Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

xtrm

xtrm
VIP Member



VIP Member
အခုနောက်ပိုင်း မြန်မာ အိုင်တီ community တွေမှာ Linux အကြောင်းတွေပြောလာကြ
သုံးတယ့်သူပိုများလာကြတာတွေ့ရတယ်။ Windows နဲ့ Operation System
အတူတူပဲလို့ထင်ရာကနေ၊ Computer နဲ့ Windows ခွဲခြားမရတယ့်အနေအထားကနေ
ပြောင်းလည်းလာတာတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် Linux လို့ပြောရင် Ubuntu
ပြေးပြေးမြင်တယ့်သူတွေ များများလာတာတော့ စိတ်ကသိကအောင့်ဖြစ်စရာပဲ။ Linux
distro တွေအကြောင်းနည်းနည်းလောက် လေ့လာကြည့်ရအောင်။ ကျနော်သေချာမသိတယ့်
မသုံးဖူးတယ့် distro တွေကို ရမ်းမတုတ်ချင်လို့ ထဲ့မပြောတော့ပါဘူး။
ကျနော်သိသလောက်ထဲက ဘယ် distro က ဘာတွေစိတ်ဝင်စားစရာကောင်းလည်းပဲ
ပြောတော့မယ်။ ကျနော်သိသလောက်ထဲက ပြန်မျှဝေယုံလောက်ပါ။

Linux distro
တွေမှာ တချို့က power user တွေအတွက်အဓိက ထားတာမျိုးရှိပါတယ်။အဲလို distro
တွေက stability နဲ့ performance ကိုအဓိကထားပါတယ်။ Linux
ကိုနားလည်းထားပြီးသား experienced user တွေအတွက်သာ အစဉ်ပြေပါတယ်။
ဥပမာပြောရရင်တော့ Gentoo နဲ့ Slackware ပါ။ Slackware က Linux history ရဲ့
သက်တမ်းအရင့်ဆုံး distro ပါ။ User က ကျွမ်းကျင်ရင် ကျွမ်းကျင်သလို
customized လုပ်နိုင်လို့ ကိုယ့်စိတ်တိုင်းကြ ရနိုင်တယ်လို့ ဆိုကြပါတယ်။
အဲ၊ တကယ်လို့ Linux အကြောင်းကို မတောက်တခေါက်တောင် မသိဘူး၊ သူများပြောတာ
နားမယောင်ဘူး၊ ခုမှ Linux ကိုနားလည်ချင်လို့ စစမ်းချင်တာဆိုရင်လည်း Gentoo
သို့မဟုတ် Slackware ကိုသုံးတာ အကောင်းဆုံးလို့ ပြောကြပါတယ်။ တကယ်တမ်း
စိတ်ရှည်ရှည်နဲ့ အသေးစိတ်လေ့လာချင်တယ် ဆိုရင်ပါ။ Gentoo သို့မဟုတ်
Slackware သုံးတက်တာဟာ Linux သုံးတတ်တာပဲ လို့ Senior တွေပြောတာ
မှတ်သားဖူးတယ်။ စိတ်ရှည်ရှည်ထားနိုင်ရင် အကောင်းဆုံး distro တွေပေါ့။

ဖတ်ရတာတော့
စိတ်ဝင်စားစရာ distro ပဲ၊ ဘာလို့ မသုံးကြတာလည်း ? သုံးကြပါတယ်။
အလွယ်တကူမရှိလို့ Home user usable မဖြစ်လို့၊ လူသုံးနည်းတာပါ။ Package
တွေကိုယ်တိုင် compile လုပ် configure လုပ်ရတာ စိတ်ဝင်စားစရာကောင်းပေမယ့်
အလျှင်လိုလို့မရပါဘူး။ ဒီနေ့ install လုပ်၊ နောက်နေ့သူများတွေရှေ့ 'တွေ့လား
ငါ linux သုံးနေတာ' လုပ်ချင်ရင်တော့ ဒီ distro မျိုးနဲ့ အစဉ်မပြေပါဘူး။
Linux system တစ်ခုရဲ့ အလုပ်လုပ်ပုံ၊ kernel module တွေ၊ package တွေ
compile လုပ်တာ၊ Makefile တွေ၊ လိုအပ်တယ့် library တွေ ၊ behind the scene က
အကြောင်းအရာတွေ သိချင်ရင်တော့ စိတ်ဝင်စားစရာ ကောင်းတယ့် Linux distro
တွေပါ။

