Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ပထမဆုံးပြောချင်တာကတော့ “စိတ်မကောင်းပါဘူး” ဆိုတာပါ။
အောင်မြင်ဖို့ မီးလေးစတောက်ကာမှ ပြန်ငြိမ်းသွားတဲ့ အတွက်ပါ။
ဘာကြောင့် အဲဒီ့လိုဖြစ်သွားသလဲဆိုတာကို ကျွန်တော် စဉ်းစားကြည့်ပါတယ်။ စဉ်းစားမရခဲ့ပါ။
ဒီနေ့တော့ Myanmar Tutorial က ပိုစ့်လေးတစ်ခုဖတ်မိပြီးမှ အဖြေထွက်လာပါတယ်။

Organization တစ်ခုမှာ အဖွဲ့ဝင်တွေဟာ Dependent မဖြစ်ပဲ Interdependent ဖြစ်အောင် တည်ဆောက်ခြင်း ဆိုတာပါဘဲ။
ကျွန်တော်တို့ ဒီမှာပြောမှာ Member တွေအကြောင်းမပါသေးပါဘူး။ Admin Team က သူများအတွက်ပါဘဲ။

Myanmar Tutorial မှာ ရေးထားတာကတော့

...............

ဒီခေါင်းစဉ်ကို ရှင်းပြဖို့အတွက် အရင်ဆုံး Dependent ဖြစ်ခြင်း၊ Interdependent ဖြစ်ခြင်း ဆိုတဲ့ စကားနှစ်လုံးကို အရင်ရှင်းပြချင်ပါတယ်။ Dependent ဖြစ်တယ်ဆိုတာ မှီခိုနေတာကို ပြောတာပါ။ အဖွဲ့တစ်ခု လုပ်ကြတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေရတာမျိုး မဖြစ်သင့်ပါဘူး။ ဒေါက်တွေက တစ်ခုခုနဲ့ တစ်ခု သီးခြားစီထောင်ပြီး စားပွဲတစ်ခု ဖြစ်သင့်တဲ့နေရာမှာ တစ်ခုကို တစ်ခု မှီနေမယ်ဆိုရင် စားပွဲဖြစ်မလာ သလိုမျိုး ဥပမာ ပေးရမယ်ထင်ပါတယ်။

Interdependent ဆိုတာ Dependent ဖြစ်နေသူခြင်း စုလို့ မရပါဘူး။ Independent ဖြစ်သူခြင်းမှ စုလို့ ရတဲ့သဘောရှိပါတယ်။ Dependent ကို အပြန်အလှန် မှီခိုမှု၊ Independent ကို လွပ်လပ်မှု၊ Interdependent ကို အပြန်အလှန် အကျိုးပြုနိုင်မှုလို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေတဲ့ အဖွဲ့တစ်ခုကို ပုံဖော်ကြည့်ရအောင်၊ Web Team တစ်ခုကို သူငယ်ချင်းတွေ စုပြီး လုပ်ကြမယ်ဆိုပါတော့။ Web Team တစ်ခုမှာ ဆိုရင် သူ့နေရာနဲ့သူ ကျွမ်းကျင်နေရမယ့် အပိုင်းတွေ ရှိပါတယ်။ Web Graphic ပိုင်းကို ကျွမ်းကျင်သူ၊ Web Programming ပိုင်းကျွမ်းကျင်သူ၊ Web Hosting ပိုင်း ကျွမ်းကျင်သူ၊ Web Marketing ပိုင်း ကျွမ်းကျင်သူ စသဖြင့် စုမိကြရာမှာ ဖြစ်ပေမယ့် တစ်ယောက်တည်းကပဲ ဒိုင်ခံကျွမ်းကျင် နေတာမျိုးဆိုရင် အဲဒီတစ်ယောက်တည်းကို အားလုံးက မှီခိုနေတဲ့ ပုံစံ ဖြစ်လာပါတယ်။

