသုံးကြတာလား။ ကျွန်တော်တို့ရောဘယ်
လိုလုပ်ကြမှာလဲ။ အကယ်၍ပြောင်းသုံးရမယ်ဆိုရင် User တွေဘက်ကိုလဲငဲ့
ကြရအုံးမယ်။ သူတို့တွေ သုံးလို့အဆင်ပြေပါ့မလား။ ဖောင့်တွေအဆင်ပြေနိုင်
မလား။ အများကြီးစဉ်းစားကြရမှာပါ။
နောက်တစ်ခုက ကျွန်တော်တို့ ဆိုက်က အတည်မပြုရသေးတဲ့ Logo ကိစ္စလေး
လဲလက်စသတ်လိုက်ချင်ပါတယ်။ ပြီးသွားရင်တော့ နည်းနည်းပါးပါး ဆိုက် Design
ပြောင်းကြမလား။ ဘယ်သူတွေပင်ပန်းတယ်ဆိုတာကိုသိပေမယ့် နည်းနည်းတော့
အပူကပ်ပါရစေနော့် Very Happy

solakoko

solakoko
Moderator



Moderator
uni code လို့ ဖစ်ပါ့မလား

လိုဂိုကတော့ကြည့်ကောင်းသလိုပေါ့ .. လုပ်ပီးသားဒွေရှိမှာပဲ

ဒီဇိုင်းကတော့ မန်ဘာတွေအားလုံးကြိုက်မှဖစ်မယ်လေ

လူတစ်ယောက် အကြိုက်တစ်မျိုးစီပေါ့

အနော်လဲ အလုပ်တွေရှုပ်နေတာနဲ့ ပဲ.. မရောက်တာကြာဘီဗျာ

Htet Naing

Htet Naing
Moderator



Moderator
ဟုတ်ပါတယ်။ သားလဲပြောမလို့ ပဲခင်ဗျ။ MZ ဆိုလည်းပြောင်းတော့မယ်လို့ ကြေညာထားပါတယ်။
ဒါပေမယ့် သားကတော့ ဇော်ကပဲဆက်ကစေချင်ပါတယ်။ ပြီးတော့ Template ကော မပြောင်းတော့ဘူးလားလို့ မေးချင်ပါတယ်။ သားသဘောကိုပြောတာပါ။ အများသဘောကို ဦးစားပေးချင်ပါတယ်။ ဒါကြောင့် vote ခိုင်းလိုက်ပါလားလို့ အကြံပြုချင်ပါတယ်။

bluehack

bluehack
Moderator



Moderator
ဇော်ကလဲ အနုပညာ အက တစ်မျိုးပါပဲ။ ဘယ်လိုပဲ က က
ကြည့်လို့ကောင်းဖို့အရေးကြီးပါတယ်။ Smile
ဘာကြောင့် Unicode ကို တော်တော်များများပြောင်းလဲအ
သုံးပြုနေကြသလဲဆိုတာကိုသေချာသိခွင့်ရရင်ကောင်းမှာပဲဗျာ။
ရတနာပုံ ပေါ်တယ်မှာ ပါဖို့အတွက်လား။ အဲဒါမျိုးဆိုရင်တော့
ကျွန်တော်တို့တွေ တစ်မျိုးစဉ်းစားရတော့မယ်။ဟုတ်တယ်
ကျွန်တော်တို့တွေလဲပါသင့်တယ်လေ။ ဘာပဲလာလာ အဲဒီကို
ဖြတ်ပြီးလာရမှာဆိုတော့ ဆိပ်ကမ်းမှာ ဆိုက်ထားတဲ့လှေ၊ သဗ္ဗာန်၊
သင်္ဘောတွေထဲက တစ်မျိုးမျိုးတော့ဖြစ်ချင်တာပေါ့။
ဒီဇိုင်းပြောင်းဖို့ဆိုတာက လဲ ကိုထက်နိုင်ပြောသလိုပါပဲ။ Vote ကြည့်
ရတော့မှာပါပဲ။ ဒါမှ ပြောင်းလဲသင့်မပြောင်းလဲသင့်ကို သေသေချာချာ
အဖြေထွက်လာမှာပေါ့။
ကျွန်တော်က အားနာနေတာဗျာ ကိုယ်ကစပေးပြီး ကိုယ်ကဘာမှ မကူညီ
နိုင်ရင်ဆိုတဲ့အတွေးပေါ့။ တစ်ဖက်ကြည့်တော့လဲ UI ဆိုတာကြီးက ခံနေပြန်
ရော................
အားနာတယ်ဗျာ..........တကယ့်ကိုအားနာပါတယ်........... ပြောင်းမယ်
ဆိုရင် တတ်နိုင်တဲ့ဘက်ကကူညီပေးပါ့မယ်။ မပြောင်းဖြစ်ဘူးဆိုလဲ တခြား
စိတ်ဝင်စားစရာဆွဲဆောင်မှုတွေကိုရှာဖွေပေးပါ့မယ်။ clown

Htet Naing

Htet Naing
Moderator



Moderator
အသဲကွဲလူသား wrote:
ကျွန်တော်က အားနာနေတာဗျာ ကိုယ်ကစပေးပြီး ကိုယ်ကဘာမှ မကူညီ
နိုင်ရင်ဆိုတဲ့အတွေးပေါ့။ တစ်ဖက်ကြည့်တော့လဲ UI ဆိုတာကြီးက ခံနေပြန်
ရော................
အဲ့ဒါတော့လည်း ဟုတ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဘာမှ မပြောတာပါ။ Web developing ဆိုတာက ကျွန်တော်လည်း အနည်းငယ်မျှ မတတ်ကျွမ်းတော့ မကူညီနိုင်မှာစိုးလို့ ပါ။
ကိုကိုကွဲ ပြောသလိုပြောချင်ပေမယ့် မူပိုင်ခွင့်နဲ့ ထပ်တိုးမှာစိုးလို့ ပြောတော့ဘူးနော်။ Very Happy

z3r0c00l

z3r0c00l
Administrator



Administrator
တစ်ခုခုတော့ လုပ်သင့်ပါပြီ။ ကျွန်တော်လဲစဉ်းစားနေပါတယ်။ ဒါပေမယ့်.... Design တစ်ခုပြောင်းလိုက်ရင် အစအဆုံးပြန်လုပ်ရမှာဆိုတော့ အနည်းဆုံးတော့ တစ်ပတ်လောက်အချိန်ပေးရဦးမှာပဲ။ $ƴǩǾ & alt.332 တို့ကကော...သူတို့ကိုမမြင်သေးဘူး။Very Happy နည်းနည်းပြောကြပါဦး။

bluehack

bluehack
Moderator



Moderator
ဆိုက်ကိုနဲ့အော်တားက ပျောက်နေတာအတော်ကြာနေပြီ.............
လူပျောက်အမှုတိုင်ထားတယ်။
မတွေ့သေးဘူး

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com