pooqee

pooqee
MITR Reader



MITR Reader
ကျေးဇူးတင်ပါတင် အကိုရေ နောက်ထပ် သိတာလေးတွေ မျှဝေပေးပါအုံး ကျွန်တော်က အခု Linux ကိုစတင်လေ့လာတာ မို့လို့ ပါ အချိန်ရရင် ဆက်လက်ရေးသားပေးပါခင်ဗျာ

http://www.myanmarspace.com

Law Shay

Law Shay
VIP Member



VIP Member
Ubuntu က လောလောဆယ်မှာ end-user အတွက် probably the best ဖြစ်နေပါတယ်။

xtrm

xtrm
VIP Member



VIP Member
Linux distribution ခေတ်ဦးလောက် 1993 - 1994 ပတ်ဝန်းကျင်မှာ Slackware နဲ့ရှေ့ဆင့်နောက်ဆင့်နီးပါး ထွက်လာတယ့် distro ကတော့ Debian ပါ။ Operation System တွေထဲက အအောင်မြင်ဆုံး Community driven server OS လို့တောင်ပြောလို့ရပါတယ်။ Enterprise level linux server တွေမှာ Redhat ပြီးရင် လူသုံးအများဆုံးလောက်ရှိပါတယ်။ Stability အားကောင်းတယ့် Linux distro တစ်ခုပါ။ Ubuntu ရဲ့အဖေမို့ Ubuntu ကျွမ်းကျင်ရင် Debian လေ့လာရတာ မခက်ပါဘူး။ Community အလွန်အားကောင်းပါတယ်။ အဲဒီအတွက်လည်း Debian ဟာအလွန် up to date ဖြစ်ပါတယ်။ Re Debian package (.deb) တွေ ကို Commnity တစ်ခုလုံးက Engineer ထောင်နဲ့ချီ maintain လုပ်နေတာမို့ Commercial Linux တွေထက် update release ပိုမြန်ပါတယ်။ Library တစ်ခု ၊ package တစ်ခု version အသစ်ထွက်ရင် Debian repo တွေမှာလည်း update version ရှိနေပါပြီ။ Debian မှာ package manager အနေနဲ့ apt ကို အဓိကသုံးပါတယ်။ ကျနော်ကိုယ်တိုင်က Deb linux fans မဟုတ်ပေမယ့် package management မှာ apt က redhat ရဲ့ yum ထက်ပိုသာတယ်လို့ မြင်ပါတယ်။ Server OS မို့ laptop မှာသွင်းရင် driver လေးတွေ ကိုယ့်ဟာကိုယ် ရှာသွင်းရတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ webcam လိုဟာမျိုးပေါ့။

အဖေထက်သား တစ်လကြီးတယ့် Deb-based Linux ကတော့ ဇာတ်လိုက်ကျော် Ubuntu ပါ။ Community driven ပါပဲ။ Server OS နေရာမှာ Debian ကိုမကျော်နိုင်ပေမယ့် Desktop version ကတော့ Linux တစ်ခုအနေနဲ့ဆိုရင် ဟုန်းဟုန်းတောက်အောင်မြင်ပါတယ်။ Ubuntu က desktop တွေ laptop တွေအတွက် အဓိကထားထားတာမို့ hardware တော်တော်များများကို driver သိပါတယ်။ Release cycle က ခြောက်လတစ်ခါ release လုပ်တော့ အမြဲတန်း kernel အသစ် library အသစ် hardware driver အသစ်တွေနဲ့ အဆင်ပြေပါတယ်။ Install လုပ်လိုက်ရင် hardare အားလုံးနီးပါးက သုံးရန်အသင့်၊ လိုအပ်မယ့် package လေးတွေကလည်း default ပါပြီးသား၊ ထပ် install လုပ်ချင်ရင်လည်း GUI ကနေ click click နဲ့တင်ရတယ်။ Mouse လေးသုံးရမှ ကျေနပ်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ Windows လောက် idiot proven usability မဟုတ်ပေမယ့် 90% လောက် ok မှာပါ။ Debian ရဲ့သားမို့ debian community ကိုအမွေဆက်ခံထားပါတယ်။ Windows မဝယ်ချင်လို့၊ Virus စိတ်ညစ်လို့ Linux ဖက်ပြောင်းလာသူတွေက Ubuntu ကိုရွေးလေ့ရှိတာမို့ beginner ဆန်ဆန်မေးခွန်းတွေ တော်တော်များများက ubuntuforum.org မှာရှိနေပြီးသားပါ။ မသိရင် မေးစရာတောင်မလိုဘူး။ သွားရှာ ၊ ရှိတယ်။