အဲဒီလို ဖြစ်တဲ့အခါ တစ်ယောက်တည်းကပဲ ဒိုင်ခံပြီး အလုပ်တွေကို လုပ်ရပါတော့တယ်။ Design လည်း သူပဲ၊ ကျန်တဲ့သူတွေက ဝိုင်းကြည့်၊ Programming လည်းသူပဲ၊ ကျန်တဲ့သူက ဘေးကယက်ခတ် ဆိုသလို ဖြစ်လာပါတယ်။ အဲဒီတော့ အဖွဲ့အစည်အလိုက် စွမ်းဆောင်ရည်မျိုး ဖြစ်မလာတော့ပဲ တစ်ကောင်တည်း ဆွဲနေတဲ့ လှည်းကို တစ်ခြားသူတွေက တက်စီးနေသလို ဖြစ်လာပါတယ်။ ဒီတော့ အဲဒီ ကျွမ်းကျင်သူ အနေနဲ့လည်း စွမ်းဆောင်ရည်တွေ ကျလာပါတော့တယ်။ အဖွဲ့တစ်ခု စပြီဆိုကတည်းက တစ်ယောက်တည်းက မှီနေတာပဲ ကျန်တဲ့သူတွေက လွတ်လပ်တယ် ဆိုပြီး မလွတ်လိုက် သင့်ပါဘူး။ အဲဒီလို တစ်ယောက်တည်း မှီနေတာကိုက နောင် တစ်ချိန်မှာ ပြောစရာ ပြဿနာ ဖြစ်စရာ ဖြစ်လာပြီး ကွဲကြတဲ့အထိ အဆိုးဆုံး အခြေအနေကို ဦးတည်သွားနိုင်ပါတယ်။

ဒီတော့ Interdependent ဆိုတဲ့ အပြန်အလှန် အကျိုးပြုတဲ့ ပုံစံကို သွားဖို့ အရင်ဆုံး independent ဖြစ်အောင် အရင်လုပ်ကြဖို့ လိုပါတယ်။ ဘယ်လိုလုပ်ကြမလဲ။ လုပ်ငန်းတစ်ခုချင်းစီ အပိုင်းလိုက် ခွဲခြားပြီး လွတ်လပ်အောင် သင်ယူကြဖို့ပါ။ ကိုယ်က Web Graphic ပိုင်းကို တာဝန်ယူမယ်၊ ဝါသနာပါတယ်ဆိုရင် တစ်ခြားသူကို မှီခိုစရာ မလိုအောင် အထိ သင်ထားဖို့ တတ်ထားဖို့လိုပါတယ်။ ကိုယ်က Web Programming ပိုင်းဆိုရင်လည် အတူတူပါပဲ။ အမှီအခိုကင်းအောင် သင်ထားဖို့ လိုပါတယ်။ ဒီလိုအမှီအခိုကင်းအောင် သင်ထားပြီးပြီ၊ စုမိကြပြီ ဆိုရင်တောင် စနစ်တကျ ပေါင်းစပ်တတ်ဖို့ မလွယ်သေးပါဘူး။

.............

ကျွန်တော် ပြောချင်တာက ၊ ကျွန်တော်တို့ အစက ညီကြပါတယ်။ ဘယ်လိုညီလဲဆိုတော့ တက်ညီလက်ညီပေါ့ဗျာ.. အလုပ်တွေလုပ်ကြတယ်။ Tag ပြောင်းဆိုတုန်းကလည်း ၃ ယောက်လောက်က ဒိုင်ခံပြောင်းပေးကြတယ်။ ၀မ်းသာရတယ်။
ဒါပေမယ့် အဲဒါလည်းပြီးရော လုံးဝကို တိတ်သွားတယ်။ Mod တွေလည်း မ၀င်ကြတော့ဘူး ၊ Admin ဆိုလည်း ကျွန်တော်လည်း လာကြည့်တာဘဲရှိတယ်။ ပိုစ့် သိပ်မတက်လာတော့ဘူး။

ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မေးကြည့်မိတယ်။ ငါ ဘာလို့ မလာချင်တော့တာလဲ။ ဘာလို့ မရေးချင်တော့တာလဲ။ ဘာလို့ မလုပ်ချင်တော့တာလဲပေါ့။
အဲဒီ့တော့ အပေါ်က စာလေးနဲ့ ပြန်ကောက်ရရင် ၊ တစ်ယောက်ထဲရုန်းရလို့ ဖြစ်လာပါတယ်။
Template Editing ပိုင်းမှာလည်း ဟိုးအစက ကျွန်တော်တစ်ယောက်ဘဲ လုပ်နိုင်ခဲ့တယ်။ (ခုတော့ alt.332 လည်း လုပ်နိုင်လာပါပြီ)
Tutorial ပိုင်းလည်း များသောအားဖြင့် ကျွန်တော့်ပေါ်မှာပို မှီခိုနေသလိုဘဲ။

