Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
ဘယ်လို Operation System ကိုရွေးချယ်ရသင့်တယ် ဆိုတာကို စိတ်ခံစားမှုမပါပဲ လက်တွေ့အသုံးဝင်မှုနဲ့ ဆုံးဖြတ်ပါလို့ အများစုက တိုက်တွန်းပါတယ်။ ကွန်ပြူတာကို ဘာအတွက်သုံးတာလဲ။ စိတ်ကျေနပ်မှု၊ လုပ်ငန်းခွင်အဆင်ပြေမှု၊ ယုံကြည်ကိုးစား အားထားနိုင်မှု၊ စတာတွေကို ခြုံငုံသုံးသပ်နိုင်မှသာ ဘယ် OS ကို သုံးသင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်လိမ့်မယ်။ ဘယ် OS အကောင်းဆုံးလဲဆိုတာကို ပြောဖို့မဖြစ်နိုင်ပါဘူး။ အမြဲတမ်းပြိုင်ဆိုင်နေကြတာဆိုတော့ အမြဲတမ်းလေ့လာ သုံးသပ်နေမှ ဖြစ်ပါလိမ့်မယ်။

ကိုယ့်အတွက် OS တစ်ခု သုံးလို့အဆင်ပြေနေပြီထင်ရင် နောက်တစ်ခုကို ပြောင်းသုံးဖို့ အလျှင်စလို မကြိုးစားသင့်ပါဘူး။ Mac OS ကိုကြိုက်လို့သုံးနေပြီဆို ရင် Windows ပြောင်းသုံးဖို့ဆိုတာ အပြောင်းအလဲတွေ အများကြီးလုပ်ရပါလိမ့်မယ်။ ဥပမာ ဟာ့ဒ်ဝဲတွေကအစ လိုက်ပြောင်းရတာမျိုးပေါ့။ XP ကိုအသားကျနေပြီ ဆိုရင်လည်း Mac ကို ပြောင်းမသုံးသင့်ပါဘူး။ Vista ကိုကူးဖို့ဆိုတာ အကြီးအကျယ် စွန့်စားမှုကြီးဖြစ်နေပါဦး မယ်။ XP ကို ၂ဝ၁၄ ခုနှစ်လောက်အထိ ကောင်းကောင်းသုံးနိုင်ဦးမယ်လို့  microsoft ကပြောထားပါတယ်။

ပြောင်းသုံးတော့မယ်ဆိုရင်လ ည်း မပြောင်းခင်အရင်စဉ်းစားပါ။ ကိုယ်က ဘယ်လို User မျိုးလဲဆိုတာသိအောင် လုပ်ရပါမယ်။ အောက်ဖော်ပြချက်တွေက ပညာရှင်တွေရဲ့ အတွေ့အကြုံကတဆင့် အကြံပေးချက်လေးတွေပါ။

အင်တာနက်သုံးချင်သူတွေအတွက်
ကြိုက်ရာ OS ကိုသုံးနိုင်ပါတယ်။ အင်တာနက်မှာ ကြိုက်တဲ့ Web ကိုသွားဖို့နဲ့ အီးမေးလ်ပို့ဖို့ဆိုတာ ဘယ် OS မှာမှ ပြဿနာ မရှိပါဘူး။

Office ကိုမှအဓိက သုံးမယ်ဆိုရင်
Windows ကိုပဲရွေးလိုက်ပါ။ ပြဿနာကင်းကင်းနဲ့ ရှင်းရှင်းလင်းလင်း သုံးနိုင်ဖို့ကို ဦးစားပေးရမယ်။

Game သမားတွေဆိုရင်
Windows ကိုပဲသုံးပါ။ သန်းနဲ့ချီတဲ့ ဂိမ်းသမားတွေ စိတ်ကြိုက်သုံးနေကြတာ Windows ပဲဖြစ်ပါတယ်။

ပုံလှလှလေးတွေကိုမှ ကြိုက်သူတွေအတွက်
Windows ကပဲ ပိုကောင်းပါတယ်။ ဘယ်ကင်မရာနဲ့ ရိုက်လာတာမဆို အလုပ်ဖြစ်တယ်။ Image နဲ့ ပတ်သတ်တဲ့ Tools တွေက Windows မှာပိုစုံပါတယ်။

ပန်းချီနဲ့ ဂီတပညာရှင်တွေအတွက်
Mac OS ကိုသုံးဖို့ တိုက်တွန်းကြပါတယ်။ အနုပညာသမားတွေအတွက် Mac မှမသုံးပဲ ကျန်တာတွေသုံးရင် လူရယ်စရာကြီးဖြစ်လိမ့်မယ် ဆိုပဲ။ Mac သမားတွေရဲ့ အပြောပါ။ ပန်းချီနဲ့ ဂရပ်ဖစ်ဒီဇိုင်းမှာ Mac ကိုမှီတဲ့ Hardware နဲ့ Software ကအလွန်ရှားပါတယ်တဲ့ဗျာ။

နည်းပညာသမားတွေကိုယ်တိုင်လေ့လာမ ယ်ဆိုရင်
Ubuntu ကိုသုံးပါ။ Ubuntu ကိုသုံးရတာ မြင်းရိုင်းတစ်ကောင်ကို လေ့ကျင့်ပြီးစီးရတာနဲ့ တူပါတယ်တဲ့။ မြင်းဆိုတာ ဇက်ကိုနိုင်အောင် ကိုင်နိုင်ပြီဆိုရင် သခင့်အလိုကျ တကယ့်ကိုစွမ်းဆောင်ပေးနိုင် တော့မှာလေ။

Open-source ကိုမှကြိုက်တယ်ဆိုရင်
Ubuntu ကလွဲပြီး တစ်ခြားကိုမရွေးပါနဲ့။ Apple နဲ့ Microsoft ကထုတ်ထားတာတွေထက် ကွဲလွဲစွာသုံးနိုင်တယ် ဆိုတာလေး တစ်ခုထဲနဲ့ စိတ်ကျေနပ်စရာ တော်တော်လေး ကောင်းနေပါပြီ။

source:nicknick@apytz

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com