ဒါဆို တော်တော်အစဉ်ပြေတယ့် Linux ပဲလို့ပြောလို့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒါကလည်း ကြားဖြတ်ပြောတယ့် ကျနော့ရဲ့personal အမြင်၊ အကြံပေးတာပါ။ သိပ် user friendly ဖြစ်လွန်းတော့ Windows အစားထိုးစစ်စစ်ဖြစ်နေတတ်ပါတယ်။ Windows သုံးတုန်းကလည်း Operation system လို့ပြောရင် မျက်လုံးအဝိုင်းသား၊ Ubuntu သုံးတော့လည်း ထိုနည်းလကောင်း။ User အတွက် အစဉ်ပြေပါတယ်။ Engineer ဖြစ်ချင်ရင်တော့ လေ့လာရုံလောက်ပဲ GUI ကိုအားကိုးသင့်ပါတယ်။ Linux ကိုတကယ် သိချင် တက်ချင်ရင်တော့ GUI ကို သိပ်မမှီခိုစေချင်ပါဘူး။ မဟုတ်ရင် Ubuntu user ပဲဖြစ်လာတတ်ပါတယ်။ Linux user ဖြစ်မလာတော့ပါဘူး။

Ubuntu က Gnome desktop နဲ့လာလေ့ရှိပြီး၊ Kubuntu ရယ်လို့ KDE နဲ့ လာတာလည်းရှိပါတယ်။ Ubuntu ကိုမှ အခြေခံတယ့် Educational version Edubuntu တို့ဘာတို့လည်းရှိသေးတယ်။ နောက်ထက် Ubuntu ကိုအခြေခံထားတယ့် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ်လို့ပြောလို့ရတယ့် Linux ကတော့ Linux Mint ပါ။ သူလည်း home user တွေအတွက် ရည်ရွယ်တာမို့ OpenOffice တို့ Multimedia player တော်တော်များများတို့ အဆင်သင့်ပါလာပါတယ်။ သူလည်းလှလှပပနဲ့ သုံးရတာ အတော်လွယ်တယ့် Linux ပါပဲ။

Ubuntu လိုပဲ Debian အခြေခံတယ့် နောက်နာမည်ကြီး Linux တစ်ခုက Knoppix ပါ။ 2003 မှာ စတင်ခဲ့ပြီး Linux LiveCD distro ထဲမှာ သူစအောင်မြင်တာလို့ ပြောရမလားမသိဘူး။ သူ့ထက်စောတယ့် DemoLinux တို့ဘာတို့ရှိပေမယ့် ကျနော်တို့က 2004 လောက်မှ မျက်စိစပွင့်တာမို့ Knoppix နဲ့ပဲ စသိခဲ့တာပါ။ Install လုပ်စရာမလိုပဲ CD ပေါ်ကနေတင် boot တက်လို့ရတယ်။ အများအားဖြင့် rescue disc အနေနဲ့ အသုံးများပါတယ်။ အဲ အခုတော့ Ubuntu အပါအဝင် Linux တိုင်းနီးပါးက LiveCD option ပေးလာပါတယ်။ Download ပါ၊ စမ်းကြည့်ပါ၊ ကြိုက်မှ install ပါပေါ့။

ဒါကတော့ Deb based ထဲက ရောက်တက်ရာရာပဲ။ Rpm based ထဲက Redhat တို့ Fedora တို့၊ Slackware ကို အခြေခံတယ့် Novell ရဲ့ SuSE linux တို့ ၊ Linux from scratch တို့၊ Hacker လို့ကိုယ့်ကိုကိုယ် ခေါ်တယ့်သူတွေကြိုက်တယ့် Security auditing linux တွေ၊ SmoothWall တို့လို firewall linux တွေ ... တော်တော်များတာပဲ။ ရေးဖြစ်မယ် ဆိုရင်ပြောပါတယ်။ Very Happy