ကျွန်တော်ချည်း ကောင်းတယ်။ လုပ်တယ်လို့ပြောတာမဟုတ်ဘူးနော်။ ကျွန်တော် မလုပ်နိုင်တာတွေလည်း အများကြီး။ Post editing ပိုင်းမှာ ကျွန်တော်မ၀င်တော့တာ တော်တော်ကြာပြီ။ ၀င်စရာမလိုအောင်လည်း တကယ်လုပ်ပေးခဲ့ကြပါတယ်။ ခုတော့ လုပ်တာ သိပ်မတွေ့ရတော့ဘူး။

ကျွန်တော်တို့ ဖြစ်သွားတာက Mod (Post Editing Mod) များသွားတာပါ။ Post မတက်ဘဲနဲ့ edit လုပ်ပေးနိုင်တဲ့သူများသွားတယ်။

ကျွန်တော့်အနေနဲ့ အခု စာမေးပွဲက ၈ လပိုင်းစရင်ဖြေရတော့မယ်။ အဲဒါပြီးရင်တော့ Admin Team ကို အသစ်ပြန်ဖွဲ့မယ်စိတ်ကူးတယ်။
No Admins, No Mods
အကုန်လုံး Point ပေါ်မူတည်ပြီးတော့ edit လုပ်ခွင့်ရှိမယ်။ ပြင်ခွင့်ရှိမယ်။ အမြင့်ဆုံးအမှတ်ရထားရင် Admin Panel ထဲထိဝင်ခွင့်ပေးလိုက်မယ်လို့ဘဲ စိတ်ကူးထားမိတယ်။

အခု လက်ရှိ အစ်ကိုတို့အနေနဲ့လည်း အားနာလို့ လုပ်နေရတာမျိုးမဖြစ်စေချင်တော့ဘူး။ လုပ်ရင်လည်း အရှင်း ၊ လူညီညီနဲ့ အကောင်းဆုံးလုပ်ချင်တယ်။ မလုပ်ရင်လည်း လုံးဝ မလုပ်ချင်ဘူး။

ခုတော့ ဒီလောက်ဘဲရေးဦးမယ်။ ဒီပိုစ့်လည်း ဖတ်မယ့်သူ နည်းနည်းဘဲရှိမယ်ထင်တာဘဲ။ Sad

http://www.myanmaritresource.info

samurai

samurai
Moderator



Moderator
ကို ဆိုက်ကို ပြောသွားတာ ကောင်းပါတယ် ။

ကျွန်တော်လည်း ဖိုရမ်ကို မ၀င်ဖြစ်တာ ကြာပါပြီ အားတဲ့ အခါတွေမှသာ ၀င်နိုင်ပါတော့တယ် ။

ကျွန်တော်အရင်ကလို မ၀င်နိုင်တော့တဲ့အတွက် ကျွန်တော်ကိုပေးထားတဲ့ ရာထူးကနေ

ဖြုတ်ချထားလိုက်ပါဗျာ ။ ဒါမှလည်း လူပိုဖြစ်မနေမှာပါ ။ ကျေးဇူးတင်ပါတယ် ။

ှS@MURAI

http://www.deltafcfans.goodoles.com

mars

mars
Moderator



Moderator
SYKO wrote:ပထမဆုံးပြောချင်တာကတော့ “စိတ်မကောင်းပါဘူး” ဆိုတာပါ။
အောင်မြင်ဖို့ မီးလေးစတောက်ကာမှ ပြန်ငြိမ်းသွားတဲ့ အတွက်ပါ။

SYKO wrote:ကျွန်တော့်အနေနဲ့ အခု စာမေးပွဲက ၈ လပိုင်းစရင်ဖြေရတော့မယ်။ အဲဒါပြီးရင်တော့ Admin Team ကို အသစ်ပြန်ဖွဲ့မယ်စိတ်ကူးတယ်။ No Admins, No Mods အကုန်လုံး Point ပေါ်မူတည်ပြီးတော့ edit လုပ်ခွင့်ရှိမယ်။ ပြင်ခွင့်ရှိမယ်။ အမြင့်ဆုံးအမှတ်ရထားရင် Admin Panel ထဲထိဝင်ခွင့်ပေးလိုက်မယ်လို့ဘဲ စိတ်ကူးထားမိတယ်။
အခု လက်ရှိ အစ်ကိုတို့အနေနဲ့လည်း အားနာလို့ လုပ်နေရတာမျိုးမဖြစ်စေချင်တော့ဘူး။ လုပ်ရင်လည်း အရှင်း ၊ လူညီညီနဲ့ အကောင်းဆုံးလုပ်ချင်တယ်။ မလုပ်ရင်လည်း လုံးဝ မလုပ်ချင်ဘူး။