Law Shay

Law Shay
VIP Member



VIP Member
Operation System ဆိုတာက ကိုယ်တိုင် မရေးဘူးဆိုသူများအတွက် သုံးရုံပဲမို့ မောက်စ်ကလေးပဲ သုံးနေမိတာ Linux သုံးတာ မဟုတ်ဘူးဆိုရင် ဘယ်လို သုံးမှ Linux သုံးတယ် မည်မှာလဲ။

အခု လက်ရှိ ... Eclipse နဲ့ C++/Java ရေးပါတယ်။ Ubuntu မှာပါပဲ။ ချက်ပါတယ်။ ဖေ့စ်ဘွတ် ဖတ်ပါတယ်။ ဖိုရမ် ၀င်ပါတယ်။ အင်တာနက် ကြည့်တယ်ခော်တဲ့ ၀က်ပေ့ခ်ျတွေ ရှာပါတယ်။ အီးမေးလ် စစ်ပါတယ်။ ရှိသမျှ experiment တွေ run ပါတယ်။ postgresql ကို ကလိပါတယ် (အနာဂါတ်မှာ အဲကောင်ကို ပြင်ရေးဖို့လဲ အစီအစဉ်ရှိပါတယ်)။

ဒါပေမဲ့ မောက်စ်ကို လက်က မချမိဘူးကွယ်။ command-line ကို ယခင့် ယခင်ကလဲ သုံးလာပြီးပြီ။ ဒီခေတ်မှာတော့ တော်ပြီပေါ့။ Nautilus က SSH ပါရနေတော့ မောက်စ်နဲ့ပဲ ကြိုက်နေတယ်ကွယ်။ (pipeline processing အတွက်တော့ terminal ကို သုံးရပါတယ်။)

ကျွန်တော်က ဆာဗာလဲ ထိုင်စရာ မလိုတဲ့လူမို့လားမသိ။ Ubuntu ဟာ end user အတွက် probably the best လို့ ပြောမိတာပါ။

water

water
MITR Reader



MITR Reader
ဒီမှာ ကျတော့ ubuntu တို့ Linux တို့ ဆိုတာက လူပြောသာများတယ်... တစ်ကယ်သုံးတဲ့လူတွေ သိပ်မရှိကြပါဘူး ထင်တယ်... အင်တာနက် မရှိတာရယ်... ဆော့စ်ဝဲလ် ရှားတာရယ် ပါတယ်....
ubuntu က window လို ပဲ GUI နှင့် အသုံးပြုရလွယ် ကူ ပင်မဲ့... ကျနော် အထင် IT knowledge မရှိတဲ့ လူတွေ အတွက် တော်တော် ခက်ခဲတယ် ထင်တယ်... ကျနော် လဲ သူငယ်ချင်းတွေနဲ့ open source OS အကြောင်း ပြောတုန်းက တော်တော် များများက Theory ပိုင်းတွေ ပဲ များတယ်... တစ်ကယ် လက်တွေ့ ပိုင်းတွေ မရှိကြဘူး... ကျနော် လဲ အဲဒီ အတိုင်းပါပဲ... မေးရင်တော့ သိတယ်.. လုပ်တက်လား ဆို မလုပ်တက်ဘူး ( ကျနော် အဖြစ်ဆိုးနေတာကိုပြောတာ ပါ [You must be registered and logged in to see this image.] )... လိုအပ်ချက် က
မီးလာ ဖို့ရယ် ... အင်တာနက်လေးရှိ ဖို့ရယ်.... လို့တော့ ထင်တယ်.. အဲဒီနှစ်ခု ပြည့်စုံပြီဆိုရင်တော့..
မြန်မာနိုင်ငံမှာ Linux တို့ ubuntu တို့ ဆိုတာ တော်တော်ခေတ်စားလာမယ်နဲ့ တူတယ်....