အဲဒါက ဘာကိုဆိုလိုချင်တာလဲမသိဘူး $ƴǩǾ... ဘာလို့လဲဆိုတော့ အပေါ်နဲ့အောက်မှာရေးထားတာက တစ်မျိုးဖြစ်နေလို့လေ...
Anyway, ဘာပဲဖြစ်ဖြစ်ပါ... အခုကမီးငြိမ်းသွားတာမဟုတ်ပါဘူး... ငါ့ညီအသိတစ်ခုတိုးသွားတာပါ... ဘယ်လိုအနေအထားမျိုးတွေနဲ့မှ ဘယ်လိုအခြေအနေမျိုးအထိရောက်နိုင်တယ်ဆိုတာကို ကောင်းကောင်းသိသွားလောက်ပါပြီ... အဲဒိအဖြေကို တကယ်တမ်းအားမနာတမ်းပြောရရင် အစောကြီးကတည်းကစဉ်းစားမိတယ်... လမ်းကြောင်းပေါ်မှာ လျှောက်နေတဲ့သူတွေနဲ့မှသာ အလုပ်ဖြစ်တော့မယ်ဆိုတာကိုပါ... အခုက ငါ့ညီလိုချင်တဲ့အနေအထားမျိုးက အကိုပြောသလိုသူတွေစုမှသာဖြစ်မှာပါ... အခုဒီဖိုရမ်မှာရှိနေတဲ့ လူတွေက အချိန်ပေးနိုင်တဲ့သူတွေက များသောအားဖြင့် လမ်းကြောင်းပေါ်ကသူတွေမဟုတ်ဘူး (အကိုအပါအ၀င်)... အဲဒိတော့ ဒီလူတွေအတိုင်းအတာနဲ့ပေးနိုင်တာကတော့ ဒီလောက်ပဲရမယ်... ဒါလည်းသူတို့တွေအများကြီးဖိုရမ်အတွက် အချိန်ပေးလုပ်ပေးခဲ့တာပါ... လူဘယ်လောက်ညီညီ လမ်းကြောင်းပေါ်ကလူမဟုတ်ရင် ရှေ့ကိုခရီးရောက်မှာမဟုတ်ပါဘူး... software အပေးအယူလုပ်တာရယ်၊ error တွေ၊ virus တွေ အဲဒါတွေလောက်နဲ့ပဲ ဖိုရမ်ကလည်ပတ်မှာပါ... ငါ့ညီလိုချင်သလိုဖြစ်လာမှာမဟုတ်ဘူးလေ...


SYKO wrote:Organization တစ်ခုမှာ အဖွဲ့ဝင်တွေဟာ Dependent မဖြစ်ပဲ Interdependent ဖြစ်အောင် တည်ဆောက်ခြင်း ဆိုတာပါဘဲ။
ကျွန်တော်တို့ ဒီမှာပြောမှာ Member တွေအကြောင်းမပါသေးပါဘူး။ Admin Team က သူများအတွက်ပါဘဲ။

အမှီအခိုကင်းအောင် သင်ထားဖို့ လိုပါတယ်။ ဒီလိုအမှီအခိုကင်းအောင် သင်ထားပြီးပြီ၊ စုမိကြပြီ ဆိုရင်တောင် စနစ်တကျ ပေါင်းစပ်တတ်ဖို့ မလွယ်သေးပါဘူး။

အကိုပြောသလို အဲဒါက IT နယ်ပယ်ထဲကလူတွေမဟုတ်တဲ့အတွက် အဲဒိပညာရပ်တွေကို ၀ါသနာအရ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖို့လောက်အတွက်သာ လေ့လာတာတွေရှိတာပါ... တကယ်တမ်းထဲထဲဝင်ဝင်လေ့လာဖို့ကြတော့ အချိန်တွေနဲ့တခြားရင်းနှီးရတာတွေ အများကြီးပါ... အဲဒိအတွက် အဲဒါနဲ့အလုပ်လုပ်နေတဲ့သူတွေ လုပ်မယ့်သူတွေကပဲ ဒီဖိုရမ်မှာဦးဆောင်သွားရင် သဘာဝပိုကျပြီး ငါ့ညီလိုချင်တဲ့အနေအထားတစ်ခုကို ပိုပြီးဖြစ်ဖို့၊ ဖြစ်နိုင်ခြေပိုများလာပါမယ်...

SYKO wrote:ကျွန်တော် ပြောချင်တာက ၊ ကျွန်တော်တို့ အစက ညီကြပါတယ်။ ဘယ်လိုညီလဲဆိုတော့ တက်ညီလက်ညီပေါ့ဗျာ.. အလုပ်တွေလုပ်ကြတယ်။ Tag ပြောင်းဆိုတုန်းကလည်း ၃ ယောက်လောက်က ဒိုင်ခံပြောင်းပေးကြတယ်။ ၀မ်းသာရတယ်။
ဒါပေမယ့် အဲဒါလည်းပြီးရော လုံးဝကို တိတ်သွားတယ်။ Mod တွေလည်း မ၀င်ကြတော့ဘူး

အဲဒါကတော့ တခြားသူတွေဘယ်လိုကြောင့်လဲမသိပေမယ့် အကိုကတော့ရုံးမှာလည်း အလုပ်နည်းနည်းပိသွားတဲ့အချိန်ဖြစ်နေသလို အဲဒိတုန်းကပြောဆိုဖြစ်ခဲ့တဲ့အကြောင်းတွေကနေ ဘယ်လိုအတိုင်းအတာတစ်ခုအထိသွားချင်တယ်ဆိုတာသိလို့ လိုက်မှီမှာမဟုတ်တဲ့ အကိုကခဏလောက်ဘေးထွက်ပြီး နေကြည့်လိုက်တာပါ...

SYKO wrote:ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မေးကြည့်မိတယ်။ ငါ ဘာလို့ မလာချင်တော့တာလဲ။ ဘာလို့ မရေးချင်တော့တာလဲ။ ဘာလို့ မလုပ်ချင်တော့တာလဲပေါ့။ အဲဒီ့တော့ အပေါ်က စာလေးနဲ့ ပြန်ကောက်ရရင် ၊ တစ်ယောက်ထဲရုန်းရလို့ ဖြစ်လာပါတယ်။

မဟုတ်ဘူး ... ငါ့ညီက ကိုယ့်ရှိတဲ့လူအနေအထားကို မသုံးသပ်မိဘဲ လောဘကြီးသွားပြီး စိတ်ဓာတ်ကျသွားတာပါ... ဘာလို့လဲဆိုတော့ အောက်မှာငါ့ညီပြောထားတယ်လေ... ဒီလိုလေ...

SYKO wrote:Template Editing ပိုင်းမှာလည်း ဟိုးအစက ကျွန်တော်တစ်ယောက်ဘဲ လုပ်နိုင်ခဲ့တယ်။
Tutorial ပိုင်းလည်း များသောအားဖြင့် ကျွန်တော့်ပေါ်မှာပို မှီခိုနေသလိုဘဲ။
ကျွန်တော်ချည်း ကောင်းတယ်။ လုပ်တယ်လို့ပြောတာမဟုတ်ဘူးနော်။