နက်ဝက် ပိုင်းဆိုရင် ပညာရှင်တွေ က open source တွေ သေချာလိုက်စားတာ နည်း တယ်...
အကုန်လုံး နည်းပါး က Microsoft မှ Microsoft ပဲ

ကျနော် သိချင်လို့ မေးကြည့်တာ..... အဖြေကတော့

open source လိုက်ရင် အလုပ်ရှားတယ် ဒါပေမဲ့ လစာ တော်တော် ကောင်းတယ်
Microsoft လိုက်ရင် အလုပ်ပေါတယ် ဒါပေမဲ့ လစာ ပုံမှန်ပဲ တဲ့

အဲဒါကြောင့် တော်တော် များများ က Microsoft ပဲဖြစ်နေကြတာ

အလုပ်ပေါလို့ တဲ့ လေ.... ဟုတ်မဟုတ်တော့ မသိဘူး.. ကျနော်မှ နိုင်ငံခြားမရောက်ဘူးတာကိုး
( အော်.. ဆိုးလိုက်တဲ့ အဖြစ် [You must be registered and logged in to see this image.] )

စာကြွင်း။

ကျနော် ရဲ့ မီသလောက် ဥာဏ်လေးနဲ့ ၀င်ဆွေးနွေးတာပါ....
မှားရင်လဲ ထောက်ပြကြပါဦး

xtrm

xtrm
VIP Member



VIP Member
Law Shay wrote:Operation System ဆိုတာက ကိုယ်တိုင် မရေးဘူးဆိုသူများအတွက် သုံးရုံပဲမို့ မောက်စ်ကလေးပဲ သုံးနေမိတာ Linux သုံးတာ မဟုတ်ဘူးဆိုရင် ဘယ်လို သုံးမှ Linux သုံးတယ် မည်မှာလဲ။

အခု လက်ရှိ ... Eclipse နဲ့ C++/Java ရေးပါတယ်။ Ubuntu မှာပါပဲ။ ချက်ပါတယ်။ ဖေ့စ်ဘွတ် ဖတ်ပါတယ်။ ဖိုရမ် ၀င်ပါတယ်။ အင်တာနက် ကြည့်တယ်ခော်တဲ့ ၀က်ပေ့ခ်ျတွေ ရှာပါတယ်။ အီးမေးလ် စစ်ပါတယ်။ ရှိသမျှ experiment တွေ run ပါတယ်။ postgresql ကို ကလိပါတယ် (အနာဂါတ်မှာ အဲကောင်ကို ပြင်ရေးဖို့လဲ အစီအစဉ်ရှိပါတယ်)။

ဒါပေမဲ့ မောက်စ်ကို လက်က မချမိဘူးကွယ်။ command-line ကို ယခင့် ယခင်ကလဲ သုံးလာပြီးပြီ။ ဒီခေတ်မှာတော့ တော်ပြီပေါ့။ Nautilus က SSH ပါရနေတော့ မောက်စ်နဲ့ပဲ ကြိုက်နေတယ်ကွယ်။ (pipeline processing အတွက်တော့ terminal ကို သုံးရပါတယ်။)

ကျွန်တော်က ဆာဗာလဲ ထိုင်စရာ မလိုတဲ့လူမို့လားမသိ။ Ubuntu ဟာ end user အတွက် probably the best လို့ ပြောမိတာပါ။

ဒီ post က ကျနော်ရေးထားတာကြာပြီ ဒီမှာမတင်ဖြစ်တာ။ လောရှည်ပြောတာမြင်မှ ဪငါ 2nd post မတင်ရသေးဖူးပဲဆိုပြီး ဟိုဘက်က copy ပြီး ဒီမှာ paste ပြန်လာလုပ်တာ ။ Post reply လို့ နားလည်မှုလွဲသွားတယ်ထင်တယ်။

Ubuntu သုံးတယ့်သူ တော်တော်များများက GUI ပေါ်မှာ အရမ်းမှီခိုလွန်းကြတာများတယ်။ မှီခိုလို့ လည်းရတာကိုး။ Ubuntu ကို personal taste အရ မကြိုက်ပေမယ့် End user အတွက် အဆင်အပြေဆုံး Linux အဖြစ်တော့ လက်ခံတယ်။ကျနော်ရေးထားတာမှာ ပါပါတယ်။ User အတွက် အဆင်ပြေတယ်။ သိပြီးသားသူပဲဖြစ်ဖြစ် ၊ Linux ကို သုံးရုံလောက်ပဲသုံးချင်တယ့် သူအတွက် Ubuntu က ok ပဲ။ ပိုပြီးသိချင် လေ့လာချင်တယ့် သူအတွက် ( Engineer ဖြစ်ချင်ရင် လို့ရေးထားပါတယ် ) GUI ပဲအားကိုးလို့ မရဘူးဆိုတာတော့ သဘောတူမယ်ထင်ပါတယ်။ [You must be registered and logged in to see this image.]