ငါ့ညီအစတုန်းက လူတွေမရှိခဲ့တုန်းကတောင် လုပ်ခဲ့သေးတာပဲ အခုလည်းလုပ်ရမယ်လို့မပြောပါဘူး.... စိတ်ဓာတ်မကျဖို့ပြောတာပါ... အခုကဖိုရမ်မှာ လိုအပ်နေတဲ့ IT နယ်ပယ် ထဲကလူတွေလာဖို့လေ... အဲဒါက ဘယ်လိုဖြစ်နေလဲဆိုတော့ မုန့်လုံးစက္ကူကပ်သလိုဖြစ်နေတာလေ... လမ်းကြောင်းပေါ်ကလူတွေပါဝင်လာဖို့က ဘာလိုပို့စ်တွေ ဖိုရမ်မှာလိုအပ်တယ်ဆိုတာ ငါ့ညီသိတယ်... ဒါပေမယ့် စိတ်ပျက်လို့ ပို့စ်မတင်ဖြစ်ဘူး... အဲဒိတော့ ပို့စ်တွေက update မတတ်တော့ လူတွေမလာဘူးလေ... အဲဒိလာတဲ့သူတွေထဲမှာ IT လိုက်စားနေတဲ့သူတွေထဲက တစ်ယောက်စ နှစ်ယောက်စပဲလာပါစေဦး... ကြာရင်အင်အားကြီးတစ်ခုဖြစ်လာမှာလေ... အဲဒိကနေလူစုံပါလာမှာပါ... အခုငါ့ညီဖတ်ဖတ်နေတဲ့ Myanmar Tutorial ကလည်း ၀င်ရေးနေတဲ့သူက ဘယ်နှစ်ယောက်မှမရှိပါဘူး... အဲဒိဆိုက်ဆို မနေ့တစ်နေ့ကမှဖြစ်လာတာပါ... ငါ့ညီရင်းခဲ့တဲ့အချိန်တွေ ၊ Barcamp တုန်းကလုပ်ခဲ့တာတွေ ၊ အားလုံးအတွက် ငါ့ညီ သေချာမယ့်ဆုံးဖြတ်ချက်တစ်ခုကိုချပါလို့...


အကိုပြောတာတွေမှာ အမှားတွေပါရင်တော့ ခွင့်လွှတ်ကွာ... အကိုစကားပြောများသွားပြီ...


ကျေးဇူးတင်ပါတယ်..

mars

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
အစ်ကိုကတော့ ကျွန်တော့်အတွက် အမြဲတမ်း အားဆေးတစ်ခွက်ပါဘဲဗျာ။
ခု Reply အတွက်လည်း ထပ်ပြီး ကျေးဇူးတင်ပါတယ်။

ကျွန်တော် ကိုယ့်ကိုကိုယ် သိတာတစ်ခုက
“တစ်ခုခုကို အရမ်းလိုချင်စိတ်ပြင်းထန်တယ်။ လောဘကြီးတယ်။ ဒါပေမယ့် လောတယ်။ ကိစ္စတစ်ခု မစရသေးခင်မှာ အဆုံးသတ်မိတတ်တယ်။ အဆိုးဆုံးက စိတ်ဓါတ်အရမ်းမကြံ့ခိုင်ဘူး။”

အဲဒါတွေကိုလည်း ဒုတိယနှစ် အပြီးမှာ လုံးဝပြင်ဆင်ရင့်ကျက်အောင်နေဖို့ ဆုံးဖြတ်ထားတယ်။

အစ်ကိုပြောသွားတာတွေကိုလည်း သေချာမှတ်ထားပါတယ် အစ်ကို။

ကျွန်တော်က လက်ရှိရှိနေတဲ့သူတွေကို အပြစ်တင်ချင်တာမဟုတ်ဘူးဗျ။ အားလုံးဆီက နည်းနည်းသော (နည်းနည်းလေးပါ) Motivation လေးကို လိုချင်လို့ပါ။
IT နဲ့ မပတ်သတ်တောင်ဗျာ ၊ ဖိုရမ်အတွက် အကြံတွေကို Office ထဲမှာ ပေါ်လာတိုင်းချရေးပေးနေရင်ကို ကျေနပ်ပါတယ်။

ကျေးဇူးတင်ပါတယ်...

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
နောက်တစ်ခု

ကျွန်တော်လည်း Post ရေး လျော့သွားပေမယ့် Development ပိုင်းမှာ လုပ်နေတုန်းပါ။
၁၀၀% မပြီးသေးလို့ ဘယ်သူမှမသိသေးတာပါ...
ဥပမာ ပြရရင်
Code:
http://www.myanmaritresource.info/V_K-h22.htm

အင်္ဂလိပ်စာ/မြန်မာစာ ကို မရိုက်တတ်သူတွေ အတွက် Mouse နဲ့ ရိုက်လို့ရအောင် ပြင်ဆင်ထားတာပါ။
Forum Post တင်တဲ့နေရာမှာ တွဲထည့်ဖို့ပါ။



Last edited by mars on 19th June 2010, 9:36 pm; edited 1 time in total (Reason for editing : လင့်များတွင် code ခံရေးပေးပါရန် :P နာတွ)

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
z3r0c00l အနေနဲ့ Admin Team တစ်ခုလုံးကို တောင်းပန်ပါတယ် လို့ပဲ ပထမဆုံးပြောပါရစေ။
ကျွန်တော်အရမ်းအလုပ်ရှုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဖိုရမ်ကိုဝင်ချိန်နည်းသွားပါတယ်။
မနက်ဆိုရင် ဆိုက်ကိုဝင်ကြည့်တယ်။ ထူးခြားတာမတွေ့ရင် ပြန်ထွက်သွားတယ်။ အဲဒီအချိန်ကစပြီးတော့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလိုက်တာ တစ်နေကုန် မ၀င်ဖြစ်တော့ပါဘူး။
အရင်ကဆိုရင်ကျွန်တော် Tut တွေရေးတယ်။ အဲဒီလိုရေးနိုင်အောင်လည်း ကျွန်တော့်မှာ ထိုက်သင့်တဲ့အချိန်ရှိတယ်။ အခုအလုပ်များနေတဲ့အတွက် Tut တွေလည်းမရေးနိုင်တော့ပါဘူး။
ပြီးတော့ နောက်တစ်ခုက Connection ။
ကျွန်တော်တို့ရုံးမှာ Connection ကျနေတဲ့အတွက် GTalk ကလွဲရင် ကျန်တာသိပ်မရပါဘူး။
အဲဒီတော့ ဆိုက်ဝင်ဖို့လဲ အခက်အခဲဖြစ်ပါတယ်။
နောက်ပြီး Tut တွေရေးဖို့ ကျွန်တော် Ref: ယူရမယ်။ ယူရမဲ့ဆိုက်တွေ ဖွင့်လို့မရဘူး။
ဥပမာ - HF, AF, etc.....ဘယ်လိုလုပ်မလဲ?
နောက်ပြီးတော့ Tag ကိစ္စမှာလဲ ကျွန်တော်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။
အဲဒီအတွက်လဲ လုပ်ပေးခဲ့တဲ့ Admin Team တစ်ခုလုံးကို ဒုတိယမ္ပိ တောင်းပန်ပါတယ်။
ရှေ့လထဲကျရင်ကျွန်တော် အလုပ်ပါးသွားပြီ လို့ထင်ရပါတယ်။ အဲဒီအချိန်ကစပြီး ဖိုရမ်ကို အရင်ကလို ပြန်လည်အကျိုပြုနိုင်မယ်လို့ထင်မိပါတယ်။ ကဲ.......ကျွန်တော်ပြောချင်တာဒီလောက်ပါပဲ။


(ဖြောင်း.....ဖြောင်း.....ဖြောင်း....ဖြောင်း......) (လက်ခုပ်သံလား...နားရင်းအုပ်သံ လားတော့မသိဘူး Razz)

sHa92

sHa92
Founder



Founder
Last edited by mars on Sat 19 Jun 2010 - 21:36; edited 1 time in total (Reason for editing : လင့်များတွင် code ခံရေးပေးပါရန် Razz နာတွ)

ကို မားစ် ကတော့။
တူ့ကို တန်းကနည်း နှိပ်ပြီးတော့ သွားလို့လွယ်အောင် လုပ်ပေးထားတာကို။ Razz Razz
နောက်ကို လုပ်ပေးတော့ဝူး။

http://www.myanmaritresource.info

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော်လည်း ကြားရက်တွေမှာ ကျောင်းသွားပြီး စနေနဲ့ တနင်္ဂနွေမှာ သင်တန်းတက်နေရလို့ ပါ။
ပြီးတော့လည်း ကျောင်းကခိုင်းတဲ့ English Project တွေလည်းလုပ်နေရလို့ ပါ။
နောက်ပြီး အိမ်ကလဲ အင်တာနက်ဆိုင်သွားသွားနေတာကို သိပ်မကြိုက်ချင်ဘူး
ဒါကြောင့်ရောက်ရင်ဝင်ကြည့် ပြင်စရာရှိတာပြင်ပြီး ပြန်သွားတာပါ။

ဟီးးးး
နောက်တစ်ခုကလဲ tc မှာပြိုင်ပွဲရှိလို့ လဲပါတယ်။

Htet Naing

Htet Naing
Moderator



Moderator
SYKO wrote:
အကုန်လုံး Point ပေါ်မူတည်ပြီးတော့ edit လုပ်ခွင့်ရှိမယ်။ ပြင်ခွင့်ရှိမယ်။ အမြင့်ဆုံးအမှတ်ရထားရင် Admin Panel ထဲထိဝင်ခွင့်ပေးလိုက်မယ်လို့ဘဲ စိတ်ကူးထားမိတယ်။
ဒီလိုဆိုရင် "thanks"တို့ ဘာတို့ စတဲ့ post တွေများလာနိုင်တယ်နော်။