sHa92

sHa92
Founder



Founder
ဟီး။ နားလည်မှုလွဲသွားတာ ကျွန်တော်လည်း သိတော့သိတယ်။
ဘယ်လိုလုပ်ပေးရမယ်မှန်းမသိတာနဲ့ ကို xtrm ပြန်စာရေးတာ စောင့်နေပေးလိုက်တာ။ Very Happy
Buzz မှာ ဖတ်ခဲ့ရတာတော့ အတော်ကြာပေါ့။
အစ်ကို ၊ အခန်း (၃) ဆက်ရေးဦးလေ။ Smile

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
water wrote:နက်ဝက် ပိုင်းဆိုရင် ပညာရှင်တွေ က open source တွေ သေချာလိုက်စားတာ နည်း တယ်...
အကုန်လုံး နည်းပါး က Microsoft မှ Microsoft ပဲ

တိန်.... Networking ဆိုရင် Linux ဘဲသုံးကြတာပါ။ Windows Server သိပ်မသုံးကြပါဘူး။

Open Source ဆိုတာ လိုက်စရာလည်း လိုပါဘူး။
juz depend on you & your company ပါ။ ကိုယ်ပိုင် Apps ကို ၊ ကိုယ့်စိတ်ကြိုက် release လုပ်နိုင်သလို ၊ ကိုယ်အလုပ်လုပ်တဲ့ Company က Open Source လုပ်ချင်တယ်ဆိုရင်လည်း လုပ်ပေးရတာပါ။ လိုက်တာ မလိုက်တာနဲ့ မဆိုင်ပါဘူး။

Microsoft Exam တွေက ပေါပါတယ်။

ဟီး။ Topic နဲ့တော့ မဆိုင်တော့ဘူးနော်။

http://www.myanmaritresource.info

Law Shay

Law Shay
VIP Member



VIP Member
Academic မှာတော့ Open မှကို ရတယ်။ ဘာလို့လဲ ...

ဆိုပါစို့ ဒီနေ့ ကျွန်တော် စမ်းသပ်ချက်တစ်ခု လုပ်တယ်။ C# နဲ့ ရေးလိုက်တယ်။ Microsoft ရဲ့ platform specific library တွေ သုံးတယ်။ ရလဒ်ထွက်လာတယ်။ စာတမ်းရေးတင်လိုက်တယ်။

နောက်နေ့ကျ Microsoft က library တွေ ပြင်လိုက်တယ်။ ကျွန်တော့် ရလဒ်တွေ သုံးစားမရဘူး ဖြစ်သွားတယ်။ နောက်လကျတော့ ထပ်စမ်း (re-produce) လုပ်တဲ့လူက ကျွန်တော့် ရလဒ်မျိုး ဆင်တူမရဘူးဆို လောရှည် ငညာကြီး ဖြစ်သွားပြီ။

ဒါကြောင့် C/C++ ရတယ်၊ Java ရတယ်။ C# မရဘူးရယ်လို့ ဖြစ်နေရပါတယ်။

တော့ပစ်နဲ့ မလွဲအောင် ပြန်ပြောရရင် Linux နဲ့ Server လုပ်ချင်သူများအတွက် Ubuntu Server Edition ကို သုံးပါ။ အဲဒီကောင်က တချို့ config တွေ ချိန်ပြီးသားပါပါတယ်။ ထဲထဲဝင်ဝင် လေ့လာချင်သူများအတွက် Slackware သုံးသုံး Red Hat သုံးသုံး Fedora သုံးသုံး အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ Fedora, RedHat and Ubuntu စမ်းကြည့်ပြီး လောလောဆယ် လိုတာအကုန်ရနေတော့ Ubuntu သုံးဖြစ်တယ်။ Slackware ကို စမ်းချင်ပေမဲ့ အချိန်မရသေးလို့ ...

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forumotion's free forums | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com