ET

ET
Moderator



Moderator
အရာရာတိုင်းမှာ အကြောင်းအရာနဲ့ အကြောင်းပြချက်တွေရှိနေကြတာ လူတိုင်းပါပဲ

ကျနော်လည်း ရှင်းမပြတော့ပါဘူးဗျာ
ဖိုရမ်အတွက်လည်း ကျနော်အနေနဲ့ ဘာမှ ကူညီရာမရောက်လို့ပါ
ညီ $ƴǩǾ သဘောပါ

ခင်မင်စွာဖြင့်
ET

http://alinkarnya.blogspot.com/

shinthant

shinthant
Moderator



Moderator
ညီလေးရေ

အခုညီလေးပြောသလို လုပ်သွားတာအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်၊စိတ်ဓာတ်မကြပါနဲံ့
အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မှာပါ ညီညီညာညာနဲ့ အကောင်းလုပ်သွားခဲ့ရင် ညီ ဖြစ်စေချင်တဲ့
ပုံစံအတိုင်းဖြစ်လာမှာပါ၊

ခင်မင်လေးစားစွာဖြင့်
ကိုရှင်းသန့်

solakoko

solakoko
Moderator



Moderator
ကျနော်တော့ သိပ်မပြောချင်တော့ပါဘူး
ဘာလို့ လဲဆိုတော့ အချိန်မရွေး အင်တာနက်ဆိုင်က ထွက်ဖို့ ရည်ရွယ်ထားလို့ ပါ..

အဲကျရင် Admin Team မှာ ကျနော် ပါဖြစ်မှာမဟုတ်တော့ဘူးလေ
ဒါကြောင့်...
ကောင်းသလို စီစဉ်ကြပါဗျ။

shinthant

shinthant
Moderator



Moderator
အားလုံးသော အက်မင်အဖွဲဝင်များခင်ဗျာ
ကျနော်ရှင်းသန့်တခုလောက်ပြောချင်ပါတယ် ကျနော်ကြားထားတာလေးတွေ သိထားတာလေးတွေကို
တခုလောက်ပြန်ပြီးပြောချင်လိုပါ ကျနော် အင်တာနတ်ဆိုင်မှာ လာသုံးတဲ့သူထဲ့က မန်ဘာတယောက်ပြောသံကြား
မိလို့ ပြန်ပြောမိတာပါ တခုလောက်ပြောချင်တာက ဘာဘဲဖြစ်ဖြစ် နည်းပညာကိုစတင်လေ့လာနေသူတယောက်မှာ
ကိုယ်သိထားတာလေးပြန်ပြိှး ရှယ်ဖို့ဆိုတာမလွယ်ကူးလှပါဘူး အဲဒါကြောင့်မလို့ အသစ်ကလေးတွေ ပိုစ်တင်ခဲ့၇င်
တကယ်စပန်းဆိုလို့ကတော့ ဗျင်းတာဗျင်းပါ နည်းနည်းလောက်လေးမှားတာလောက်တော့ မော့မော့တွေ မင်မင်တွေ နားလည်ခွင့်လွှတ်စေချင်တယ် ဘာလိုလည်းဆိုတော့ သူမှာသိချင်စိတ်တွေ သိပြီးသားလေးကိုပြန်ပြီးရှယ်ဖို့ဆိုတာမလွယ်ကူးဘူးလေ အဲဒါကြောင့် အသစ်လေးတွေကို ဖေးမပါ ကူညိပေးပါလို့ ပြောချင်တာပါ ကျနော်ကိုယ်တိုင်လည်းမ၀င်ဖြစ်ဆိုတော့ ပြော၇တာအားနားပါတယ် ဒါပေ့မဲ့သူတို့လေးတွေမတင်တော့ဘဲနဲ့ ရှိန်ပြီးတော့ မ၀င်ဖြစ်တော့မှာကိုစိုး၇ိမ်မိတာပါ

အားလုံးကိုကျေးဇူးတင်ပါတယ်
ခင်မင်လေးစာစွာဖြင့်
ကိုရှင်းသန့်

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com